Blogger Widgets အတိတ်​တ​ဘောင်​များမှန်​​နေပြီလား - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

အတိတ်​တ​ဘောင်​များမှန်​​နေပြီလား













နိမိတ်တဘောင်ဆိုတာ မယုံကြည်လို့မရဘူး။ခုတွေ့လိုက်ရတဲ့ တဘောင်ကို လေ့လာကြည့်ရင် မှန်သင့်သလောက်မှန်နေတာကို တွေ့ရပါတယ်။
၅၆၇ ဝယ် ရေတွေကြီးလို့ 
၈ ဆုံးမြေကြီး လှု ပ်လိမ့်မယ်
၉ ဝယ်မြေခါ သွက်သွက်ရမ်းလို့  အကြမ်းစားကြီး လှု ပ်လိမ့်မယ်
၃ ကို အစဉ်ဆောင်
၅ ကို ထိမ်းလို့ 
ကပ်စိမ်းကြီးကို ကျော်ကြမယ်
ကျော်ကြကွယ် ကျော်ကြကွယ်
မကြာခင် သေချာလာပါမယ်။
အပေါ်ကတဘောင်အရဆိုရင် ” ၅၆၇ ဝယ်ရေတွေကြီးလို့ ” ဆိုတာ ၂၀၁၅/၁၆/၁၇ မှာ ရေတွေကြီးလို့ ဆိုလို တာလို့ ယူဆပါတယ်။ တကယ်လဲ ရေတွေကြီးခဲ့တယ်။
” ၈ ဆုံးမြေကြီးလှုပ်လိမ့်မယ် ”
ဆိုတာက ၂၀၁၈ မှာ ငလျင်တွေ လှုပ်နေတာဖြစ်ပြီး…
” ၉ ဝယ် မြေခါသွက်သွက်ရမ်းလို့ အကြမ်းစားကြီးလှုပ်လိမ့်မယ် ” ဆိုတာကတော့ ၂၀၁၉ မှာ ငလျင်အကြီးစားကြီး လှုပ်မှာလို့ ပြောထားတာပါပဲ။
လူငယ်တွေပြောပြောနေတဲ့ 9 လောက်ရှိတယ်ဆိုတဲ့ စကား နဲ့ ခေတ်ထခဲ့တဲ့ ထမင်းဝအောင်စားထား ဆိုတဲ့စကားတွေက နိမိတ်တွေပါပဲ။
” ၃ ကိုအစဉ်ဆောင် ၅ ကိုထိမ်းလို့ ” ဆိုတာက…
ရတနာသုံးပါးကိုဆောင်ပြီး ၅ ပါးသီလ စောင့်ထိန်းပါလို့ တိုက်တွန်း နှိုးဆော်တာလို့ ကျွန်တော်နားလည်သလို တဘောင်အနက် ပြန်ထားပါတယ်။
ကျွန်တော် တဘောင် အကိုးအကားယူလာတဲ့ ဆရာ ဦးမြင့်ခိုင်ကတော့ အောက်မှာဖော်ပြတဲ့အတိုင်း တဘောင်ကို ပြန်ထားပါတယ်။
( ၂၀၁၅ ၂၀၁၆ ၂၀၁၇ ရေကြီးပြီးပြီ) ၂၀၁၈ ခုနှစ်အတွင်း ငလျှင်အကြီးစားကြီးများလှူ ပ်မည်။
လူငယ်တွေ ပြောပြောနေတဲ့ (9)နိုင်းလောက်ရှိတယ်ဆိုတဲ့စကားဟာ နိမိတ်တွေပါပဲ။
( ရတနာ သုံးပါးကို မမေ့ပါနဲ့ ငါးပါးသီလ ကို အထူးလုံခြုံကြပါ )
********************
ပါပါဂြို ဟ် ဝါဆိုက သိမ်းမယ်လို့  ကိန်းအရ မှာခဲ့တယ်
အတည်မလွဲ မျိုးမညစ် ဆိုးညစ်သူ အကုန်ပျောက်ပါလိမ့်
ကြောက်စရာ့ ပွဲ
———————————-
ဝါဆိုလဟာ သူတော်ကောင်းများ အကျင့်သီလ ပြည့်စုံသူများပြားနေတဲ့အချိန်ဖြစ်တယ်။
အဲဒီအချိန်ကို စော်ကားရင် အကျိုးအပြစ် ပိုကြီးတတ်ပါတယ်။
ခု ဝါ ဆိုကစလို့ အရမ်းကြောက်စရာကောင်းတဲ့အကြောင်းတရားတွေ လာပါလိမ့်မယ်။
ငလျှင်ကြီးတွေ လှု ပ်ဖို့ အတွက်သိပ္ပံကရော ဝိဇ္ဇာတွေကပါ သတိပေးနေတာကြာပါပြီ
ထမင်း ဝအောင် စားထားကြဆိုတာနိမိတ်တွေပါပဲ
——————————-
ဓမ္မမိတ်ဆွေများ အထူးသတိထားကြပါ။
ရတနာသုံးပါးကို မစော်ကားကြပါနဲ့ ။
ပရိတ် ပဋ္ဌာန်းများရတနာသုတ်များမပြတ်ရွတ်ကြပါ။
အမဲသား လုံးဝမစားကြပါနဲ့ ။
ခလေးငယ် များ ရှိတဲ့အိမ်များ အထူးသတိထားကြပါ။
လယ်တီဆရာတော်ဘုရားကြီး လက်ထက် က ကပ်ဆိုက် သလိုမျိုး တကြိမ် ကျိန်းသေ ဖြစ်ပါလိမ့်မယ်။
ကောင်းလွန်းလို့ သတိထားရအောင်တင်တာပါ၊၊
*နှလုံးသားမှာ ဘုရားတည်ကြမည်
Credit:ဦးမြင့်ခိုင်




Welcome{ ​HERE } ​GO

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide