Blogger Widgets ကျိုက်​ထိုမြို့နယ်​တွင်​ယာဉ်​တိမ်း​မှောက်​တစ်​ဦး​သေ - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

ကျိုက်​ထိုမြို့နယ်​တွင်​ယာဉ်​တိမ်း​မှောက်​တစ်​ဦး​သေ





နေပြည်တော်၊  မတ် ၁၂

ကျိုက်ထိုမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် (၁)ဦးသေ၊ (၁၀)ဦးဒဏ်ရာရ
နေပြည်တော်၊  မတ် ၁၂
 ၂၀၁၈ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်အချိန် ကျိုက်ထိုမြို့နယ်၊ တောင်ကလေးသင်္ချိုင်းကုန်းအလွန် ကျိုက်ထို-ကင်မွန်းချောင်းကားလမ်း၊ မိုင်တိုင်အမှတ်(၄/၆)၌ ကင်းမွန်းချောင်းကျေးရွာဘက်မှ ကျိုက်ထိုမြို့ဘက်သို့ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်နေ ကျော်စိုးလွင်(၂၃)နှစ်မောင်းနှင်လာသည့် 6N/×××× Nissan Pickup ယာဉ်သည် အရှိန်မထိန်း နိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ ဘုရားဖူးခရီးသည် သီရိမြိုင်ရပ်ကွက်နေ ဒေါ်ခင်မြင့် (၄၅)နှစ်ပါ(၁၁)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ကျိုက်ထိုမြို့နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မောင်း ကျော်စိုးလွင် အား ကျိုက်ထိုမြို့မရဲစခန်းယာဉ်(ပ)၂၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် စစ်ဆေးလျက်ရှိရာ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် ခေါ်ခင်မြင့် မှာ သေဆုံးသွား၍ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ သို့ ပြောင်းလဲစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။


​Welcome{ ​HERE } ​GO

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide