Blogger Widgets တင်ကျည်းတုတ်နှင့် ပွဲကျောင်းအမည်တွင်လာခြင်း - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

တင်ကျည်းတုတ်နှင့် ပွဲကျောင်းအမည်တွင်လာခြင်း




Welcome{ ​HERE } ​GO

{တင်ကျည်းတုတ်နှင့် ပွဲကျောင်းအမည်တွင်လာခြင်း}

သရေခေတ္တရာ(ပြည်)မြို့သည်
ဂေါတမမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးအနှစ်၆၀တွင်
တကောင်းမင်းဆက်မှကြွင်းကျန်သော
မဟာသမ္ဘာဝမှစ၍တည်ထောင်ပြီး
သုပညာနာဂရဆိန္ဒာမင်းတွင်ဆုံးလေသည်။
သာသနာတော်-၆၂၄   သက္ကရာဇ်-၂၃ ခုတွင်
သုပညာနဂရဆိန္ဒာမင်း၏တူတော် သမုဒ္ဒရာဇ်မင်းသည်
ရွာကြီး ၁၉ ရွာအားဖြင့် အရိမဒ္ဒနာမည်သော
ပေါက္ကံပြည်ကြီးကိုစတင်တည်ထောင်ခဲ့လေသည်။
ပေါကံ္ကအမည်တွင်ရခြင်းမှာ
တိုင်းပြည် နန်းတော်မြို့ရိုးများတည်ဆောက်ရာတွင်
လိုအပ်သောအုတ်သရိုးအဖြစ်ပြုလုပ်ရန်အတွက်
အရပ်လေးမျက်နှာမှမြေစိုင်များပေါက်တူးပြုလုပ်ကြရာမှ
ရေကန်များသဖွယ်ဖြစ်ပေါ်လာခြင်းကိုအကြောင်းပြုပြီး
ကန်များပေါက်၍တည်သောပြည်
ပေါကံ္ကပြည်ဟု အမည်တွင်ခဲ့လေသည်။
ထိုကာလတွင် သမုဒ္ဒရာဇ်မင်း၏ဆရာသည်
ရသေ့သူမြတ် ဝေဒိဿရရှင်ရသေ့(အဇ္ဇဂေါဏ)တွင်၏
ထိုရသေ့သူမြတ် ဝေဒိဿရရှင်ရသေ့၏ ညီရသေ့များမှာ
ညီလတ် နေဣဿရ ညီငယ် မေဒိဿရ တွင်သော
ရှင်ရသေ့များဖြစ်လေသည်။
နောင်တွင် ထိုသူမြတ်ညီနောင်သုံးပါးတို့မှာ
"မထီး"ခေါ် "ရှင်မထီး" သုံးပါးတွင်လေသည်။
ထိုရသေ့သူမြတ်တို့၏ တပြည့်များမှာ
သမုဒ္ဒရာဇ်မင်း - ရေတိမ်ဆရာတော်နှင့်
သရဘကု - ဘေသဇ္ဇနှင့် စောထီးတို့ဖြစ်လေသည်။

အရိမဒ္ဒနမည်သော ပေါက္ကံပြည်တွင်
ပြည်ဖျက်သတ္တဝါကောင်ကြီးများ ဆိုးသွမ်းနေ၍
တောနေတောကျင့် အကျင့်မြတ်ကိုပိုင်ဆိုင်ထားသော
ရသေ့မြတ်၏သွန်သင်ညွှန်ပြမှု
သင်ကြားတတ်မြောက်ပြီးပြည့်စုံသော စောထီးသည်
ပြည်ဖျက်သတ္တဝါများကို အောင်မြင်တော်မူ၍
သမုဒ္ဒရာဇ်မင်းမှ ၎င်း၏သမီးတော်ဖြစ်သော
သီရိစန္ဒာဒေဝီ မင်းသမီးနှင့် ထိမ်းမြားစေပြီး
အိမ်ရှေ့မင်းအရာကို ပေးတော်မူလေသည်။
ပျူစောထီးဟုတွင်ရခြင်းမှာ
ထိုစောထီးအား ပျူလင်မယားမှသားအဖြစ်နှင့်
ကျွေးမွေးစောင့်ရှောက်တော်မူသောကြောင့်
ပျူအမျိုးအနွယ်ကျွေးမိဘများကို ကျေးဇူးပြုသောအားဖြင့်
ပျူကိုအရှေ့မှာထဲ့၍ ပျူစောထီးဟုတွင်လေသည်။

ပေါကံ္ကပြည်၏ ရန်သူဟူသမျှတို့အား
အိမ်ရှေ့မင်း ပျူစောထီးမှဦးဆောင်သော
လူပျိုတော်များသာ အများဆုံးတတ်ကျွမ်းသော
အချွန်နှစ်ဖက်ပါသော တုတ်ရှည်တုတ်ကြီးပညာရှင်
တင်ကျည်းလုလင် (၁၀၈)ယောက်တို့ဖြင့်
နှိမ်နင်းခဲ့လေသည်။
တင်ကျည်းလုလင်တို့ တတ်မြောက်ကျွမ်းကျင်သော
အချွန်နှစ်ဖက်ပါ တုတ်ရှည်တုတ်ကြီးပညာရပ်အား
နောင်တွင် ၎င်းတင်ကျည်းလုလင်တို့ကိုအစွဲပြုပြီး
တင်ကျည်းတုတ်ပညာရပ်ဟုတွင်ခဲ့လေသည်။

သာသနာတော် သက္ကရာစ် (၇၀၂)ခုနှစ်အတွင်း
ရဟန်းများကွဲပြားခြားနားသွားကြရာမှ
တောနေဧကစာရကို (အရညဝါသီ)ဟုတွင်၍
လူနှင့်နီးစပ်နေသည့်ရဟန်းများကို
ဗဟုစာရ(ဂါမဝါသီ)များဟု ခေါ်ဝေါ်သမုတ်ကြသည်မှစပြီး
၎င်းကျောင်းများမှ ဗုဒ္ဓစာဝါများကျမ်းဂန်များနှင့်
ဗေဒင် ဆေးဝါး အဂ္ဂိရပ် လောကီပညာများ
စစ်ရေးစစ်ရာ ကာကွယ်နိုင်ရန်အတွက်
တိုက်ခိုက်ရေးပညာရပ်များကိုပါ သင်ကြားပေးခဲ့ကြရာ
ပွဲလမ်းသဘင်ပမာလူအများစည်းကားသင်ကြားကြ၍
(ဂါမဝါသီ)ရဟန်းများနေသောကျောင်းကိုအစွဲပြုပြီး
(ဂါမဝါသီ ပွဲကျောင်း)ဟု သတ်မှတ်ခဲ့ကြလေသည်။
ထိုသင်ကြားမှုခံယူခဲ့သူ သင်ယူနေသူနှင့်
သင်ယူတတ်မြောက်ပြီးသူ ကျောင်းသားများကို
" ပွဲကျောင်းသား "ဟုခေါ်ဝေါ်ခဲ့ကြလေသည်။

ကျမ်းကိုး ။        ။
မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်
" တိုက်တိုင်းအောင် " သိုင်းအဖွဲ့
မြန်မာ့သိုင်းပင်မဦးစီးဆရာကြီး
သီဟစင်္ကြာဦးစိုးမြင့်(မူလဂါမဝါသီပုပ္ပါး ပွဲကျောင်း)
မြန်မာ့သိုင်း ဗန်တို ဗန်ရှည် လက်ဝှေ့
ခုခံတန်ပြန်တိုက်ခိုက်နည်းပညာရပ်။

~ ပြန်လည်စုစည်းရေးသားဖေါ်ပြပါသည်

             ခရက်​ဒစ်​​ပေးပါတယ်​ -   ဟတ္ထိစင်္ကြာလင်းအောင်(ပွဲကျောင်း)

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide