Blogger Widgets စက္ကူပုံးစက်ရုံ မီးလောင်ကျွမ်းမှု ငါးနာရီခန့်ကြာမီးငြှိမ်းသတ်ခဲ့ရ - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

စက္ကူပုံးစက်ရုံ မီးလောင်ကျွမ်းမှု ငါးနာရီခန့်ကြာမီးငြှိမ်းသတ်ခဲ့ရ

စက္ကူပုံးစက်ရုံ မီးလောင်ကျွမ်းမှု ငါးနာရီခန့်ကြာမီးငြှိမ်းသတ်ခဲ့ရ
=======================
=======================

ငါးနာရီခန့်မီးငြှိမ်းသတ်ခဲ့ရသည့် စက္ကူပုံးစက်ရုံမီးလောင်ကျွမ်းမှု လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်တွင် ဖြစ်ပွားခဲ့သည်။
ဖေဖော်ဝါရီ ၄ ရက်ညနေ ၄ နာရီကျော်ကမီးလောင်မှုဖြစ် ပွားခြင်းဖြစ်ပြီး ညနေ ၆ နာရီခန့် တွင် မီးထိန်းနိုင်ခဲ့သော်လည်း ည ၉ နာရီကျော်မှသာအပြီးသတ်မီး ငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ် ဦးစီးဌာနကထုတ်ပြန်သည်။
အဆိုပါမီးလောင်မှုသို့ ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့က Level 3 အဆင့်သတ်မှတ်ခဲ့ပြီး မီးလောင်မှုအကြောင်းရင်းကို စုံ စမ်းနေဆဲဖြစ်ကြောင်း ရန်ကုန် တိုင်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးကပြောသည်။
မီးလောင်မှုကြောင့် စက်ရုံရှိပစ္စည်းများအပါအဝင် ယင်းစက်ရုံ ဝင်းအတွင်းရှိ ကားကိုးစီးခန့်မီးလောင်ခဲ့ကြောင်း ယင်းနေရာသို့ ရောက်ရှိခဲ့သူတစ်ဦးက ပြော သည်။ထို့အပြင် မီးသတ်ဦးစီးဌာန ကထုတ်ပြန်သောပုံများအရ မီး လောင်မှုကြောင့် အပျက်အစီးများ ခဲ့ပြီး ယမန်နေ့ည ၁၀ နာရီအထိ ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်ဆဲ ဖြစ်၍ ထုတ်ပြန်နိုင်ခြင်းမရှိပေ။
"အရန်တပ်​ဖွဲ့ဝင် တစ်​​ယောက်​ ​မေး​လေးနည်းနည်းလေး ကွဲသွားတယ်၊ မီးခိုးမွှန်တဲ့သူတွေ က​တော့ Ambulanceတွေပေါ်မှာ ပဲ ​အောက်​ဆီဂျင်​ပေးလိုက်ပါ တယ်​။ ​လော​လောဆယ်တော့ မီးကြွင်းမီးကျန်​တွေ ဆက်ပြီးငြှိမ်း သတ်​​နေပါတယ်​’’ ဟု ယင်း​နေရာ သို့​ရောက်ရှိနေသည့်​ Erssdo အ​ ရေး​ပေါ်ကယ်ဆယ်ရေးနှင့်လူမှုအ​ထောက်အကူပြု ဖွံ့ဖြိုးရေးအ သင်းဥက္ကဋ္ဌကိုဇွဲရန်​နိုင်​က 7Day Daily သတင်းစာအား ဖေ​ဖော်ဝါရီ၎ ရက်​ ည ၉ နာရီခွဲတွင်​​ ပြောသည်​။
==============
7Day News Journal
http://7daydaily.com/story/119586
#​ဖေ​အောင်
Hlaing Min Zaw ၏ ဓာတ်ပုံ

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide