Blogger Widgets ရာထူး အာဏာနှင့် လုပ်ပိုင်ခွင့်ကိုအသုံးပြုပြီး အဂတိ လိုက်စားမှု ကျူးလွန်ခဲ့သူအား အရေးယူ - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

ရာထူး အာဏာနှင့် လုပ်ပိုင်ခွင့်ကိုအသုံးပြုပြီး အဂတိ လိုက်စားမှု ကျူးလွန်ခဲ့သူအား အရေးယူ

ရာထူး အာဏာနှင့် လုပ်ပိုင်ခွင့်ကိုအသုံးပြုပြီး အဂတိ လိုက်စားမှု ကျူးလွန်ခဲ့သူအား အရေးယူ

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
နေပြည်တော် ဖေဖော်ဝါရီ ၎
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်း ဆောင်စဉ်ကာလအတွင်း ဦးသိန်း ဇော်ဦးသည် ဓာတ်သတ္တုခွန်များ ကောက်ခံ၍ အစိုးရအဖွဲ့သို့ ငွေကြေး အပြည့်အဝ မပေးသွင်းဘဲ ကိုယ်ကျိုး အတွက်သုံးစွဲခြင်း၊ လင်းလက်ဓနကြွယ် ဆောက်လုပ်ရေးကုမ္ပဏီ၏ မီးသတ် ရေကန်အလှူငွေအား ကိုယ်ကျိုးအတွက် သုံးစွဲခြင်း၊ မြို့မြေကွက် ၂ဝ အား ရောင်းချ ပြီး ငွေကြေးရယူခဲ့ခြင်းတို့အား အရေးယူ ပေးပါရန် အဂတိ လိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။
တိုင်ကြားစာအရ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး (ယခု ကရင်ပြည်နယ် ဖာပွန်ခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး)သည် ဓာတ်သတ္တုခွန် ငွေကျပ် ၃၃၃၄၈၅ဝဝ ကို ကိုယ်ကျိုး အတွက် တောင်းခံရယူခြင်းနှင့် ¤င်း၏သဘောဆန္ဒ အလျောက် စန္ဒကူး ရပ်ကွက်ရှိ မြေကွက် ၂ဝ ကွက်ကို ဦးကျော်ဆန်းဝင်း(ခ) အောင်ဘုပါ ၁ဝ ဦးအား ချထားပေးခဲ့ခြင်း တို့သည် ခရိုင်အုပ်ချုပ်ရေးမှူး၏ ရာထူး အာဏာနှင့် လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်း ဖြစ် ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ¤င်းအပေါ် ၂ဝ၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ တရားစွဲဆိုနိုင်ရန်အတွက် ယနေ့တွင် တမူးမြို့နယ်ရဲစခန်း၌ အမှုဖွင့်လှစ် တိုင်ကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားစွဲဆိုနိုင်ရေး အတွက် ဆောင်ရွက်လျက် ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။
သတင်းစဉ်
#MOI

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide