Blogger Widgets MMA ကစားသမား အောင်လအန်ဆန် အောက်တိုဘာတွင် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲ ထိုးသတ်မည် - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

MMA ကစားသမား အောင်လအန်ဆန် အောက်တိုဘာတွင် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲ ထိုးသတ်မည်





ONE Championship မှ ကြီးမှူးကျင်းပလျက်ရှိသည့် MMA ပြိုင်ပွဲ၏ ၀ိတ်တန်းနှစ်ခုချန်ပီယံ မြန်မာနိုင်ငံသား အောင်လအန်ဆန်သည် အောက်တိုဘာတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ပြီး အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲအဖြစ် လက်ဘနွန်နိုင်ငံသား မိုဟာမက်ကာရာကီနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၇ ခုနှစ် ဇွန်လတွင် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို အနိုင်ယူပြီး ရရှိခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို ရယူပြီးနောက်ပိုင်း ယခုနှစ် ဖေဖော်ဝါရီတွင် လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဆုကို ထပ်မံရယူနိုင်ခဲ့ပြီး ONE ၏ ၀ိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံဆုရ ဒုတိယမြောက် ကစားသမားဖြစ်လာခဲ့သည်။ 

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲကို ဇွန်လကုန်က ထိုးသတ်ခဲ့ပြီး ဂျပန်နိုင်ငံသား ဟဆဲဂါဝါကို အကြိတ်အနယ်ထိုးသတ်ပြီး နောက်ဆုံးအချီကျမှ အနိုင်ရခဲ့သည်။ အောင်လအန်ဆန်သည် လေးလအကြာတွင် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ ထပ်မံထိုးသတ်ရခြင်းဖြစ်သည်။ အောင်လအန်ဆန်နှင့် ထိုးသတ်မည့် ကာရာကီသည် ၂၀၁၂ ခုနှစ်တွင်MMA ပြိုင်ပွဲများ စတင်ထိုးသတ်ခဲ့ပြီး ကိုးပွဲထိုးသတ်ရာတွင် ကိုးပွဲစလုံး အနိုင်ရထားသူဖြစ်သည်။ ထို့ကြောင့် အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲမှာ အကြိတ်အနယ်ထိုးသတ် ရဖွယ်ရှိနေသည်။

အောင်လအန်ဆန်သည် ယခုနှစ်အတွင်း သုံးပွဲမြောက် ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်ပွဲစလုံး အနိုင်ရထားကာ ယခုပွဲကိုလည်း ရန်ကုန်မြို့၌ ထိုးသတ်ရမည်ဖြစ်သောကြောင့် မြန်မာပရိသတ်များ၏ တစ်ခဲနက်အားပေးမှုရဖွယ်ရှိနေသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်
Credit 
Welcome{ ​HERE } ​GO




Welcome{ ​HERE } ​GO

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide