Saturday, September 15, 2018

HTML basic (Html ကို စ လေ့လာ သူများ အတွက်​)






ပထမပိုင်း
ဒါလေးကတော့ မသိသေးတဲ့သူ တွေ
အတွက် ရည်ရွယ် ပြီးတော့ တင်းပေးထား တာပါ။ အရမ်းတော် လို့တတ် လို့မဟုတ်ပါဘူး ကိုယ့်တတ်
သိထားတဲ့ ပညာကို တခြားသူကို ပြန်လည် ဝေမျှတဲ့ သဘောပါ။ အားလုံးကို တတ်စေ ချင်ပါတယ်။
Tag ဆိုတာဘာလဲ
Tag ဆိုတာကတော့ ရိုးရိုး Text တွေနဲ့ HTML code တွေကို ခွဲခြားလို့ရအောင်လုပ်ထားတာပါ။
ဘယ်လိုမျိုးလဲဆိုရင်တော့ <b>This is bold </b> ဆိုရင် web browser နဲ့ ကြည့်ရင် စာလုံးဟာ bold
ဖြစ်နေပါလိမ့်မယ်။ အဲဒီမှာ <b> နဲ့ </b> တို့ဟာ tag တွေပါ။ အများအားဖြင့် tag တွေဟာ အဖွင့် နဲ့ အပိတ်ပါ
ပါတယ်။ အပိတ်ဆိုရင် / လေးခံထားပေးရပါတယ်။
HTML အတွက် Editor
HTML အတွက် Editor တွေ IDE တွေအများကြီးရှိပါတယ်။ ကျွန်တော်ကတော့ Dreamweaver အကြိုက်ဆုံးပါပဲ။
သူက HTML မတတ်ရင်တောင် Website တစ်ခုဆွဲလို့ရပါတယ်။ ဒါပေမယ့် Dreamweaver ကိုသုံးရင်တော့ HTML
code တွေသိလာမှာ မဟုတ်သလို တခြား website တွေကို ပြင်ရတာလည်းခက်ပါလိမ့်မယ်။ ကျွန်တော်တို့တွေ
သူများတွေပေးထားတဲ့ website template ကိုပြင်ချင်တယ်။ ကိုယ်ပိုင်သေသေချာချာ HTML code
တွေကိုသိချင်တယ်။ ဒါဆိုရင်တော့ လေ့လာကာစမှာ Notepad သုံးပြီးလေ့လာပါ။ လေ့ကျင့်ပါ။ HTML က web siteဆွဲရတဲ့ အထမှဲာ အလွယ်ဆုံးနဲ့ အခြေခံအကျဆုံးပဲ။ သူ့ကိုသေသေချာချာနားလည်ထားမှ တခြား web
programming တွေဖြစ်တဲ့ PHP, ASP.NET , JSP , Ruy On Rail တို့မှာ အထောက်အကူဖြစ်မှာပါ။HTML ကိုလေ့လာမယ်
1.Starting To Creat and Edit Webpage
Notepad ဖြင့်စတင်ခြင်း
၁. Windows Key + R ကို နှိပ်လိုက်ပါ။ Run Dailog Box တက်လာပါမည်။ ထို့နောက် notepad လို့ရိုက်လိုက်ပါ။
ပြီးလျှင် OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင် notepad တက်လာပါလိမ့်မယ်။
၂. Notepad ထဲတွင် Format အောက်က word warp ကို check လုပ်ထားပါ ။ ဘာဖြစ်လို့လည်းဆိုရင်တော့ Word
Warp က Notepad မှာစာရိုက်တာ ပြည့်သွားရင် အောက်တစ်ကြောင်း ဆင်းသွားရန်အတွက် ဖြစ်သည်။
HTML စတင်ရေးသားခြင်း
၁. Notepad ထဲတွင် အခုလိုရေးသားလိုက်ပါ။
<html>
<head>
<title>This is title</title>
</head>
<body>
This is body
</body>
</html>
HTML နဲ့ စပြီး HTML နဲ့ပြန်ပိတ်ရပါတယ်။ အဲဒီကြားမှာ html code
တွေရေးရပါတယ်။ Head Tag နဲ့ Head Tag အပိတ်ကြားတွင် Title
ထည့်ထားသည်ကို တွေ့ရမည်။ Title သည် Browser ၏ ထိပ် bar တွင်
တွေ့မြင်ရန်ဖြစ်သည်။ Body အဖွင့် နဲ့ အပိတ်ကြားမှာ မိမိ၏ နှစ်သက်ရာ
စာများရေးသားနိုင်သည် ။
၂. အဲဒါကို ကိုကြိုက် တဲ့နေရာ မှာ save သွင်းလိုက်ပါ။ Save Dialog box
တက်လာရင် filetype ကို All file လို့ပေးလိုက်ပါ။ file name ကို yourname.html လို့ပေးလိုက်ပါ။ yourname သည်
မိမိ၏ နှစ်သက်ရာ နာမည်ပေးနိုင်သည်။ .html သည် file extension ဖြစ်သည်။ HTML ရေးထားသော page များကို
.html နှင့် .htm လို့ပေးမှသာ browser တွင် ပေါ်ပါလိမ့်မည်။
၃. Save သွင်းလိုက်သော file လမ်းကြောင်းကို သွားလိုက်ပါ ။ first.html file
လေးကို double click လုပ်ပြီး ဖွင့်လိုက်ပါ ။
ဒါဆို page လေးတစ်ခုတက်လာတာကို မြင်ရပါမယ်။

ထိပ်ပိုင်းတွင် File ပတ်လမ်းကြောင်းကို address bar
တွင်တွေ့ရမည်ဖြစ်သည်။ title tag ထဲတွင် ရေးထားသော This is tile
ဆိုသော စာကို Windos ၏ Title bar နှင့် Tab Title bar တို့တွင်
တွေ့ရမည်။ Body tag ထဲတွင် ရေးထားသော This is body ဆိုသော
စာသားကို စာမျက်နှာအဖြူပေါ်တွင် ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။
ပြင်မယ်ဆိုရင်တော့
IE7 မှာဆိုရင်
Page > View Source ကိုနှိပ်လိုက်ပါက Notepad နဲ့ ကိုယ်ရေးထားတဲ့ HTML ပွင့်လာပါမယ်။
IE 6 မှာဆိုရင်
View > Source ကို နှိပ်လိုက်ပါက Notepad နဲ့ ကိုယ်ရေးထားတဲ့ HTML ပွင့်လာပါမယ်။
အဲဒီမှာ ရေးထားတဲ့ codeတွေကို ဖတ်နိုင်သလို ကိုယ့်စက်ထဲမှာရေးထားတဲ့ page ဆိုရင်တော့ ပြင်ပြီး တစ်ခါတည်း
save လုပ်နိုင်ပါတယ်။ Internet ပေါ်က Web site တွေကိုတော့ view > source ကနေဖွင့်ပြင်ပြီး save
လုပ်လို့မရပါဘူး။
Header Tag

notepad ထဲမှာ ဒီလိုရိုက်လိုက်ပါ
<html>
<head>
<title>Example Of Header</title>
</head>
<body>
<h1>This is Header</h1>
This is normal text
</body>
</html>
အဲဒီ code လေးကို notepad ထဲမှာထည့်ရေး.. ပြီးတော့ run ကြည့်လိုက်ပါ။ Head Tag က
h1 ကနေ h6 အထိ ရှိပါတယ်။ နံပါတ်ကြီးလေလေ သေးသွားလေလေပဲ။ h6 ဆိုအသေးဆုံးကို ရောက်သွားပြီ။ ကဲ
လက်တွေ့ စမ်းကြည့်ရအောင်။ notepad ထဲမှာ အောက်ကလို ရိုက်ပြီး save လုပ်လိုက်။ ပြီးရင် ဖွင့်ကြည့်လိုက်ရင်
တွေ့ရပါလိမ့်မယ်။
<html>
<head>
<title>Example</title>
</head>
<body>

<h1>H1</h1>
<h2>H2</h2>
<h3>H3</h3>
<h4>H4</h4>
<h5>H5</h5>
<h6>H6</h6>
</body>
</html>
အခုဆို html အကြောင်းနည်းနည်း နားလည်လာလောက်ပါပြီ။ တကယ်တန်းတော့ မခက်ပါဘူး။ ဒါကအစပဲ
ရှိပါသေးတယ်။ ဒီလောက်လေးနဲ့ ပင် စာတွေပဲပါတဲ့ page တစ်ခုရေးလို့ရနေပြီ။
ဘယ် code ပဲရေးရေး <html><head><title></title></head><body></body></html>
သူတို့တွေကို ထည့်ပေးပါ နောက် ပိုင်းတွင် ကျွန်တော် အရှေ့မှာ ရှင်းပြပြီး ပြီ မို သူတို့တွေကို ထပ်မ
ထည့်တော့ ပါဘူး။
Alignment(စာအနေ အထားချိန် ခြင်း)
Alignment မှာ Left, Right, Center, Justify ဆိုပြီးတော့ ရှိပါတယ်။ 
(ဥပမာ) notepad ထဲမှာ <h1 align=”center”>Example</h1>  လို့ရိုက်ပြီး save လုပ်လိုက်ပါ။
ပြီးရင် save file ကို run လိုက်ပါ။ စာလုံးက အရှေ့မှာ ကျွန်တော် တို့ ရိုက်ထား သလို စာလုံးက ကြီး 
ပေမယ့် အလယ်ကို ရောက်သွား တာကိုတွေ့ ရမှာပါ။ အနီ ရောင်နဲ့ ရေးထားတဲ့နေရာမှာ ကိုယ့် ကြိုက်
သလိုပြောင်းလဲ ရေးသားနိုင်ပါတယ်။ သတိ - h1 နဲ့ align ကြားမှာ space တစ်ချက် ခြားရပါ့မယ်။
Paragraph (စာပိုဒ် ရေးသားခြင်း)
Website တွေမှာ စာပိုဒ်တွေ ပါတဲ့ webpage တွေကို တွေ့ဖူးပါလိမ့်မယ် စာပိုဒ်တွေ ကညီ ပြီးတော့ 
ကြည့်လို့ ကောင်းပါတယ်။ အဲ့ဒီလိုလေး ရေးချင်တယ် ဆိုရင်တော့.........
<p align=”justify”>ဒီနေရာမှာ စာပိုဒ်ရေးပါ</p>  ဒီလိုလေး ရေးပြီးတော့ save လုပ်လိုက်ပါ။
<p align=”justify”></p> နဲ့ ရေးမယ်ဆို ရင်တော့ သူက စာပိုဒ်တစ်ပိုဒ် ချင်းကို ပဲညီ အောင် လုပ်
ပေးပြီး နောက် စာပိုဒ်တွေ ကိုဆက်ရေးလို့မရပါဘူး။ နောက်စာပိုဒ်ရေးမယ် ဆိုရင် တော့အစက
<p align=”justify”> နဲ့စ ပြီးတော့ ပြန်ရေးရပါ့မယ် ပြီးရင် </p> နဲ့ ပြန်ပိတ် ပါ.....
နောက်တစ်မျိုးကတော့.....
<div align=”justify”>ဒီနေရာမှာ စာပိုဒ်ရေးပါ</div> ပြီးရင် save လိုက်ပါ။
<div align=”justify”></div> နဲ့ ရေးမယ်ဆို ရင်တော့ သူက စာပိုဒ်တွေအားလုံးကို ညီအောင်လုပ်
ပေးပါတယ်။ တစ်ပိုဒ်ပြီး ရင်တစ်ပိုဒ်ကို <br> ခွဲပြီးတော့ ရေးရပါ့မယ်။ <br> ဆိုတာကတော့ 
စာကြောင်းတစ်ကြောင်း (သို့) စာတစ်ပိုဒ်နဲ့တစ်ပိုဒ် ကို ခွဲခြားပြီးရေးတာပါ။ စာတကြောင်းရေးပြီး 
<br> ထည့်နောက်တစ် ကြောင်းရေးကြည့်လိုက်ပါ အောက်ကိုဆင်းသွားတာကိုတွေ့ ရပါလိမ့်...ဒီ
လိုပါပဲ <div align=”justify”>............<br>
          ...........................................<br>
          ပြီးရင်တော့ </div> ပြန်ပိတ် ပါ။
ဒီလောက်ဆို ရင်တော့ html  အခြေခံနဲ့ ပတ်သက်ပြီး တော်တော်လေး သိလောက်ပြီထင်ပါတယ် ။
စိတ်ဝင်းစားသူများကတော့ ဖတ်ပြီးရင် စမ်းကြည့်ပါလို့ မှာစေချင်ပါတယ်။ စမ်းသပ်တာကတော့ 
ကောင်းတဲ့အလုပ်ပါ။ code တွေကို ရေးရတာပျော် လာပါလိမ့်မယ်။ ကိုယ်ဖန်းတီးထားတဲ့ webpage လေးကိုကြည့် ပြီးတော့ ကြည်နူးလာပါလိမ့်မယ်။ ပျော်စရာကောင်းပါတယ်..........

ဒုတိယပိုင်းနဲ့တတိယပိုင်းဖက်ရှုဖို့အကောင့်လေးကိုfollowလေးဒါမှမဟုက်addထားပေးပါ
like & share please !HTML basic (ဒုတိယ ပိုင်း)

ပထမပိုင်းကိုသေချာနားလည်ပြီဆိုမှဒုတိယပိုင်းဖက်ပါမဟုက်ရင်လည်နေပါလိမ့်မယ်
ပြော နေကြာတယ် ဒုတိယ ပိုင်းကို ခပ် သွက်သွက်
လေးသွားလိုက်တော့မယ်........
Horizontal lin <hr> မျဉ်းတားခြင်း.........
ဒါလေးကတော့ မိမိ webpage မှာ လိုင်းလေ တွေတားချင်တယ် ဆိုရင်တော့...............
<hr color=red> ဒါကတော့ color အတွက်ပါ.......
<hr size=5> ဒါကတော့ လိုင်းရဲ့ ဆိုဒ်ပါ......... ဒီ အထဲ မှာ အကျယ်ကိုလဲ ထည့်လို့ရပါသေးတယ်.
<hr color=red size=5 width=50%> ဒါကတော့ အကျယ် ကိုထည့်လိုက်တာပါ .....
ဒါလေးတွေကို notepad ထဲ ထည့်ပြီးတော့ run ကြည့်လိုက်ပါ ကွဲ ပြားသွားတာကိုတွေ့ ရပါလိမ့်မယ်..
Attribute <4> .............
ဒါကတော့ code တွေ ထဲမှာ ထည့်ပြီး သုံးလို့ ရတာလေးတွေပါ.......
(1) size
(2) color
(3) width
(4) Align
color ရဲ့ နောက် မှာ(၂) မျိုးလိုက်ပါတယ်...
(1) color ကို rgb(...,...,..) ဒီလိုလဲ ရေးလို့ ရသလို..
(2) color cote (စိတ်ကြိုက်) # နဲ့ရေး လဲ ရတယ်...
# နောက်မှာ Character 6 လုံးထိ လိုက်လို့ရတယ်...
(ဥပမာ) color=#FUSVLA
           color=#298410
A to Z (ဒါမှမဟုတ်) 1 to 9 အထိလဲ ရှိပါတယ် ကြိုက်တဲ့ code နဲ့ ရေးလို့ပါတယ်။
Background color ( နောက်ခံအရောင်ထည့်ခြင်း)<bg color>
<html>
<body bgcolor=blue></body>
</html>
color code ကိုတော့ ကျွန်တော် အပေါ် မှာ ဖော်ပြထားတဲ့ အတိုင်း ရေးလိုက်ပါ။ color တွေကို
အရောင်နာမည် နဲ့ လည်းထည့်လို့ ရပါတယ်။
Character Emphasis (စာအနေအထားပြင်ခြင်း)
<b>Bold</b>  စာလုံးကို ထူအောင်လုပ်တဲ့ code ပါ။
<i>Itilic</i>  စာလုံး အစောင်းလေးတွေ လုပ်တဲ့ code ပါ။
<u>Under</u> underline လေးတားတာပါ။
<strong>Strong</strong> ဒီကောင်က bold နဲ့ တူပါတယ်။
<cite>Cite</cite> ဒီကောင်လဲ itilic နဲ့တူပါတယ်။
<em>Exphasis</em> သူလဲ အစောင်း code လေးပါ။
<strike>Strikethrough</strike> စာလုံးတွေကို ဖျက်ချင်တဲ့ အခါ သုံးပါတယ်။
<big>Bigger</big> ပုံမှန်ထက် ပိုကြီးပါတယ်။
<small>Smaller</small> ပုံမှန်ထက် ပိုသေးပါတယ်။
<tt>Type writen text</tt> သူကတော့ font မပါပဲ text သီးသန်းရေးတာပါ။
<scrp>Superscript</scrp> သူကတော့ စာလုံးတွေကို ပေါ်တင်တာပါ။(ဥပမာ-2nd)ဒီလိုပါ။
<sub>Subscript</sub> သူက စာလုံးကိုအောက် ကို ချတဲ့ကောင်ပါ။(ဥပမာ-H2o)အဲ့လိုပါ...
List (Number and Bullets) တပ်ခြင်း
list မှာ order list နဲ့ unorder list ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။
Order list ကတော့ နံပါတ်တွေကို တပ်တဲ့ list ပါ...
ကျွန်တော် တို့ တစ်ခုလောက် ရေးကြည့် ရအောင်ဗျာ.........
1.Chapter One
2.Chapter Two  ကိုရေးကြည့်ရအောင်............
<ol type=1>
          <li>Chapter One</li>
          <li>Chapter Two</li>
</ol>
ဒါဆိုရပါ ပြီ.............(1) နေရာမှာ မိမိ စိတ်ကြိုက် နံပါတ် ပြောင်းလို့ရပါတယ်..A တို့ I,II,III တို့လို
ပြောင်းလို့ ရပါတယ်..
unorder list ကတော့ သင်္ကေတ တပ်ခြင်းပါ.....<ul>..</ul>

သူ့ မှာတော့ (၃) မျိုးရှိပါတယ်......
dist ရယ် circle ရယ် square ဆိုပြီးတော့ (၃)မျိုးရှိပါတယ်............
. One
. Two
. Three ကိုရေး ကြည့်ရအောင်........
<ul type=dist>
<li>One</li>
<li>Two</li>
<li>Three</li>
</ul>
ဆိုရင်တော့ ရပါပြီ.........
ဒါဆိုရင်တော့ စာလေးတွေကို list လေးတွေ တပ်ပြီးတော့ ရေးလို့ ရပြီပေါ့.. အားလုံး အဆင်ပြေမယ်
လို့ မျှော်လင့်ပါတယ်..

တတိယပိုင်းမကြာမီလာမည်ပေါ့
like & share
Html basic (တတိယ ပိုင်း)
အခုတော့ ဖတ်လိုက်ပါဦး....ပြီးရင်စမ်းကြည့်ပေါ့ဗျာ့...
Virus အန္တရယ်တော့ သတိထားပေါ့...ကျွန်တော်လဲ အဲ့ဒါ နဲ့ ခံစားခဲ့ ရတာလေ.....ဖတ်ကြည့်လိုက်ပါဦး...
Image (ပုံတင် ခြင်း)....
Webpage တွေမှာ ပုံလေးတွေတင်ထား တာကိုတွေ့ ဖူးကြပါလိမ့်မယ်....website တစ်ခုမှာ ပုံကလဲ အရေးပါပါ
တယ်...နို့မို့ဆို  plane ကြီးဖြစ်နေမှာပေါ့...ဒီတော့ ကိုယ်နှစ်သက်တဲ့ ပုံလေးတွေကို ထည့်ရအောင် ဒီ code
လေးတွေကို သုံးပေါ့ဗျာ..
<img src=“ ဒီနေရာမှာ URL ထည့် ရမယ် ”> src ကတော့ ပုံ ရဲ့ source ပေါ့ဗျာ..
ပုံတွေကို အလယ်ပို့ချင်ရင် <center><img src=“ ဒီနေရာမှာ URL”></center>
ပုံတွေကို ခြားချင်ရင် hspace=“ ကိုယ်ကြိုက်သလောက်ထည့် ” ဒါကတော့ အလျားလိုက်ပေါ့...
                         Vspace=“ ကိုယ်ကြုက်သလောက်ထည့် ” ဒါကတော့ ဒေါင်လိုက်ပေါ့....
သူတို့ ကို URL ရဲ့နောက်မှာ ထည့်ပေးရပါ့မယ်...
(ဥပမာ...<img src=“ ဒီနေရာမှာ URL” hspace=“ ကိုယ်ကြိုက်သလောက်ထည့် ” >) ဒီလိုရေးရပါ့မယ်...
ပုံကို ဘောင်ခပ် ချင်ရင်..<img src= “ ဒီနေရာမှာ URL ထည့် ရမယ် ” border=“1”>
Border ကို 0,1,2 ဆိုပြီးတော့ .. ထည့်နိုင်ပါတယ်...
မှတ်ချက်... ပုံတင်တဲ့ file type တွေကတော့..gif, jpg, jepg, png တို့ကိုသာ တင်လို့ရပါတယ်......
Table....
Webpage တစ်ခု အတွက် table ကလဲ မရှိမဖြစ်ပါပဲ ..စာတွေကို table ထဲထည့်မှာ သေသေ သပ်သပ်
ရှိမှာ ဖြစ်ပါတယ်...
Table ဆွဲ ရာတွင် သိထားရမှာတွေကတော့....
1.Table - ဆွဲရင် row အလိုက်ရေးရမယ်...
2.Table - အကွက်တွေကို cell တွေလို့ ခေါ်တယ်....
3.tr = table row
4.td = table data
5.Cell ကွက်တွေကို အကွာအဝေးထားလိုက cell spacing
6.Cell ကွက်တွေကို ချဲ့ရင် cellpadding
7.Row တစ်ခုလုံးကို အရောင် ထည့်ရင် <tr> မှာထည့်
8.Cell တစ်ကွက် ခြင်းကို color ထည့်ရင် <td> မှာထည့်ရ
9.ခေါင်းစဉ် တပ်ရင် <caption>
Table တစ်ခုလောက် ကျွန်တော် နဲ့ အတူတူ ဆွဲ ကြည့်ရအောင်....
<html>
<head><title>Table</title>
</head>
<body>
<table align=”center” border=”1” cellspacing=”0” bordercolor=”blue” cellpadding=”3”
 Width=”20” height=”30”>
<tr align=”center” bgcolor=”blue”>
<td bgcolor=red> ဒီကြားထဲ မှာ အကြောင်းအရာရေးပါ</td>
</tr></table>
</body></html>
ပြီးရင် save လိုက်ပေါ့ဗျာ .... ဒါဆို table တစ်ခု ဆွဲပြီးသွားပြီပေါ့...
Width ကတော့ column နဲ့ ဆိုင်တယ်...
Height ကတော့ row နဲ့ ဆိုင်တယ်...
ဇယား ကွက်ထဲရှိ စာကိုထိပ်ကို ကပ်ရင်...
Valign=top,middle,bottom ဆိုပြီးထည့်လို့ ရပါတယ်...
Table ဇယားကို အလွတ် လိုချင်ရင် <td>&nbsp;</td> ဆိုပြီးရေးပါ...
Frame..
internal frame <iframe>...</iframe>
ဒါကတော့ Link ဘေးမှာ သူနဲ့ဆိုင်တဲ့ page ကို ပေါ်စေချင်ရင်ရေးတာပါ....
<iframe name=a>
<iframe src=”URL” name=a>
</iframe>
Attribute ....width,height တို့ထည့်လို့ရပါတယ်...
ကျွန်တော် နဲ့အတူတူ iframe တစ်ခုလောက် ရေးကြည့်ရအောင်...
<html>
<head><title>Iframe</title></head>
<body>
<a href=”URL” target=right>ဒီနေရာမှာတော့ ကိုယ်ကြိုက်တဲ့နာမည်ရေးပေါ့</a>
<iframe name=right></iframe>
</body></html>
ဒါဆို ရပါပြီ.....
Frame.<body text မသုံးရ>
Frame ဆိုတာကတော့ page ကို ပိုင်းပြီးတော့ ရေးတာပါ....
ဥပမာ- စာမျက်နှာက 100% ရှိပါတယ် အဲ့ဒါကို frame နဲ့ နှစ်ပိုင်းပိုင်းချင်တယ် ဆိုရင် 50%,50% ဖြစ်သွား
ပါလိမ့်မယ်......အဲ့ လိုလေးဖြစ်အောင်ရေးကြည့်ရအောင်....
<html>
<head><title>Frame</title></head>
<frameset rows=”50%,50%”>
<frame src=”URL” name=a>
<frame src=”URL” name=b>
</frameset>
</html>
ဒါဆို webpage မှာ 50% စီ ပိုင်းသွားပါလိမ့်မယ်......rows ကတော့ အလျားလိုက် ပိုင်းချင်လို့သုံးတာဖြစ်ပါ
တယ်...
အသုံးအများဆုံး frame ပုံစံလေးပါ....
<frameset rows=”20%,*”>
<frame src=”URL” name=a>
<frameset cols=”20%,*”>
<frame src=”URL” name=b>
<frame src=”URL” name=c>
</frameset></frameset>
</html>
ပြီးရင် save ပြီးတော့ run ကြည့်လိုက်ဗျာ... အဲ့ ပုံစံလေးကတော့ တော်တော် အသုံးဝင်တယ်...

နောက်ဆုံးအပိုင်းကိုမကြာမှီတင်ပေးပါမည်
စောင့်မျှော်အားပေးပါဦး။


Welcome{ ​HERE } ​GO




Welcome{ ​HERE } ​GO
လာရောက်အားပေးသူအပေါင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါသည်

No comments:

Post a Comment