Blogger Widgets ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးကို ရဲချုပ်အဖြစ် ယနေ့တွင် အတည်ပြုခန့်အပ် - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးကို ရဲချုပ်အဖြစ် ယနေ့တွင် အတည်ပြုခန့်အပ်





Tuesday, September 11 , 2018

နိုင်ငံတော်သမ္မတ သည် ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးကို ရဲချုပ်အဖြစ် အတည်ပြု ခန့်အပ်ကြောင်းယနေ့တွင် ကြေညာသည်။

ကြေညာစာထဲတွင် အစမ်းခန့်ကာလ ၁နှစ်ပြည့်မြောက်သည့်နေ့မှ စ၍ အတည်ပြု ခန့်အပ်သည်ဟု ထည့်သွင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၇ စက်တင်ဘာလက နိုင်ငံတွင် လစ်လပ်နေသည့် ရဲချုပ်နေရာ ၌ ထိုစဉ်က ယာယီ ရဲချုပ် ဖြစ်သော ဒုတိယရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦးကို ရဲချုပ် အဖြစ် နိုင်ငံတော်သမ္မတ က အစမ်းခန့်အပ်ခဲ့သည်။

ယခုမှ သမ္မတက အတည်ပြုခန့်အပ်လိုက်ခြင်းဖြစ်သည်။

ရဲချုပ်အဖြစ် ယနေ့မှစကာအတည်ပြုခန့်အပ်တာဝန်ပေးခြင်း ခံလိုက်ရသော ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးသည် ၂၀၁၇ မေလ ၁ရက်နေ့မှစတင်ကာ ၂၀၁၇ စက်တင်ဘာလအထိ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၏ တာဝန်ပေးချက်အရ ယာယီရဲချုပ်အဖြစ် ရဲတပ်ဖွဲ့ဌာနချုပ်ကို တာဝန်ယူခဲ့ရသူဖြစ်သည်။

နိုင်ငံဝန်ထမ်းစည်းမျဉ်းအရ ယာယီရဲချုပ် သည် ရဲချုပ်အဖြစ် အစမ်းခန့်တစ်နှစ်တာဝန်ယူရမည်ဖြစ်ပြီး၊တစ်နှစ်ပြည့်မြောက်ပြီးမှသာ နိုင်ငံတော်သမ္မတက ၎င်း ကို ရဲချုပ်အဖြစ် ခန့်အပ်သင့်သည်ဟု မှတ်ယူပြီး အတည်ပြုခန့်အပ်လိုက်ခြင်းဖြစ်သည်။

ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦးသည် စစ်တက္က သိုလ် အမှတ်စဉ် (၂၆)ဆင်းဖြစ်ပြီး တပ်မတော်မှနေ၍ ရဲတပ်ဖွဲ့သို့ကူးပြောင်းခဲ့ကာCID တပ်ဖွဲ့မှူး၊ ဒုတိယရဲချုပ်၊ယာယီရဲချုပ်အစရှိသည့်တာဝန်များကိုထမ်းဆောင်ခဲ့သူဖြစ်သည်။

Credit -Popular
Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide