ပြုလုပ်ပုံ
အသားနယ်ပြီး နှပ်ထားရန် လိုအပ်တာလေးတွေ…လက်တစ်ဆစ်ခန့် အတုံးလေးများလှီးထားသည့် ရေခြောက်အောင် လုပ်ထားသော ကြက်ရင်ပုံသား – 400 g (၂၆ ကျပ်သား)
ခပ်ကြီးကြီး ပါးပါးလှီးထားသော ဂျင်း – ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့်
ပါးပါး သေးသေးလှီးထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၁ ဇွန်းခန့်
ပဲငံပြာရည်အကျဲ (thin soy sauce) – ထမင်းစားဇွန်း ၁ ဇွန်း
ပဲငံပြာရည်အပျစ် (black sweet soy sauce) – ထမင်းစားဇွန်း ၁ ဇွန်း
sauce အတွက် လိုအပ်တာလေးတွေ…
ဆီ – ထမင်းစားဇွန်း ၃ ဇွန်း
ပဲငံပြာရည်အပျစ် (black sweet soy sauce) – ထမင်းစားဇွန်း ၂ ဇွန်း
ပဲငံပြာရည်အကျဲ (thin soy sauce) – ထမင်းစားဇွန်း ၂ ဇွန်း
ခရုဆီ (oyster sauce) – ထမင်းစားဇွန်း ၁ ဇွန်း
ကြက်သား ကုန်းဘောင်ကြီးကြော်ရန် လိုအပ်တာလေးတွေ…
ဆီ – ထမင်းစားဇွန်း ၃ ဇွန်း
ငရုတ်သီးအခြောက်တောင့် – ၁၀ တောင့်
အရသာဝင်အောင် နှပ်ထားသော ကြက်သား
sauce
ပုံပါအတိုင်း လှီးထားသော မုန်လာဥနီ – 1/4 cup (60 ml)ခန့်
ပုံပါအတိုင်း လှီးထားသော ပဲသီး – 1/4 cup (60 ml)ခန့်
ပုံပါအတိုင်း လှီးထားသော ကြက်သွန်နီ – 1/2 cup (125 ml)ခန့်
ပုံပါအတိုင်း လှီးထားသော ကြက်သွန်ပင် – 1/4 cup (60 ml)ခန့်
ကြက်သားကို ဂျင်း၊ ကြက်သွန်ဖြူ ၊ ပဲငံပြာရည်အပျစ် (ထမင်းစားဇွန်း ၁ ဇွန်း) ထည့်နယ်ပြီး အရသာဝင်အောင် ၁ နာရီခန့် ထားပါ။
ဆီ (ထမင်းစားဇွန်း ၃ ဇွန်း) ပူလျှင် ငရုတ်သီးအခြောက်တောင့်များထည့်ကာ တူးလုနီးပါး စက္ကန့်အနည်းငယ် မွှေကြော်ပြီး ဆီစစ်ဆယ်ထုတ်ထားပါ။ (စပ်တာကြိုက်လျှင် ၂ ပိုင်း- ၃ ပိုင်းခန့်ချိုးပြီးမှ ကြော်ပါ။)
ကျန်သည့်ဆီကို high heat ဖြင့် အရမ်းပူအောင် အပူပေးကာ နှပ်ထားသည့် ကြက်သားထည့်၍ ၁၀ မိနစ်ခန့် (သို့) အသားထဲမှအရည်များခြောက်ကာ ကြွပ်လုနီးပါးဖြစ်အောင် မွှေကြော်ပေးပါ။
အိုးလက်ကိုင်မှကိုင်ပြီး မကြာခဏလှုပ်ပေးပါ။ (အသားပျော့ပျော့ကြီးဖြစ်မနေစေရန်၊ အသားအရောင်လှစေရန် ဆီနည်းနည်း မီးပြင်းပြင်းနဲ့ အိုးပူတိုက်ခြင်း ဖြစ်ပါတယ်။)
အသားခြောက်လျှင် sauce၊ မုန်လာဥနီ၊ ပဲသီး၊ ကြက်သွန်နီထည့်ကာ ၁ မိနစ်ခန့်မွှေကြော်ပါ။ (ကြော်ချိန်ကြာပါက အသီးအရွက်များအနွမ်းလွန်ပြီး အရည်များထွက်လာတတ်ပါတယ်။)
ငရုတ်သီးခြောက်ကြော် နှင့် ကြက်သွန်ပင်ထည့်ကာ မိနစ်ဝက်ခန့် မွှေကြော်ပြီးလျှင် ကြက်သား ကုန်းဘောင်ကြီးကြော်လေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
Credit-food in Myanmar


Post a Comment