Blogger Widgets ကိုယ်ပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

ကိုယ်ပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ



Friday, August 31, 2018 
*****************************************************
 မြန်မာနိုင်ငံ၊ ကိုယ်ပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မနေ့က သြဂုတ်လ ၃၀ ရက် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှာ ကျင်းပပါတယ်။ 

အစည်းအဝေး ၃ ကြိမ်မှာ ဆုံးဖြတ်ချက်ပေါင်း ၁၆ ချက် ချမှတ်ခဲ့ကြောင်း၊ အဲဒီ ၁၆ ချက်အနက် ၁၃ ချက် ဆောင်ရွက်ခဲ့ပြီး ဆောင်ရွက်ဆဲက ၃ ချက် ဖြစ်ကြောင်း မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။ 

နိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်နိုင်ရေး အဆင့် ၃ ဆင့်နဲ့ ဆောင်ရွက်နေပြီး ပထမအဆင့်က တခြားနိုင်ငံပိုင် ဂြိုဟ်တုထရန် စပွန်ဒါကို ငှားရမ်း ငွေပေးချေပြီး သုံးစွဲနေတဲ့ MyanmarSat-1 ငှားရမ်းမှု ဖြစ်ပါတယ်။ ဒုတိယအဆင့်က အချိုးကျပူးတွဲပိုင်ဆိုင်မယ့် MyanmarSat-2 ဂြိုဟ်တုဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လမှာ စတင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တတိယအဆင့်ကတော့ မြန်မာနိုင်ငံက အလုံးစုံပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်မှုတို့ ဖြစ်ကြပါတယ်။ 
MCN
Credit >> Myanmar Online News


Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide