Blogger Widgets ထိုင်းကလေးတွေပျောက်ဆုံးနေတဲ့တောင်၏ ဒဏ္ဍာရီဆန်တဲ့ စိတ်ဝင်စားစရာ “မင်းသမီးလဲလျောင်းတောင်” အကြောင်း - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

ထိုင်းကလေးတွေပျောက်ဆုံးနေတဲ့တောင်၏ ဒဏ္ဍာရီဆန်တဲ့ စိတ်ဝင်စားစရာ “မင်းသမီးလဲလျောင်းတောင်” အကြောင်း

Image may contain: outdoorImage may contain: cloud, sky, outdoor and nature
ယိုးဒယားခလေးတွေပျောက်သွားတဲ့ လှိုဏ်ဂူဟာ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်ထဲက မြန်မာပြည် နယ်နိမိတ်နဲ့ အတော်နီးနီးကပ်ကပ် ရှိနေတဲ့လှိုဏ်ဂူပါပဲ။
လှိုဏ်ဂူရှိရာ တောင်တန်းကြီးရဲ့အမည် ကို မြန်မာလိုဘာသာပြန်ရမယ်ဆိုရင် “မင်းသမီးလဲလျောင်းတောင် “လို့ပဲ ဆိုရမယ်။
ဒီနာမည်တွင်ရတဲ့ဒဏ္ဍာရီဟာလည်း စိတ်ဝင်စားစရာပါ
ဒဏ္ဍာရီအရ တရုတ်ပြည်
ဆစ်ဆောင်ပန်နားဒေသမှာ ဘုရင့်သမီးတော်တစ်ပါး နဲ့ ဘုရင့်မြင်းထိန်းတစ်ဦးတို့ရဲ့
အချစ်ဇာတ်လမ်းပါ။

ဘုရင်သမီးကိုယ်လေးလက်ဝန်ရှိလာတဲ့အခါ ဘုရင်ကြီးသိသွားပြီးဒေါသူပုန်ထ၊ ချစ်သူနှစ်ဦးက ကြောက်လန့်ပြီး တောင်ဘက်အရပ်ကိုထွက်ပြေးပြီး
တောနက်ထဲမှာ မင်းသမီးဆာလောင်လာလို့ ခင်ပွန်းကသူ့ကိုတစ်နေရာမှာ တစ်ယောက်ထဲထားခဲ့ပြီး အစာထွက်ရှာတယ်ပေါ့

အဲဒီအချိန်မှာ နောက်ကလိုက်လာတဲ့ ဘုရင့်တပ်သားတွေကမင်းသမီးရဲ့ ခင်ပွန်းကကြိုးချည်ထားတဲ့ မြင်းကို အရင်တွေ့ရာကနေ မြင်းထိန်းကိုလည်း နောက်ဆုံးရှာတွေ့ပြီး တခါတည်း သတ်ဖြတ်လိုက်ကြတယ်တဲ့၊
နောက်တော့မင်းသမီးကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီးခမည်းတော်ရှိရာ နေပြည်တော်ကို ဘုရင့်တပ်သားတွေက ပြန်ခေါ်ဖို့ လျှောက်ထားပေမယ့်
သူ့ခင်ပွန်းအသတ်ခံခဲ့ရတာ သိပြီးနောက် မင်းသမီးဟာလည်း သူ့ဆံထုံးမှာထိုးထားတဲ့ ဆံထိုးကိုဆွဲနှုတ်ပြီးတော့ သူ့လည်ပင်းထဲကိုထိုးစိုက်ပြီး ဘုရင့်ရဲမက်တွေရှေ့မှာပဲ သတ်သေခဲ့တယ်တဲ့

မင်းသမီးကိုယ်က စီးထွက်သွားတဲ့ သွေးဟာ ချောင်းရေအဖြစ် ပြောင်းသွားခဲ့ပြီးတော့ အခုခေတ် တာချီလိတ်- မယ်ဆိုင်မြို့အကြား စီးဆင်းနေတဲ့ နယ်စပ်မျဉ်းပေါ်က မယ်ဆိုင်ချောင်းဖြစ်ပါသတဲ့။
သူလဲကျသွားခဲ့တဲ့နေရာဟာ မြန်မာလို “မင်းသမီးလဲလျောင်းတောင်”လို့ အဓိပ္ပါယ်ရတဲ့ လွိုင်နန်းနောင်း တောင်တန်းကြီးဖြစ်သွားပါသတဲ့။
အဲဒီတောင်ရဲ့အောက်ခြေမှာရှိတဲ့ လှိုဏ်ဂူကြီးကတော့ မင်းသမီးရဲ့ မွေးလမ်းကြောင်းဖြစ်ပါသတဲ့။
မြန်မာတွေအသိများတဲ့ ဘုရင်မပန်းခြံရှိရာ လွိုင်တုံးတောင်ကတော့ မင်းသမီးရဲ့ ကိုယ်ဝန်ဗိုက်ကြီးဖြစ်ပါ သတဲ့ ။
အခု ယိုးဒယားခလေးတွေပျောက် သွားတဲ့နေရာဟာ မင်းသမီးရဲ့မွေးလမ်းကြောင်းလို့ ပြောတဲ့လှိုဏ်ဂူထဲမှာပဲ။
ဟုတ်သော်ရှိမဟုတ်သော်ရှိ ဒေသခံတွေကတော့ သူတို့ခလေးတွေကိုပြန်ပေးဖို့ အဲ့ဒီမင်းသမီးကိုတောင်းပန်နေကြပြီ။
လူတွေစိတ်ဝင်စားတဲ့ သတင်းနောက်ကွယ်က ဒဏ္ဍာရီဇာတ်လမ်းလေး တစ်ပုဒ်ပေါ့။
ယုံကြည်တာ မယုံကြည်တာကတော့ တစ်ဦးချင်းစီနဲ့ဆိုင်တဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပါ။
Credit;….
#ရှမ်းပြည်မြင်ကွင်းစုံ
ဓာတ်ပုံ
ပန်ချီ
#Soe Min Lwin


Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide