Blogger Widgets မေလးရွားနိုင္ငံတြင္ ဖမ္းဆီးရမိခဲ့သည့္ မူးယစ္ေဆးဝါးမ်ားႏွင့္ပတ္သက္ ဆက္စပ္ေသာ ကြင္းဆက္တရားခံမ်ား ေဖာ္ထုတ္ဖမ္းဆီးရမိ - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

မေလးရွားနိုင္ငံတြင္ ဖမ္းဆီးရမိခဲ့သည့္ မူးယစ္ေဆးဝါးမ်ားႏွင့္ပတ္သက္ ဆက္စပ္ေသာ ကြင္းဆက္တရားခံမ်ား ေဖာ္ထုတ္ဖမ္းဆီးရမိ



ေနျပည္ေတာ္ ဇြန္ ၅၊ ၂၀၁၈
 မေလးရွားနိုင္ငံတြင္ ဖမ္းဆီးရမိခဲ့သည့္ မူးယစ္ေဆးဝါးမ်ားႏွင့္ ပတ္သက္ဆက္စပ္ေသာ ကြင္းဆက္တရားခံမ်ားကို ျမန္မာနိုင္ငံရဲတပ္ဖြဲ႕က ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့သည္။
 မေလးရွားနိုင္ငံ၊ အေကာက္ခြန္ဦးစီးဌာနမွ စီမရစ္ၿမိဳ႕ ကုန္ေလွာင္႐ုံ၌ ေမ ၂၂ ရက္ေန႔တြင္ မေလးရွားနိုင္ငံသား ၃ ဦးႏွင့္ ျမန္မာနိုင္ငံသား ၃ ဦးတို႔ႏွင့္အတူ မက္အဖက္တမင္း (၁၁၈၇)ကီလိုဂရမ္ႏွင့္ ဘိန္းျဖဴ (၇၅၀) ဂရမ္တို႔အား ဖမ္းဆီးရမိခဲ့ၿပီးေနာက္ ယင္းဖမ္းမိ မူးယစ္ေဆးဝါးမ်ားႏွင့္ ပတ္သက္ဆက္စပ္ေသာ ကြင္းဆက္တရားခံမ်ားကို ေဖာ္ထုတ္ဖမ္းဆီး ရမိခဲ့ျခင္း ျဖစ္သည္။
 အဆိုပါမူးယစ္ေဆးဝါးမ်ား ဖမ္းဆီးမႈႏွင့္ပတ္သက္၍ စိစစ္ခဲ့ရာ ရန္ကုန္ၿမိဳ႕ရွိ Nice Guy Clearence Service Agency မွ ကုန္ေသတၱာအမွတ္ (FSCU 9911521) ထဲတြင္ စားေသာက္ကုန္မ်ားျဖင့္ မူးယစ္ေဆးဝါးမ်ားကို ေရာေႏွာထည့္သြင္း၍ မေလးရွားနိုင္ငံသို႔ တင္ပို႔ခဲ့ေၾကာင္း၊ ျမန္မာနိုင္ငံမွတစ္ဆင့္ မေလးရွားနိုင္ငံသို႔ ပို႔ေဆာင္ရန္အတြက္ တာေမြ ၿမိဳ႕နယ္၊ နတ္ေမာက္ရပ္ကြက္၊ ဖိုးစိန္လမ္း၊ ပထမထပ္၊ မ/၅၀(A)ေန ေရွာ္ရိတ္အာေမာက္ ၏သား ေမာင္ေမာင္ (ခ) Hj Yassin  (၄၄) ႏွစ္က လာေရာက္ဆက္သြယ္မႈအရ U Kaung Trading Co.Ltd မွ တာဝန္ယူပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရွိရၿပီး ေမာင္ေမာင္ (ခ) Hj Yassin ႏွင့္ ပူးေပါင္းပါဝင္သူမ်ားအား စုံစမ္းေဖာ္ထုတ္နိုင္ေရးအတြက္ ဇြန္ ၂ ရက္ေန႔တြင္ ဆိပ္ကမ္း ၿမိဳ႕မရဲစခန္း၌ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒပုဒ္မ ၂၀(က)/၂၀(ခ)/၂၁ ျဖင့္ အမႈဖြင့္အေရးယူ စုံစမ္းစစ္ေဆးခဲ့သည္။
 ဇြန္ ၂ ရက္ နံနက္ ၁၁ နာရီ ၁၀ မိနစ္တြင္ ဆက္စပ္တရားခံ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးရမိခဲ့ၿပီး အဓိကတရားခံ ေမာင္ေမာင္ (ခ)  Hj Yassin သည္ ေမလ ၃၀ ရက္ေန႔ ကတည္းက TOYOTA LEXUS ယာဥ္အမွတ္ YGN 5L-8088 ႏွင့္အတူ ထြက္ေျပး တိမ္းေရွာင္ေနေၾကာင္း စိစစ္ေတြ႕ရွိရသျဖင့္ ပူးေပါင္းပါဝင္သူမ်ား ဖမ္းဆီးရမိေရးအတြက္ စုံစမ္း ရွာေဖြလ်က္ရွိသည္။

 ဖမ္းဆီးရမိသည့္တရားခံ၏ ေဖာ္ထုတ္ေျပာျပခ်က္အရ ေမာင္ေမာင္ (ခ) Hj Yassin သည္ မူးယစ္ေဆးဝါးမ်ားအား လွည္းကူးၿမိဳ႕နယ္ရွိ Nice Guy ေရသန္႔စက္႐ုံမွတစ္ဆင့္ ေအာက္ပုဇြန္ေတာင္လမ္းရွိ ဂိုေထာင္သို႔ 3I – 8917 Bongo Box ယာဥ္ျဖင့္ သယ္ေဆာင္ ခဲ့ၿပီး ၎မွတစ္ဆင့္ သေဘၤာတင္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ခဲ့ေၾကာင္း သိရွိရသည္။ အဓိက တရားခံ ေမာင္ေမာင္ (ခ) Hj Yassin ၏ေနအိမ္သို႔ ဝင္ေရာက္စစ္ေဆးရာ ေနအိမ္ခန္း မီးခံေသတၱာအတြင္းမွ ခန္႔မွန္းတန္ဖိုး ေငြက်ပ္သိန္း (၂၅၀) ခန္႔ရွိ လက္ဝတ္ ရတနာမ်ိဳးစုံ (၁၉)မ်ိဳး၊ YGN 5L-8088 TOYOTA LEXUS ယာဥ္အား ေငြက်ပ္သိန္း (၁၀၉၀)ျဖင့္ ဝယ္ယူထားသည့္ စာခ်ဳပ္မူရင္း (၁)ေစာင္၊ ယာဥ္ႏွင့္ ပတ္သက္သည့္ မွတ္ပုံတင္စာအုပ္မူရင္း (၁)အုပ္၊ အာမခံပရီမီယမ္ မွတ္တမ္းမူရင္းစာအုပ္ (၁)အုပ္၊ ၂၀၁၆ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အတြင္း လက္ဝတ္ရတနာမ်ား ဝယ္ယူခဲ့သည့္ ေျပစာမူရင္း(၈)ေစာင္ တို႔ကို ေတြ႕ရွိ၍ သိမ္းဆည္းခဲ့သည္။
 ေမာင္ေမာင္ (ခ) Hj Yassin ထြက္ေျပးတိမ္းေရွာင္စဥ္ ေမာင္းႏွင္သြားေသာ YGN 5L-8088 TOYOTA LEXUS ေမာ္ေတာ္ယာဥ္အား ဇြန္လ ၃ ရက္ေန႔ ညသန္းေခါင္တြင္ တာေမြဂုံးေက်ာ္တံတားေအာက္၌ ေတြ႕ရွိသျဖင့္ သိမ္းဆည္းနိုင္ခဲ့သည္။ ထို႔အျပင္ တရားခံ ေမာင္ေမာင္ (ခ) Hj Yassin ႏွင့္ ပူးေပါင္းပါဝင္သူမ်ားမွ ျမန္မာနိုင္ငံအတြင္းရွိ ဘဏ္အသီးသီးတြင္ ေငြစာရင္းဖြင့္လွစ္ထားရွိမႈကို ဇြန္လ ၄ ရက္တြင္ စုံစမ္းစစ္ေဆးခဲ့ရာ ပုဂၢလိကဘဏ္ (၂)ခုတြင္ ေမာင္ေမာင္ (ခ) Hj Yassin ေငြစာရင္းႏွင့္ ဆက္စပ္တရားခံ (၁)ဦးတို႔ ေငြစာရင္း၌ က်ပ္သိန္းေပါင္း (၂၈၀၀၀)ေက်ာ္ႏွင့္ ATM ကတ္ (၂)ခုတို႔အား စစ္ေဆး ေတြ႕ရွိရသျဖင့္ အဆိုပါေငြေၾကးမ်ားကို ယာယီပိတ္သိမ္းထားရွိၿပီး ထြက္ေျပး တိမ္းေရွာင္ ေနသည့္ ေမာင္ေမာင္ (ခ) Hj Yassin ႏွင့္ ပူးေပါင္းပါဝင္သူတရားခံမ်ားအား အျမန္ဆုံး ဖမ္းဆီးရမိေရးအတြက္ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ႏွင့္ အထူးစုံစမ္းစစ္ေဆးေရး ဦးစီးဌာနတို႔ ပူးေပါင္း၍ အထူးအမႈစစ္အဖြဲ႕ ဖြဲ႕စည္းကာ ဆက္လက္စစ္ေဆးေဆာင္ရြက္ လ်က္ရွိေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနမွ သိရသည္။

မလေးရှားနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်ပတ်သက် ဆက်စပ်သော ကွင်းဆက်တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော် ဇွန် ၅၊ ၂၀၁၈
 မလေးရှားနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်ဆက်စပ်သော ကွင်းဆက်တရားခံများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
 မလေးရှားနိုင်ငံ၊ အကောက်ခွန်ဦးစီးဌာနမှ စီမရစ်မြို့ ကုန်လှောင်ရုံ၌ မေ ၂၂ ရက်နေ့တွင် မလေးရှားနိုင်ငံသား ၃ ဦးနှင့် မြန်မာနိုင်ငံသား ၃ ဦးတို့နှင့်အတူ မက်အဖက်တမင်း (၁၁၈၇)ကီလိုဂရမ်နှင့် ဘိန်းဖြူ (၇၅၀) ဂရမ်တို့အား ဖမ်းဆီးရမိခဲ့ပြီးနောက် ယင်းဖမ်းမိ မူးယစ်ဆေးဝါးများနှင့် ပတ်သက်ဆက်စပ်သော ကွင်းဆက်တရားခံများကို ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။
 အဆိုပါမူးယစ်ဆေးဝါးများ ဖမ်းဆီးမှုနှင့်ပတ်သက်၍ စိစစ်ခဲ့ရာ ရန်ကုန်မြို့ရှိ Nice Guy Clearence Service Agency မှ ကုန်သေတ္တာအမှတ် (FSCU 9911521) ထဲတွင် စားသောက်ကုန်များဖြင့် မူးယစ်ဆေးဝါးများကို ရောနှောထည့်သွင်း၍ မလေးရှားနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန်အတွက် တာမွေ မြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်း၊ ပထမထပ်၊ မ/၅၀(A)နေ ရှော်ရိတ်အာမောက် ၏သား မောင်မောင် (ခ) Hj Yassin  (၄၄) နှစ်က လာရောက်ဆက်သွယ်မှုအရ U Kaung Trading Co.Ltd မှ တာဝန်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပြီး မောင်မောင် (ခ) Hj Yassin နှင့် ပူးပေါင်းပါဝင်သူများအား စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် ဇွန် ၂ ရက်နေ့တွင် ဆိပ်ကမ်း မြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၂၀(က)/၂၀(ခ)/၂၁ ဖြင့် အမှုဖွင့်အရေးယူ စုံစမ်းစစ်ဆေးခဲ့သည်။
 ဇွန် ၂ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ဆက်စပ်တရားခံ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဓိကတရားခံ မောင်မောင် (ခ)  Hj Yassin သည် မေလ ၃၀ ရက်နေ့ ကတည်းက TOYOTA LEXUS ယာဉ်အမှတ် YGN 5L-8088 နှင့်အတူ ထွက်ပြေး တိမ်းရှောင်နေကြောင်း စိစစ်တွေ့ရှိရသဖြင့် ပူးပေါင်းပါဝင်သူများ ဖမ်းဆီးရမိရေးအတွက် စုံစမ်း ရှာဖွေလျက်ရှိသည်။

 ဖမ်းဆီးရမိသည့်တရားခံ၏ ဖော်ထုတ်ပြောပြချက်အရ မောင်မောင် (ခ) Hj Yassin သည် မူးယစ်ဆေးဝါးများအား လှည်းကူးမြို့နယ်ရှိ Nice Guy ရေသန့်စက်ရုံမှတစ်ဆင့် အောက်ပုဇွန်တောင်လမ်းရှိ ဂိုထောင်သို့ 3I – 8917 Bongo Box ယာဉ်ဖြင့် သယ်ဆောင် ခဲ့ပြီး ၎င်းမှတစ်ဆင့် သင်္ဘောတင်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ အဓိက တရားခံ မောင်မောင် (ခ) Hj Yassin ၏နေအိမ်သို့ ဝင်ရောက်စစ်ဆေးရာ နေအိမ်ခန်း မီးခံသေတ္တာအတွင်းမှ ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း (၂၅၀) ခန့်ရှိ လက်ဝတ် ရတနာမျိုးစုံ (၁၉)မျိုး၊ YGN 5L-8088 TOYOTA LEXUS ယာဉ်အား ငွေကျပ်သိန်း (၁၀၉၀)ဖြင့် ဝယ်ယူထားသည့် စာချုပ်မူရင်း (၁)စောင်၊ ယာဉ်နှင့် ပတ်သက်သည့် မှတ်ပုံတင်စာအုပ်မူရင်း (၁)အုပ်၊ အာမခံပရီမီယမ် မှတ်တမ်းမူရင်းစာအုပ် (၁)အုပ်၊ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း လက်ဝတ်ရတနာများ ဝယ်ယူခဲ့သည့် ပြေစာမူရင်း(၈)စောင် တို့ကို တွေ့ရှိ၍ သိမ်းဆည်းခဲ့သည်။
 မောင်မောင် (ခ) Hj Yassin ထွက်ပြေးတိမ်းရှောင်စဉ် မောင်းနှင်သွားသော YGN 5L-8088 TOYOTA LEXUS မော်တော်ယာဉ်အား ဇွန်လ ၃ ရက်နေ့ ညသန်းခေါင်တွင် တာမွေဂုံးကျော်တံတားအောက်၌ တွေ့ရှိသဖြင့် သိမ်းဆည်းနိုင်ခဲ့သည်။ ထို့အပြင် တရားခံ မောင်မောင် (ခ) Hj Yassin နှင့် ပူးပေါင်းပါဝင်သူများမှ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်အသီးသီးတွင် ငွေစာရင်းဖွင့်လှစ်ထားရှိမှုကို ဇွန်လ ၄ ရက်တွင် စုံစမ်းစစ်ဆေးခဲ့ရာ ပုဂ္ဂလိကဘဏ် (၂)ခုတွင် မောင်မောင် (ခ) Hj Yassin ငွေစာရင်းနှင့် ဆက်စပ်တရားခံ (၁)ဦးတို့ ငွေစာရင်း၌ ကျပ်သိန်းပေါင်း (၂၈၀၀၀)ကျော်နှင့် ATM ကတ် (၂)ခုတို့အား စစ်ဆေး တွေ့ရှိရသဖြင့် အဆိုပါငွေကြေးများကို ယာယီပိတ်သိမ်းထားရှိပြီး ထွက်ပြေး တိမ်းရှောင် နေသည့် မောင်မောင် (ခ) Hj Yassin နှင့် ပူးပေါင်းပါဝင်သူတရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ ဆက်လက်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။



​Welcome{ ​HERE } ​GO



​Welcome{ ​HERE } ​GO



​Welcome{ ​HERE } ​GO



​Welcome{ ​HERE } ​GO



​Welcome{ ​HERE } ​GO



​Welcome{ ​HERE } ​GO

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide