Blogger Widgets ဇူကာဘတ်ပေးပို့ထားသည့် မက်ဆေ့များကို လျှို့ဝှက်စွာဖျက်ပစ်ကြောင်း facebook ၀န်ခံ - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

ဇူကာဘတ်ပေးပို့ထားသည့် မက်ဆေ့များကို လျှို့ဝှက်စွာဖျက်ပစ်ကြောင်း facebook ၀န်ခံ







ကယ်လီဖိုးနီးယား၊ ဧပြီ ၈

ဇူကာဘတ်ထံမှ အချို့သူများဆီသို့ facebook မက်ဆင်ဂျာမှ ပေးပို့ထားသည့် မက်ဆေ့သတင်းစကားများအား facebook မှ လျှို့ဝှက်စွာဖျက်ပစ်သည်ဆိုခြင်းကို facebook ကုမ္ပဏီက ဟုတ်မှန်ကြောင်း ၀န်ခံလိုက်သည်။

ဇူကာဘတ်ပို့ထားသော မက်ဆေ့များ ထိုသို့ပျောက်ကုန်ခြင်းကို ပထမဆုံး သတိထားမိသူ ၃ ဦးနှင့်တွေ့ဆုံ၍ TechCrunch နည်းပညာသတင်းဌာနမှ ရေးသားတင်ပြခဲ့ပြီးနောက် ယခုကဲ့သို့ ၀န်ခံလိုက်ခြင်းဖြစ်သည်။

သာမန်အသုံးပြုသူများအနေဖြင့်မူ အခြားသူတစ်ဦးဦး၏ မက်ဆင်ဂျာထဲမှ သတင်းစကားများကို ဖျက်ပစ်ရန်မှာ မဖြစ်နိုင်သော်လည်း ဇူကာဘတ်နှင့် အခြားသော facebook အမှုဆောင်အရာရှိများမှာမူ ထိုသို့လုပ်နိုင်ခွင့်ကို လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက ရရှိပြီးဖြစ်သည်။

ထို့အပြင် ၂၀၁၄ ခုနှစ်ကဖြစ်ပွားခဲ့သော ဆိုနီရုပ်ရှင်ကုမ္ပဏီမှ မဖြန့်ချိရသေးသည့် ရုပ်ရှင်ဇာတ်ကားများ ပြင်ပသို့ပြန့်နှံ့ခြင်းနှင့် ဆိုနီဝန်ထမ်းတို့၏ ကိုယ်ရေးအချက်အလက်များ ခိုးယူခံရခြင်းဖြစ်ပွားပြီးနောက်တွင် မက်ဆေ့သတင်းစကားများအား အလိုအလျောက်ဖျက်နိုင်သည့် ပရိုဂရမ်ကို facebook မှ ထည့်လောင်းထည့်သွင်းခဲ့သည်။

facebook သည် မက်ဆင်ဂျာတွင် "unsend" စနစ်(“unsend” feature for)ကို မကြာမီလများအတွင်းတွင် ထပ်မံထည့်သွင်းတော့မည်ဖြစ်ပြီး facebook အသုံးပြုသူများဆီသို့ ယင်းစနစ်ကို မဖြန့်ဝေသေးသရွေ့ ဇူကာဘတ်အနေဖြင့်လည်း ယင်းစနစ်ကို အသုံးပြ၍ ရလိမ့်မည်မဟုတ်ဟု facebook မှ ဆိုထားပါသည်။

PN002
ref: Facebook admits to secretly deleting messages from peoples' Inboxes
Credit#Popular


Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide