Blogger Widgets "မဆံ့ဘူးထင်တယ်" - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

"မဆံ့ဘူးထင်တယ်"






"ရတယ် ညီမ ဖြဲပေးမယ် အစ်ကိုကထည့်"

"ညီမဟာ ၂လုံးစလုံး ဝင်ဆံ့ပါ့မလား"

"ထည့်ကြည့်ပါ အစ်ကို"

ဗျိ }}}}}}}

ဂွမ်း~*~*~*~*~*~*

"ဟာ !! သွားပြီ"

"အ..အ.. သွေးတွေ နာတယ်!!! နာတယ်!!!"

ကျနော်လဲ လန့်ပြီး ငုံ့ကြည့်လိုက်တော့

"ဘာမှ မဖြစ်ပါဘူး နဲနဲလေးပါ ညီမရယ် အပေါ်ယံပေါက်သွားတာပါ"

"မရဘူး..အမေ!!! နာတယ် !!! အီးဟီးဟီး~~!"

"ဟိတ် ! ဟိတ် ! ငိုမနေနဲ့ နင်ထည့်ခိုင်းလို့ ငါထည့်တာ"

"အစ်ကိုက အရမ်းဆောင့်ထည့်တာကို"

"နင် ခံတာက ပုံမှမလာတာ"

ကျနော်နဲ့ ကောင်မလေး စကားများနေတာ ဆိုင်ရှင်ကြားပြီးရောက်လာတော့

"ဘယ်လိုဖြစ်ကြတာလဲ"

"ဒီမှာဗျာ ကျနော်က မဆံ့ဘူးပြောတဲ့ဟာ သူက ရတယ်ဆိုပြီး ထည့်လိုက်တာ ကျနော့် ဘီယာပုလင်း ကွဲသွားပြီ"

"ကျမလဲ ခြေမ ပေါက်သွားပြီရှင့် ကြည့်ပါအုံး သွေးတွေ"

ပလပ်စတိစ်အိတ်က ၂ခြမ်းပြဲပြီး ဘီယာပုလင်း တစ်လုံးက ဘေးကိုကျ တစ်လုံးက ကောင်မလေး ခြေမပေါ် ကျသွားပြီး ကွဲကုန်တာဗျ

"ဒီက ညီလေး အစ်ကိုကတော့ ညီလေးရဲ့ ဘီယာဖိုး မလျော်နိုင်ဘူး သူနဲ့ပဲရှင်းပါ"

ဆိုင်ရှင်ကလဲ တာဝန်မယူဘူးဆိုတော့ကာ.....

"နင် လျော်ပေး"

"အစ်ကိုရယ် ညီမက နယ်ကလာပြီး သူများဆိုင်မှာ အရောင်းစာရေးလာလုပ်တာပါ ကျမသာ အစ်ကို့ကို ဘီယာ ၂ပုလင်းဖိုး လျော်ပေးလိုက်ရင် ညီမ ဒီလ အိမ်ကိုလွဲပေးဖို့ ငွေပြည့်တော့မှာ မဟုတ်ဘူး အမေကလဲ အသက်ကြီးပြီ ညီမလေးနဲ့ မောင်လေးကလဲ ကျောင်းစရိတ်က ရှိသေးတယ်လေ အဲ့တာ လျော်ရမယ်ဆိုလဲ လျော်ပေးပါ့မယ် အစ်ကို"

တောက် !!!!
ပိုက်ဆံ ငါးထောင်တန် ကောက်ရလို့ ဘီယာလာဝယ်သောက်တာ ငါ့ထက်ဆိုးနေတဲ့ လူနဲ့လာတိုးနေတယ် ငအွပ်တ် ဆိုတဲ့ ကျနော်က လူသားချင်း စာနာတတ်တော့လဲ..

"အေးပါကွာ ပိုတဲ့ငွေနဲ့ အရက်ပြန်တို့ ဝါဂွမ်းတို့ အနာကပ်တို့ ဝယ်ပြီး အနာကျက်ဆေးသာ ဝယ်သောက်လိုက်"

"မလောက်ဘူးထင်တယ် အစ်ကို"

ငင့်!!!

"အေး......ရော့! နောက် ၂ထောင်ယူလိုက် ၃ထောင် ပြန်အမ်း"

ကျနော့ ကိုယ်ပိုင်ငွေ ၅ထောင်တန် ထပ်ထုတ်ပေးလိုက်တယ်

"အစ်ကို ညီမက ကိုယ်တိုင်ချက်စားရတော့ အညော်မိမှာစိုးလို့ 
၂ရက် ၃ရက်တော့ ချက်စား ဖြစ်မှာ မဟုတ်ဘူး အဲတာ..."

ဟိုက်စကိုက်

"!!အကုန်သာ !!!ယူလိုက်ကွာ!!"

ငိုးရယ် အမေမသိအောင် ကောက်ရတဲ့ ၅ထောင်းနဲ့ ဘီယာသောက်မို့ပါဆို အခုတော့ ကိုယ့်အိတ်ထဲကတောင် ပါသွားသေးတယ်

အားလုံးကြားကြားသမျှ
ဒွမ်!

Original by ###အွပ် တ်
Credit 👆👆👆👆👆


Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide