Blogger Widgets အသိဥာဏ်​ရှိ​အောင်​ကြိုးစားပါ - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

အသိဥာဏ်​ရှိ​အောင်​ကြိုးစားပါ



နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့်သမီးကို အမေက ပုလဲတစ်လုံးလက်ဆောင်ပေးပြီး ဆုံးမစကားပြောတယ်။
“သမီး… မေမေတို့မွေးထားတဲ့ကမာကောင်ရဲ့ကိုယ်ထဲကို အလုပ်သမားတွေက သဲတွေထည့်ပေးလိုက်ချိန်မှာ ကမာကောင်တွေဟာ အရမ်းအနေရခက်ကြတယ်။ ဒါပေမယ့် သဲတွေကိုထွေးထုတ်ပစ်ဖို့လည်း သူတို့မှာအင်အားမရှိကြဘူး။ ဒါကြောင့် ကမာကောင်တွေဟာ လူတွေကို အပြစ်ဆိုညည်းညူပြီး ကိုယ့်နေ့ရက်ကို စိတ်ညစ်ညစ်နဲ့ ဖြတ်သန်းမလား..? ဒါမှမဟုတ် အဲဒီသဲကို ကိုယ်နဲ့အတူပေါင်းစပ်ပြီး ကိုယ့်အသွေးတူ၊ အရည်တူဖြစ်အောင်လုပ်မလားဆိုတဲ့ လမ်းနှစ်ခုကိုရွေးကြရတယ်။
ဒီလိုနဲ့ ကမာကောင်တွေက ကိုယ့်အတွက်ခွန်အားဖြစ်စေတဲ့အာဟာရတစ်ချို့နဲ့ သဲကို ထုပ်လိုက်တယ်။ အထုပ်ခံရတဲ့သဲကို ကိုယ့်အသွေးအသား၊ ကိုယ့်အရည်တစ်ပိုင်းတစ်စလို့ သတ်မှတ်လိုက်တယ်။ သဲကိုထုပ်တဲ့ ကိုယ့်ရဲ့အစိတ်အပိုင်းများလေ သဲကို ကိုယ့်အသွေးအသား တစ်ပိုင်းတစ်စလို့ သတ်မှတ်လေဖြစ်ပြီး ကမာကောင်တွေဟာ သဲနဲ့အတူ စိတ်ချမ်းချမ်းသာသာနေကြတော့တယ်”
ကမာကောင်ဆိုတာ ဦးနှောက်မရှိတဲ့ ကျောရိုးမဲ့သတ္တဝါဖြစ်ပြီး ပြောင်းလဲနှုန်းဟာလည်း နှေးကွေးကြတယ်။ ဦးနှောက်မရှိတဲ့ ဒီလိုသတ္တဝါကတောင် ကိုယ်ပြောင်းလဲလို့မရနိုင်တဲ့ ပတ်ဝန်းကျင်မှာ သင့်လျော်အောင်နေထိုင်တတ်တယ်။ ကိုယ့်ကို စိတ်ညစ်၊ စိတ်ဒုက္ခပေးတဲ့အရာကို ကိုယ်လက်ခံနိုင်တဲ့ ကိုယ့်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်အောင် ပြောင်းလဲကြတယ်။ လူတွေက ကမာကောင်လောက်တောင် အသိဉာဏ်မရှိနိုင်တော့ဘူးလား? ပုလဲဖြစ်စဉ်တွေကို ကြားဖူးနားဝရှိပါတယ်။ ဒါပေမယ့် ကမာကောင်ဘက်ကနေ တစ်ခါမှ မတွေးတော မခံစားခဲ့မိဘူး။
“Karl Paul Reinhold Niebuhr” ရဲ့ဆုတောင်းကျမ်းစာထဲက စာသားတစ်ခုက….
“ဘုရားသခင်.. တည်ငြိမ်တဲ့စိတ်နဲ့ ပြုပြင်ပြောင်းလဲလို့မရနိုင်တဲ့ အရာတွေကို လက်ခံနိုင်အောင် ကျွန်တော်တို့ကို ကြီးမားကျယ်ပြန့်တဲ့စိတ်သဘောထားနဲ့ ရက်ရောမှုကိုပေးပါ။
ပြုပြင်ပြောင်းလဲလို့ရနိုင်တဲ့ အရာတွေကို ပြောင်းလဲခွင့်ရအောင် ကျွန်တော်တို့ကိုသတ္တိတွေပေးပါ။
ပြုပြင်ပြောင်းလဲလို့ရနိုင်တာနဲ့ မရနိုင်တာကို ခွဲခြားသိမြင်တတ်အောင် ကျွန်တော်တို့ကို အသိဉာဏ်တွေပေးသနားလှည့်ပါ” လို့ဆိုထားတယ်။
လူ့ဘဝမှာ အမြဲတမ်း စိတ်တိုင်းမကျတာတွေ၊ စိတ်ညစ် စိတ်ပျက်စရာတွေနဲ့ ပြည့်နေတတ်တယ်။ အဲဒီအရာတွေကို ကမာကောင်လို ကိုယ်နဲ့အတူပေါင်းစပ်ပြီး စိတ်ပျော်ရွှင်အောင်လုပ်နိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ လုပ်နိုင်ဖို့ အသိဉာဏ်လိုပါတယ်။
Credit-နိုင်းနိုင်းစနေ

Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide