Blogger Widgets ဖိုးလုံးအားအသုံးချသွားခြင်း - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

ဖိုးလုံးအားအသုံးချသွားခြင်း



ဖိုးလုံးအားအသုံးချသွားခြင်း
*********************

!!!"ဟဲ့ ဖိုးလုံး လာအုံး!!"😎

!!!"ဟဲ့ ဖိုးလုံး ငါနင့်ကိုခေါ်နေတာမကြားဘူးလား"

"အန်တီ ဘယ်သူ့ကို ခေါ်နေတာလဲ"  😮

"နင့်ကိုလေဟယ် ဖိုးလုံးရဲ့"

"ဗျာ! ကျနော် ဖိုးလုံးမဟုတ်ပါဘူးဗျ" 

"အာ နင်ဘာဖြစ်နေတာလဲ"

ကျနော် လုံးဝ မသိတဲ့ အဒေါ်ကြီး တစ်ယောက် ကျနော့လက်ကို အတင်းဆွဲပြီး

"ရော့ !!ဆွဲခြင်းတောင်းဆွဲစမ်း"😎

"ဟာ..အန်တီ ကျနော် ဖိုးလုံးမဟုတ်ဘူးခင်မျ ကျနော်က ငအွပ်တ်ပါ"

သူ့အိမ်က အလုပ်သမား မှတ်နေလားမသိဘူး

"ဘာ ငအွပ်တ်လဲ ဒီကလေး ဘာဖြစ်နေတာလဲ ဆွဲဆိုဆွဲစမ်းပါအေ"

ဈေးထဲဆိုတော့ လူတွေကလဲ ဝိုင်းကြည့်နေတော့ ကူညီတဲ့အနေနဲ့ ဆွဲပေးရတာပေါ့

!!!အိ~~~😖

"အမလေး !!!လေးလိုက်တာ.. 
အန်တီ့ ဆွဲခြင်းထဲက ဘာတွေလဲ"

"တစ်ပေ ပတ်လည် ကျောက်ပျဉ် ၁၀ချပ်ထဲရယ် 
ချေးတွန်းခဲ ကျန်ကျောင်းအိတ်နဲ့ တစ်အိတ်ရယ်
ရွာက အမျိုးတွေ ပို့လိုက်လို့လေ"

"ကျနော် မနိုင်ဘူးဗျ"

"ဖိုးလုံး နင်ဘယ်လိုဖြစ်နေတာလဲ"

"အန်တီလူမှားနေပြီဗျ"

"အံမာ ငါက နင့်ကို ငါ့သမီးနဲ့ သဘောတူထားလို့နော် 
နင် ကန်းမတက်နဲ့" 😏

"ဗျာ!"

လတ်ဆတ်သတ်တော့ ဖိုးလုံးဆိုတာ သူ့သမက်လောင်းကိုး

"နင့်ကို ငါ့သမီးအတွက် ငါက ဘယ်လို ယုံကြည်ပြီး အားကိုရမှာလဲ ဖိုးလုံးရယ်"

"ကျနော် ဖိုးလုံး မဟုတ်ဘူးဗျ" 😥

ကျနော် ငြင်းပါသော်လဲ..

"ဟိုးမှာ ငါ့သမီး ကားထဲမှာ စောင့်နေတယ် အဲ့အထိပဲ သယ်ရမဲ့ဟာကို"

ကားနားလှမ်းရှိုးလိုက်တော့...
စကီလေးတစ်ပွေ နေကာမျက်မှန်နဲ့ ဆံပင်က ရွှေအိုရောင်လေး အရမ်းလွင့်တာ 😋

"ဟဲ့ ဖိုးလုံးသယ်လေ ငါ့သမီးတောင် မရသေးဘူး နင်က အာခံချင်နေတာလား ယောက်ခမလဲ အမေပဲ သိရဲ့လား"

ဟိ စကီကလွင့်နေတော့လဲ လူမှားလဲ ခံရတော့မှာပဲလေ
ကံကောင်းရင် စကီလေးနဲ့တောင် ရရင် ရသွားနိုင်သေးတာပဲ
ဖိုးလုံးရေ ဆောရီးကွာ..
ဟိဟိ.. 😀

"ဟဲ့ ဘာတွေ စဉ်းစားနေတာလဲ"

"ဟင့်အင်း.ဒါနဲ့...
အမေ့ သမီး နာမည်က ဘာလဲဟင်" 😁

အံမာ 
အခွင့်ရတုန်း အမေလို့ခေါ်ရတာတော့ ဖီးလ်ဟ 😜

"နင် ငါ့ကို အရူးကွက်မနင်းနဲ့နော် နှင်းနုကို ငါအော်လိုက်ရမလား"

"နှင်းနုတဲ့လားဗျာ.. လှလိုက်တာ"

"အေး အဲ့လှတာ နောက်မှ 
အခုလောလောဆယ် အဲ့တာကို ကားနားဆွဲလာပေးအုံး"

"ဟုတ်ကဲ့ ဟုတ်ကဲ့"

စော်လေးကို အနီးကပ် ရှိုး ရတော့မှာဆိုတော့ ဆွဲပေးရတော့မှာပေါ့
ဒါပေမဲ့ အလေးကြီးဗျ
ရှိသမျှ အားအင်ထုတ်ပြီး လျှာထွက်မတတ် မလိုက်တယ်
ဆွဲခြင်းက အရမ်းလေးလို့လား ကမ္ဘာမြေ ဆွဲအားကပဲ များနေလို့လားမသိဘူး မရွေ့ဘူး 😪😪😖

"ဟဲ့ ယောကျာ်းဗလ 
ယောကျာ်းဇ လေးနဲ့တော့ မ ပါဟ"

ကျနော်လဲ အဲ့လိုပြောတော့ နဲနဲတင်းလာတော့ ဆွဲခြင်းကို ကားနားရောက်ဖို့ အရေး တရွတ်တိုက်ဆွဲလိုက်တာပေါ့

"ဟဲ့..ဟဲ့...ငါ့ခြင်းပျက်သွားမယ်ဟဲ့ မသာ
 ဒီ..ဖိုးလုံး ကတော့လေ ပြောကို မပြောချင်ဘူး"

ကျနော်လဲ မနိုင်မနင်း မလိုက် လွှဲလိုက် ချလိုက်နဲ့ တရွေ့ရွေ့နဲ့ ကားဆီကိုရောက် သွားတာပေါ့

"သမီး ကားနောက်ဖုံးဖွင့်"

ကောင်မလေးက ကားပေါ်က ခလုတ်နှိပ်ရုံသာ
ကားပေါ်က မဆင်းဘူး

"ဟဲ့ ကားနောက်ဖုံးဖွင့်လေ"

အမေကလဲ ဟောက်ဆို သူ့သမီးရမှ တွေ့အုံးမယ်..ဟဲဟဲ 😀

"ဟုတ်ကဲ့"

ကျနော်လဲ ကောင်မလေးကို မြင်ချင်နေတာနဲ့ အမြန်ဖွင့်ပေးလိုက်တယ်

"အဲ့ ခြင်းကို တင်လိုက်လေ ဘာလုပ်နေတာလဲ"

အန် သေပြီဟ 
ဆွဲတာတောင် မနိုင်တာ ကားပေါ်တင်ရမယ်ဆိုတော့

ကျနော်လဲ ခြင်းထဲက ကျောက်ပျဉ် တစ်ချပ်စီ ထုတ်ပြီး မလို့ နိုင်ပြီ ထင်လောက်တဲ့ အချိန်မှ ခြင်းကို ကားပေါ်တင်ပြီး ကျောက်ပျဉ်တွေကို ခြင်းထဲ ပြန်စီထည့်ပေးလိုက်တယ်

အဒေါ်ကြီးက ကျနော် လုပ်တာ အစအဆုံးကြည့်ပြီး

"ဖိုးလုံးက ဒါမျိုးကျ တော်သားပဲ နင်မဆိုးဘူး တော်တယ်"

"ဟီး..ဥာဏ်သုံးရတာပေါ့ဗျာ"

ထိုစဉ်..

"အမေ ဘယ်မှာလဲ ကိုဖိုးလုံး"

ကားရှေ့ခေါင်းကနေ ကောင်မလေးက သူ့အမေကို ခေါင်းပြူပြီး လှမ်းမေးတဲ့အချိန်....သူမကို ကျနော်တွေ့လိုက်တဲ့အခါ....
.
.
.
အားပါးပါး နတ်သမီးရှုံးတဲ့ အလှပါတကား😱

"ဒီမှာလေ နင့်ကောင်က အတော်နဲ့ ခေါ်ရတာ"

စကီလေးကျနော့ကို ကြည့်လာတော့ ကျနော်က ပြုံးပြလိုက်တယ်လေ

"အမေ ဒါ ကိုဖိုးလုံးမှ မဟုတ်တာ"

"ဟင်! ဟုတ်ရဲ့လားဟယ်"😨

"ဟုတ်တယ် အမေရဲ့"

"အယ် .. အားနာလိုက်တာသားရယ်"

ငင့်
ဘာလားဟ

"ဟုတ်တယ်ရှင့် ကျမအမေက မျက်စိမှုန်နေတာလေ"

"ဗျာ!!"

"ဆောရီးပါ သားရယ် အန်တီက သားကို ဖိုးလုံးလို့ထင်လို့ပါ" 😰

ယေ..😧

"အမေ့အစား ကျမတောင်းပန်ပါတယ် ဆွဲခြင်းကိုလဲ ဒီအထိ သယ်လာပေးလို့လဲ ကျေးဇူးထပ်တင်ပါတယ်နော်"☺

😦

"အမေ တက် 
သွားရအောင်"

"ကျေးဇူးပဲနော်သား" 😁

အန်တီကြီးက ကျနော့ကို လှည့်ပြီး ကျေးဇူးတင်နေသေးတာ

တောက်!!!!
ငါ့များ ကားပေါ် တက်ရမယ်ထင်နေတာ အခုတော့.. ငိုးမရယ်

အဒေါ်ကြီး ကားပေါ်ရောက်တော့ သားအမိနှစ်ယောက် ပြောနေတာ ယဲ့ယဲ့လေး ကြားလိုက်တယ်

"သမီးချောလေးရှိတာ ကောင်းလိုက်တ နှာထတဲ့လူကို အရူးကွက်နင်းပြီး ခိုင်းလို့ရတယ်လေ" 😉😉

!!"Congratulations ပါ မာမီ 😊!!"

😰

Original by ###အွပ် တ်



Welcome{ ​HERE } ​GO

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide