Blogger Widgets "ပြည်သူလူထုဝေဖန်မှုတွေမြင့်တက်ခဲ့တဲ့ ငြိမ်း၊စု၊စီ ဥပဒေပြင်ဆင်ချက်တွေလွှတ်တော်ကအတည်ပြုလိုက်ပြီ" - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

"ပြည်သူလူထုဝေဖန်မှုတွေမြင့်တက်ခဲ့တဲ့ ငြိမ်း၊စု၊စီ ဥပဒေပြင်ဆင်ချက်တွေလွှတ်တော်ကအတည်ပြုလိုက်ပြီ"




"ပြည်သူလူထုဝေဖန်မှုတွေမြင့်တက်ခဲ့တဲ့ ငြိမ်း၊စု၊စီ ဥပဒေပြင်ဆင်ချက်တွေလွှတ်တော်ကအတည်ပြုလိုက်ပြီ"

နေပြည်​​တော်​၊ ​မတ်​ ၇ ။ ။ ပြည်​သူလူထုရဲ့ ​ဝေဖန်​မှု​တွေ ရှိ​နေ​တဲ့ ငြိမ်း၊ စု၊ စီ ဥပ​ဒေမူကြမ်းပြင်​ဆင်​ချက်​​တွေကို အမျိုးသားလွှတ်​​တော်​က မဲခွဲဆုံးဖြတ်​ခဲ့ရာမှာ ​ထောက်​ခံမဲများပြားခဲ့တာ​ကြောင့်​ အတည်​ပြုခဲ့ပါတယ်​။

ငြိမ်းချမ်းစွာ စု​ဝေးခြင်းနှင့်​ ငြိမ်းချမ်းစွာ စီတန်းလှည့်​လည်​ခြင်းဆိုင်​ရာ ဥ​ပ​ဒေကို ပြင်​ဆင်​တဲ့ ဥပ​ဒေကြမ်းကို အတည်​ပြု ပြဋ္ဌာန်းနိုင်​ဖို့အတွက်​ ရန်​ကုန်​တိုင်း​ဒေသကြီး၊ မဲဆန္ဒနယ်​ အမှတ်​ ၃ မှ ​ဒေါက်​တာမြတ်​ဥာဏစိုး က အမျိုးသားလွှတ်​​တော်​ကို တင်​သွင်းခဲ့တာ ဖြစ်​ပါတယ်​။

အဆိုပါ ပြင်​ဆင်​ချက်​ ဥပ​ဒေမူကြမ်းကို အမျိုးသားလွှတ်​​တော်​မှာ ကိုယ်​စားလှယ်​ ၁၃ ဦးက ​​ဆွေး​နွေးဖို့ အမည်​စာရင်းတင်​သွင်းခဲ့ပြီး ကိုယ်​စားလှယ်​ ၁၂ ဦးက ကန့်​ကွက်​​ကြောင်း ​ဆွေး​နွေးခဲ့ပါတယ်​။ 

ဒီက​နေ့ အမျိုးသားလွှတ်​​တော်​မှာ ငြိမ်းချမ်းစွာ စု​ဝေးခြင်းနှင့်​ ငြိမ်းချမ်းစွာ စီတန်းလှည့်​လည်​ချင်းဆိုင်​ရာ ဥပ​ဒေကို ပြင်​ဆင်​တဲ့ ဥပ​ဒေကြမ်းကို တစ်​ပိုဒ်​ချင်းစီအလိုက်​ အတည်​ပြုနိုင်​ဖို့ မဲခွဲဆုံးဖြတ်​ခဲ့ရာမှာ​တော့ ​ထောက်​ခံမဲ များတဲ့အတွက်​ ဥပ​ဒေကြမ်းကို အမျိုးသားလွှတ်​​တော်​ က အတည်​ပြုခဲ့တာ ဖြစ်​ပါတယ်​။ 

Credit-Author- ​အောင်​မင်းသိန်း
Kumudra.




Welcome{ ​HERE } ​GO

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide