Monday, March 12, 2018

မြတ်​စွာဘုရားရှင်​သာရှင်းမပြခဲ့​သော်




Welcome{ ​HERE } ​GO



ဘုရားရှင်​သာ ရှင်းမပြခဲ့​သော်
-----------------------------------------

ဘုရားရှင်လက်ထပ်တော်အခါက အမျိုးကောင်းသား
တစ်ရောက်ဟာ သုမာဂဓ လို့ ခေါ်တဲ့ ရေကန်ဘောင်
ပေါ်မှာထိုင်ပြီး လောကကြီးအကြောင်းစဉ်းစား
နေခဲ့တယ် အဲဒီအချိန်မှာ ရေကန်ထဲက ကြာပင်ရဲ့
ကြာဆူးအပေါက်လေးတွေထဲကို ဆင်တပ်တွေ
မြင်းတပ်တွေ ရဲမတ် တွေဝင်သွားတာကို
သူ့ မျက်စိနဲ့ တွေ့ နေတော့ သူဟာ ငါများရူးသွားပြီလား
ဆိုပြီး တွေးနေခဲ့တယ်

အဲဒါကို သူက မကျေနပ်တော့ ဘုရားရှင်ကို
သွားလျောက်တော့ ဘုရားရှင်က ချစ်သား
မင်းမြင်တာဟုတ်တယ်တဲ့ မင်းရူးတာမဟုတ်ဘူးတဲ့
အဲဒီကိစ္စက အသူရာနဲ့ သိကြားမင်းနဲ့ စစ်ထိုးတော့
အသူရာက စစ်ရှုံးပြီး သူ့ တိုင်းပြည်ကို မြန်မြန်
ရောက်အောင် ဖြတ်လမ်းကနေ ပြေးတာတဲ့

ကဲ အဲဒီဖြစ်စဉ်ကို ဘုရားရှင်အာမခံမပေးရင်
တလောကလုံးကလူတွေ က သူ့ ကိုဘယ်လို
ပြောကြမလဲ   အရူးပဲပြောကြမှာပါ

တကယ်တော့ ပုထုဇဉ်ရဲ့ဥာဏ်နဲ့ မမှီနိုင်တဲ့
အကြောင်းအရာတွေဟာ လောကမှာ အများကြီးရှိပါတယ်

တချို့ က သက်သေပြချက်ရှိမှ ယုံနိုင်မယ်ဆိုရင်
အဲလိုဖြစ်စဉ်မျိုးတွေကို ဘယ်လိုပြောမလဲ

ဗုဒ္ဓက ဖြစ်စဉ်တခုကို ယုံကြည်ဖို့ အတွက်
အကြောင်းသုံးချက်ရှိတယ်တဲ့

၁ မြက်မြင်ကိုယ်တွေ့ အားဖြင့်၎င်း

၂ စဉ်းစားဆင်ခြင်ဝေဖန်ပိုင်းခြားခြင်းဖြင့်၎င်း

၃ သမ္မာသံဗုဒ္ဓဘုရားရှင်တို့ ၏ ဟောပြောမှု့ ကြောင့်၎င်း

အဲဒီသုံးချက် တချက်ချက်ကြောင့်ယုံကြည်သင့်တယ်တဲ့

သိပ္ပံပညာရှင်ဆိုတာတွေက မျက်မြင်ကြောင့်
ယုံကြည်သင့်တဲ့အရာတွေ

မြင်းမိုရ်တောင်တို့ ကံ၏ အကျိုးတရားတို့ ဆိုတာတွေက
စဉ်းစားဆင်ခြင်ပြီးယုံကြည်သင့်တာ
(ဥပမာ   မြင်းမိုရ်တောင်ကို မြင်ချင်ရင် အဘိဥာဏ်
ရအောင်အားထုတ်ကြည့် တွေ့ နိုင်တယ်
ကံအကျိုးကြောင့်ဖြစ်နေတာတွေကတော့
အများကြီးပါ ဒီဘဝအသတ်ခံရတာဟာ
သူများကိုသတ်ခဲ့လို့ ဆိုတာမျိုး ဆင်းရဲတာဟာ
သူများဥစ္စာခိုးခဲ့လို့ ဆိုတာမျိုးတွေကတော့
အများကြီးပါပဲ)

ဘာမြူဒါတြိဂံအကြောင်းတို့  ကမ္ဘာကြီးရဲ့
အသက်တမ်းကိုတွက်တာတို့  ဖြစ်နေတဲ့စိတ်ကို
နာမည်တပ်ပေးတာမျိုးတို့ ဆိုတာတွေကတော့
သမ္မာသံဗုဒ္ဓဘုရားရှင်တို့ ရဲ့အရာတွေပါ
ဒါကိုတော့ အဘိဥာဏ်ရလည်းမစွမ်းနိုင်ပါဘူး
နတ်ဗြဟ္မာတွေလည်းမစွမ်းနိုင်ပါဘူး
ဘုရားရှင်တို့ ရဲ့အရာမို့ ပါ

ဒါ့ကြောင် ဒီကနေ့ လောကကြီးမှာဖြစ်နေတဲ့
ဖြစ်စဉ်တိုင်းကိုသိပ္ပံက မမှီဘူးဆိုတာ အဲဒါကြောင့်ပါ
-
ဒါကိုပဲ သိပ္ပံက သက်သေမပြနိုင်လို့ မယုံကြည်ဘူး
ဆိုပြီး ဖင်ပိတ်ငြင်းနေရင်တော့ အဖြေမထုတ်နိုင်ပဲ
ဖင်ချည်းပိတ်နေရမဲ့ အရာတွေဟာ အများကြီး
တွေ့ နေရဦးမှာပါပဲ

          ခရက်​ဒစ်​-      ဦးမြင့်​ခိုင်

share

No comments:

Post a Comment