Blogger Widgets ဆီးချို ရောဂါ အတွက် ကြက် နဲ သံပုရာသီး - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

ဆီးချို ရောဂါ အတွက် ကြက် နဲ သံပုရာသီး


ဆီးချို ရောဂါ အတွက် ကြက် နဲ သံပုရာသီး ပဲလိုတယ်









လူတယောက်ဟာ တနေ့ မှာနေမကောင်းဖြစ်သတဲ့ သူဟာ အာတွေခြောက်ပြီး အမြဲ ရေဆာ ထမင်း လည်း အမြဲဆာနေသလို တုန်နေသတဲ့ ချွေးစေး တွေပြန် ဆီး ကခဏခဏသွားတာနဲ့ ဆရာဝန်ပြ စစ်ဆေးကြည့်တော့ ဆီးချို ရောဂါ ဖြစ်နေပါသတဲ့ ဒီလို နဲ့  ဆေးစားလာတာ ၂ နှစ်လောက် ကြာပါတယ်
အသက် ၅၇ မှာ မလေးရှား က သူ့ မောင်နှမတွေဆီလာလည်တော့ သူ့ မှာ ဆီးချို ရောဂါ ဖြစ်နေတာကို သိတော့ ညီတယောက်က ဒီ ကြက်သံပုရာပေါင်း ကို လုပ်ကျွေး ပါတယ်
နှစ်ပေါင်း ၂၅ နှစ်လောက် ဆီးချို ရောဂါ ခံစားနေရတဲ့သူက ဒီနည်းနဲ့ ပျောက်ကင်းသက်သာရာရခဲ့လို့  သူလည်း ပျောက်ချင်စိတ်နဲ့  သောက်ပါသတဲ့
ကြက်ပေါင်း နည်းက ၆၀သားလောက် အနေတော် ကြက် တကောင်ကို ခြေထောက်နဲ့  ခေါင်း ဖြတ်ပြီး သံပုရာသီး ၄ လုံးကို ထက်ခြမ်းခွဲ ထည့် ဆား အနည်းငယ် နဲ့  ရေကို ကြက် မြုပ်ရုံထည့်ပြီး ပေါင်းတာ ပါပဲ
အဲဒီ ကြက်ပေါင်း ကို သူ့ ဆွေမျိုးတွေက သူမလေးရှားမှာနေစဉ် ၄ ကြိမ် လုပ်ကျွေးခဲ့တယ်
အရသာက ဆိုးတော့ ကြက်တကောင်ပေါင်းရင် ကုန်အောင် တပတ်လောက်ထားစားရသတဲ့
သူက ဆွပ်ပ် သောက်သလို သောက်လိုက် ညလယ်စာအဖြစ် တရေးနိုးထစားလိုက်နဲ့  လုပ်ခဲ့ပါတယ်
ဒီလိုနဲ့  ၂ လ အကြာ သူ ထိုင်ဝမ်ကို ပြန်တဲ့အခါ ဆေးစစ်ကြည့်တော့ ဆီးချို အတက်အကျ မရှိတော့လို့  ဆရာဝန် က ဆီးချိုအတွက် သောက်ရတဲ့ဆေးတွေ ဖြတ်ပေးလိုက်ပါတယ်
ဆီးချို တိုင်း ကိရိယာ လေးနဲ့  အမြဲပဲ စောင့်စစ်ဆေးတော့လဲ ပုံမှန်ပဲ ဖြစ်နေပါတယ်
အဲဒီနောက်ပိုင်းလည်း တစ်လ တကြိမ်လောက်တော့လုပ်စားဖြစ်ပါတယ်
ခုဆို သူဟာ အသက် ၇၁ နှစ် သားသမီး မြေးမြစ်တွေရှိရာ ကနေဒါနဲ့  အမေရိကား မှာ သွားရောက်နေထိုင်ရင်း ကျန်းမာစွာနဲ့  ဘဝကို ဖြတ်သန်းနေပါသတဲ့
ဆီးချို အတွက် လုပ်စားကြည့်လို့ လည်း ဥပါဒ် မဖြစ်နိုင် ပျောက်ရင် အမြတ် မပျောက်ရင် အရင်း ဆိုပြီး ဆီးချို ဝေဒနာသည်တယောက်ကို ဒီနေ့  ကြက်သံပုရာပေါင်း လုပ်ကျွေးပါတယ်
*အတွင်းကလီစာများကို ထုတ်ပြီး သန့် စင်ထားတဲ့ ကြက် ( မွေးမြူရေး ကြက် မဟုတ်တဲ့ ဗမာကြက် ရရင် ပိုကောင်းပါတယ် )
ကို ခေါင်း နဲ့  ခြေထောက်ဖြတ်ပြီး သံပုရာသီး ၄ လုံးကို ကို ခြမ်းပြီး ကြက် ကို ရေမြုပ်ရုံထည့် ပြီး မီးအေးအေး မှာ ၂ ထပ်ပေါင်းအိုးနဲ့  ၁ နာရီ နီးပါး ပေါင်းပါတယ်
ဒယ်အိုးထဲမှာရေထည့်ပြီး ကြက်ထည့်ထားတဲ့ အိုးကိုထည့်ပေါင်းလည်းရပါတယ်
ဟပ်က ( Hokkien ) လူမျိုးတို့ ရဲ့  ရိုးရာ ဆေးနည်း လို့  သိရပါတယ် ဆေးလည်း အစာ အစာ လည်း ဆေး ပေါ့နော် ..

လည်ပတ်ရန်{ ​ဒီ​မှာ } ​သွား​လိုက်​ပါ

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide