Blogger Widgets နယူးဇီလန္ ဒုတိယအႀကိမ္ေျမာက္ အီလက္ထရြန္ ဒံုးပ်ံ လႊတ္တင္ (႐ုပ္သံ) - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

နယူးဇီလန္ ဒုတိယအႀကိမ္ေျမာက္ အီလက္ထရြန္ ဒံုးပ်ံ လႊတ္တင္ (႐ုပ္သံ)

နယူးဇီလန္ ဒုတိယအႀကိမ္ေျမာက္ အီလက္ထရြန္ ဒံုးပ်ံ လႊတ္တင္ (႐ုပ္သံ)

ဇန္န၀ါရီ ၂၁ ရက္က နယူးဇီလန္နုိင္ငံ မာဟီရာကၽြန္းဆြယ္ကေန ဒုတိယေျမာက္ စမး္သပ္ပစ္လႊတ္မႈအျဖစ္ အီလက္ထရြန္ ဒံုးပ်ံတစင္းကို ေအာင္ျမင္စြာ ပစ္လႊတ္ႏုိင္ခဲ့ပါတယ္။
အဲဒီ ဒံုးပ်ံကို စီလီကြန္ဗယ္လီက ရန္ပံုေငြ ေထာက္ပံ့တဲ့ ဒံုးပ်ံကုမၸဏိီ Rocket Lab ကေန လႊတ္တင္ခဲ့တာပါ။
“စမး္သပ္ဆဲ” လို႔ အမည္ေပးထားတဲ့ ဒီမစ္ရွင္ဟာ အေမရိကန္ ေလေၾကာင္းအာကာသ ကုမၸဏိီအတြက္ ဒုတိယအႀကိမ္ ေအာင္ျမင္စြာ လႊတ္တင္ျခင္းျဖစ္ပါတယ္။
အဲဒီ ဒံုးပ်ံကုမၸဏီဟာ ၂၀၁၅ ခုႏွစ္က ပထမဆံုးအႀကိမ္ ဒံုးပ်ံစတင္ လႊတ္တင္ခဲ့ပါတယ္။
အခု လႊတ္တင္လုိက္တဲ့ ဒံုးပ်ံဟာ မိုးေလ၀သနဲ႔ ကုန္တင္ပို႔ျခင္းကို ေျခရာခံမယ့္ ၿဂိဳဟ္တုေတြကို တင္ေဆာင္သြားခဲ့ၿပီး ကုမၸဏီကို ေဒတာေတြနဲ႔ စမး္သပ္ခ်က္စနစ္ေတြ စုေဆာင္းရရိွေစမွာ ျဖစ္ပါတယ္။
Rocket Lab ဒံုးပ်ံကုမၸဏိီရဲ႕ CEO ျဖစ္သူ ပီတာဘက္ခ္က အာကာသကို လူသားေတြေရာက္ရိွဖို႔ ေငြေၾကးနဲ႔ အတားအဆီးေတြကို ဖယ္ရွားႏုိင္မယ္လုိ႔ ေမ်ာ္လင့္ေၾကာင္း ၀က္ဘ္ဆုိက္မွာ ေျပာၾကားခဲ့ပါတယ္။
DVB

(Unicode)

နယူးဇီလန် ဒုတိယအကြိမ်မြောက် အီလက်ထရွန် ဒုံးပျံ လွှတ်တင် (ရုပ်သံ)

ဇန်နဝါရီ ၂၁ ရက်က နယူးဇီလန်နိုင်ငံ မာဟီရာကျွန်းဆွယ်ကနေ ဒုတိယမြောက် စမ်းသပ်ပစ်လွှတ်မှုအဖြစ် အီလက်ထရွန် ဒုံးပျံတစင်းကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ပါတယ်။
အဲဒီ ဒုံးပျံကို စီလီကွန်ဗယ်လီက ရန်ပုံငွေ ထောက်ပံ့တဲ့ ဒုံးပျံကုမ္ပဏီ Rocket Lab ကနေ လွှတ်တင်ခဲ့တာပါ။
“စမ်းသပ်ဆဲ” လို့ အမည်ပေးထားတဲ့ ဒီမစ်ရှင်ဟာ အမေရိကန် လေကြောင်းအာကာသ ကုမ္ပဏီအတွက် ဒုတိယအကြိမ် အောင်မြင်စွာ လွှတ်တင်ခြင်းဖြစ်ပါတယ်။
အဲဒီ ဒုံးပျံကုမ္ပဏီဟာ ၂၀၁၅ ခုနှစ်က ပထမဆုံးအကြိမ် ဒုံးပျံစတင် လွှတ်တင်ခဲ့ပါတယ်။
အခု လွှတ်တင်လိုက်တဲ့ ဒုံးပျံဟာ မိုးလေဝသနဲ့ ကုန်တင်ပို့ခြင်းကို ခြေရာခံမယ့် ဂြိုဟ်တုတွေကို တင်ဆောင်သွားခဲ့ပြီး ကုမ္ပဏီကို ဒေတာတွေနဲ့ စမ်းသပ်ချက်စနစ်တွေ စုဆောင်းရရှိစေမှာ ဖြစ်ပါတယ်။
Rocket Lab ဒုံးပျံကုမ္ပဏီရဲ့ CEO ဖြစ်သူ ပီတာဘက်ခ်က အာကာသကို လူသားတွေရောက်ရှိဖို့ ငွေကြေးနဲ့ အတားအဆီးတွေကို ဖယ်ရှားနိုင်မယ်လို့ မျော်လင့်ကြောင်း ဝက်ဘ်ဆိုက်မှာ ပြောကြားခဲ့ပါတယ်။
DVB

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide