Blogger Widgets ဖိုက်တင်ဇာတ်ကား စရိုက်နေပြီဖြစ်တဲ့ သရုပ်ဆောင် ရဲမင်းပိုင် - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

ဖိုက်တင်ဇာတ်ကား စရိုက်နေပြီဖြစ်တဲ့ သရုပ်ဆောင် ရဲမင်းပိုင်


ဖိုက်တင်ဇာတ်ကား စရိုက်နေပြီဖြစ်တဲ့ သရုပ်ဆောင် ရဲမင်းပိုင်




မြန်မာဖိုက်တင်သရုပ်ဆောင် ရဲမင်းပိုင်တစ်ယောက်ကတော့ ခုဆိုရင် ပရိတ်သတ်အတွက် ဖိုက်တင်ဇာတ်ကား စတင်ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ မြန်မာပြည်နဲ့ ဝေးကွာခဲ့တာ ၁၄ နှစ်ကျာ်ရှိခဲ့တဲ့ ရဲမင်းပိုင်က ခုဆိုရင် မြန်မာပြည်ကို ပြန်ရောက်လာပြီး ပရိသတ်အတွက် တာဝန်ကျေဖို့ အနည်းဆုံး ဇာတ်ကား ၃ ကားလောက် စိတ်တိုင်းကျ ရိုက်ကူးသွားမယ်လို့ ပြောခဲ့ပါတယ်။
လာမည့်လမှာတော့ စိန်ခေါ်နေတဲ့စိတ် ဆိုတဲ့ ရုပ်ရှင်ကားကို ဒါရိုက်တာဂျိုးနဲ့ ရိုက်ကူးသွားဖို့ရှိပါတယ်။ ခုလောလောဆယ်မှာတော့ ပရိတ်သတ်အတွက် ရှေ့ပြေးကြည့်လို့ရအောင် ခပ်မိုက်မိုက် ဖိုက်တင်အခန်းလေးတွေထည့်သွားထားတဲ့ အမြည်းဗွီဒီယိုဖိုင်တစ်ခု ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဒါကို အွန်လိုင်းကနေ တင်ပေးလိုက်မှာပဲ ဖြစ်ပါတယ်။

ရဲမင်းပိုင်ဟာ တစ်ချိန်က မြန်မာနိုင်ငံကျေးလက် ဗွီဒီယိုရုံတွေမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်ခဲ့ပြီး ရုံပြည့်အောင် လက်ခုပ်တီး အားပေးမှုရရှိခဲ့သူဖြစ်ပါတယ်။ ခုတော့ ပရိတ်သတ်တွေနဲ့ နှစ်များစွာ ဝေးကွာခဲ့ပြီးမှာ ပရိတ်သတ်အတွက် ပြန်လည်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ သူပြန်လာတဲ့နေ့ကလည်း ပရိတ်သတ်နဲ့ မီဒီယာများစိတ်ဝင်စားမှုရှိခဲ့ကြပါတယ်။

မြန်မာဇာတ်ကားတွေကို ပေါကားလို့ ဝေဖန်ခံနေရတဲ့ ခုချိန်မှာ ဟာသကားတွေပဲ ဆက်တိုက်ထွက်နေပြီး ဖိုက်တင်ကားပိုင်းအများစုကိုတော့ နယ်မင်းသား နေထူးနိုင်က ဖန်တီးနေပြီး ဝေဖန်လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ခုတော့ ရဲမင်းပိုင် ပြန်ရောက်လာပြီး မြန်မာဖိုက်တင်ကားလောကကို တစ်ခေတ်ဆန်းစေမလား ဆိုတာတော့ မကြာခင် သိရတော့မှာပဲ ဖြစ်ပါတယ်။


Welcome{ ​HERE } ​GO

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide