Blogger Widgets ဦးကိုနီလုပ်ကြံခံရမှု ပုံဖော်ပြသမှုကြောင့် အိမ်ရှင်ကို ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ဖမ်းဝရမ်းထုတ် - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

ဦးကိုနီလုပ်ကြံခံရမှု ပုံဖော်ပြသမှုကြောင့် အိမ်ရှင်ကို ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ဖမ်းဝရမ်းထုတ်

ဦးကိုနီလုပ်ကြံခံရမှု ပုံဖော်ပြသမှုကြောင့် အိမ်ရှင်ကို ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ဖမ်းဝရမ်းထုတ်

=====================================================================
=====================================================================

သာကေတမြို့နယ်တွင် ‘မင်းတို့ထမင်းဝအောင်စားထား’ စာတန်းပါ အင်္ကျီများဝတ်ဆင်၍ မုန့်ဟင်းခါးစတုဒိသာကျွေးမွေး ကာ ကြည်လင်းက ဦးကိုနီကို လုပ်ကြံခဲ့သည့် မြင်ကွင်းအတိုင်း ပုံဖော်ပြုလုပ်ခဲ့မှုကြောင့် ယင်းအလှူပြုလုပ်သော အိမ်ရှင်တင်လင်း ထိုက်ကို ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့် ဖမ်းဝရမ်းထုတ်ထားသည်။
ဖေဖော်ဝါရီ ၁၀ ရက်က သာကေတမြို့နယ်၌ အမျိုးသားရေးလှုပ်ရှားသူ မျိုးချစ်သွေးဓမ္မကွန်ရက်မှ တင်လင်း ထိုက်၏နေအိမ်တွင် ၎င်း၏သား (၂)နှစ်ပြည့် မွေးနေ့အလှူဆိုကာ ထမင်းဝအောင်စားထား စာတန်းပါ အင်္ကျီဝတ်ဆင်ပြီး လေဆိပ်၌ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ကလေးချီထားစဉ် သေနတ်သမား ကြည်လင်းက နားထင်နောက်ကို သေနတ်ဖြင့်တေ့၍ လုပ်ကြံခဲ့သည့် ပုံစံအတိုင်း ပုံဖော်ထားသည့် ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။
ထိုသို့ ပြုလုပ်မှုကြောင့် သာကေတမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက တရားလိုပြု လုပ်၍ တရားရုံးတွင် ဦးတိုက် လျှောက်တိုင်ကြားရာ တရားသူ ကြီးက ဖေဖော်ဝါရီ ၁၃ ရက်တွင် ပုဒ်မ ၅၀၅ (ခ)ဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့သည်။
‘‘မြို့နယ်ထွေအုပ်က တိုင် ကြားလို့ တရားသူကြီးက ဖမ်း ဝရမ်းထုတ်ပေးလိုက်တာ’’ဟု ရန် ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဖမ်းဝရမ်း ထုတ်ခံရသော တင်လင်းထိုက်၏ နေအိမ်သို့ ဖေဖော်ဝါရီ ၁၃ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရန် လာရောက်ခဲ့ကြောင်း အမျိုးသားရေးလှုပ်ရှားသူ ဦးတင့်လွင်ကပြောသည်။ ထိုသို့ လာရောက်မှုကြောင့် ၎င်း၏အမေ နှလုံးထိခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၆ ရက်တွင် ကွယ်လွန်ခဲ့ကြောင်း ၎င်းကပြောသည်။
‘‘ရဲတွေက လာဖမ်းတာကို မြင်တော့ သူ့အမေက နှလုံးထိ ခိုက်သွားတာ။ ဖေဖော်ဝါရီ ၁၈ ရက်နေ့က သင်္ဂြိုဟ်လိုက်တယ်။ အဲဒီကိုလည်း သားတစ်ယောက် အနေနဲ့ လာလို့မရတော့ လူတွေ က စိတ်တိုကြတာပေါ့ကွာ။ ဒါက အဖမ်းမခံချင်လို့မဟုတ်ဘူး။ ဘာ မှမဟုတ်တာကို အထဲအဝင်မခံ ချင်တာ’’ဟု ဦးတင့်လွင်က ဆို သည်။
‘‘ကျွန်တော်လည်း မသိဘူး။ လာတဲ့သူတွေက သူတို့ဘာသာ သူတို့ဝတ်လာတဲ့ အင်္ကျီတွေပါ’’ ဟု 7Day Dailyသတင်းစာအား တင်လင်းထိုက်က ဖြေကြားထား သည်။
မင်းတို့ထမင်းဝအောင်စား ထား စာတန်းပါ အင်္ကျီဝတ်ဆင်၍ လူသတ်သမား ကြည်လင်းကို ထောက်ခံအားပေးကြောင်း တရားရုံးထိ လာရောက်ဝန်းရံခဲ့သူ အမျိုးသားရေးလှုပ်ရှားသူ လေး ဦးကိုလည်း ဖေဖော်ဝါရီ ၆ ရက် တွင် ဖမ်းဝရမ်းထုတ်ပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက်၌ သာ ကေတမြို့နယ်ရှိ အမျိုးသားရေး လှုပ်ရှားသူများက ထိုအင်္ကျီများ ဝတ်ဆင်ကာ ကြည်လင်းက ဦးကို နီကို သတ်ခဲ့သည့် ပုံစံအတိုင်း ပုံဖော်ခဲ့ခြင်းဖြစ်သည်။
ပျံ့နှံ့လာသော ဓာတ်ပုံများ တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့စ်ဘွတ်ခ်ပေါ်မှ စော်ကားရေး သားမှုကြောင့် ထောင်ခြောက်လ ကျခဲ့ဖူးသူ ပဲခူးမြို့နေ စန္ဒီမြင့် အောင်ကလည်း ထမင်းဝအောင်စားထားစာတန်းပါ အင်္ကျီဝတ်ဆင်၍ လက်ညှိုးထိုးထားသည့် ဓာတ်ပုံလည်း ပါဝင်သည်။
မင်းတို့ ထမင်းဝအောင်စား ထား စာတန်းပါ အင်္ကျီကို ဝတ် ဆင်၍ လူသတ်သမားကြည်လင်း ကို ထောက်ခံအားပေးမှုနှင့်ပတ် သက်ပြီး လူငါးဦးကို ဖမ်းဝရမ်း ထုတ်ထားသည်။
==============
7Day News Journal
http://7daydaily.com/story/120790
#​ဖေ​အောင်
Image may contain: one or more people and people standing



လည်ပတ်ရန်{ ​ဒီ​မှာ } ​သွား​လိုက်​ပါ

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide