Blogger Widgets ဒီေန႕မွာထြက္ရွိလာတဲ့ သားငယ္ရဲ႕ “လမ္းကေလး” - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

ဒီေန႕မွာထြက္ရွိလာတဲ့ သားငယ္ရဲ႕ “လမ္းကေလး”

ဒီေန႕မွာထြက္ရွိလာတဲ့ သားငယ္ရဲ႕ “လမ္းကေလး”


သီခ်င္းၾကည့္ရန္ႏွင့္ သီခ်င္းအား ေဒါင္းေလာ့ဆြဲရန္ ေအာက္ဆံုးသို႔သြားပါ
MOON MYANMAR MEDIA ကေန တစ္ႏုိင္ငံလံုးကို ျဖန္႕ခ်ိသြားမွာ ျဖစ္ပါတယ္။
Myanmar Idol ၿပိဳင္ပြဲရဲ႕ Winner တစ္ဦးျဖစ္တဲ့ သားငယ္ရဲ႕ ပထမဆံုး တစ္ကိုယ္ေတာ္အေခြကေတာ့ ဒီေန႕(ေဖေဖာ္ဝါရီ ၂ရက္)မွာထြက္ရွိလုိ႕ လာၿပီျဖစ္ပါတယ္။
ပရိသတ္ေတြကို အသစ္အသစ္ေတြ ခ်ျပခ်င္တဲ့ သားငယ္ရဲ႕ ဆႏၵေၾကာင့္အေခြကိုလည္း ျမန္ျမန္ထြက္ေစခ်င္ခဲ့တဲ့ သားငယ္ရဲ႕ စိတ္ဆႏၵလည္း ျပည့္ဝသြားခဲ့ပါၿပီ။
သားငယ္ရဲ႕ လမ္းကေလးဆိုတဲ့ ပထမဆံုး တစ္ကိုယ္ေတာ္အေခြကိုေတာ့ Moon Myanmar Media ကေန တစ္ႏိုင္ငံလံုးကို ျဖန္႕ခ်ိသြားမွာ ျဖစ္ပါတယ္။
အရမ္းႀကိဳက္တဲ့ ေတးေရးဆရာေတြက ေရးေပးထားတဲ့ သီခ်င္းေတြလည္း ပါဝင္ၿပီး ပရိသတ္အႀကိဳက္နဲ႔ သားငယ္အႀကိဳက္ ထပ္တူက်ရင္ေတာ့ ထူးျခားသြားႏုိင္တယ္လုိ႔ ဆုိပါတယ္။
အရမ္းႀကိဳက္တဲ့ ေတးေရးဆရာေတြက ေရးေပးထားတဲ့ သီခ်င္းေတြလည္း ပါဝင္ၿပီး ပရိသတ္အႀကိဳက္နဲ႔ သားငယ္အႀကိဳက္ ထပ္တူက်ရင္ေတာ့ ထူးျခားသြားႏုိင္တယ္လုိ႔ ဆုိပါတယ္။
” သီခ်င္းကေတာ့ ကၽြန္ေတာ္ေရးတာမပါဘူး ကၽြန္ေတာ္သိပ္မေရးတတ္ဘူး။ သီခ်င္းေတြကလည္း တီးထား၊ ဆုိထားတာ ၁၄ ပုဒ္ေလာက္ရွိတယ္။ အဲ့ဒီထဲကေနျပန္ေရြးရမယ္ဆုိေတာ့ ေတးေရးအေန နဲ႔ ကုိေအာင္ကုိျမင့္၊ ကုိလင္းလင္း၊ ကုိညီမင္းခုိင္ တုိ႔ ကၽြန္ေတာ္အရမ္းႀကိဳက္ရတဲ့သူေတြပဲ ေလ၊ ၿပီးေတာ့ ကုိသာဒီးလူတုိ႔လည္းပါမယ္ေပါ့။ ထူးျခားတာ မထူးျခားတာကေတာ့ နားေထာင္တဲ့သူေတြရဲ႕ နားထဲမွာ ခ်ဳိခ်ဳိဝင္မလား ကန္႔လန္႔ ဝင္မလား အကဲျဖတ္ပါလိမ့္မယ္။ သူတုိ႔ႀကိဳက္တာ ကၽြန္ေတာ္ႀကိဳက္တာ ထပ္တူက်ရင္ေတာ့ သူတုိ႔နားထဲမွာ ထူးျခား သြားႏုိင္တာေပါ့” လုိ႔ သားငယ္ကေၿပာပါတယ္။
ပထမဆုံးတစ္ကုိယ္ေတာ္အေခြအတြက္ ပရိသတ္ေတြရဲ႕ ေဝဖန္မႈကုိလည္း နားေထာင္ခ်င္သလုိ ကုိယ့္ကုိယ္ကုိ ျပန္သုံးသပ္တာ မ်ဳိးေတြရွိတယ္လုိ႔ ဆုိပါတယ္။
” ပရိသတ္ရဲ႕ Feedback ကုိလည္း နားေထာင္ပါတယ္။ ကုိယ့္ကုိယ္ကုိလည္း Feedback ျပန္ေပးပါတယ္။ ပရိသတ္ေတြကလည္း အသစ္ကို ေတာ္ေတာ္ နားေထာင္ခ်င္ေနၿပီ ဒါဟာသဘာဝပဲ အသစ္ေတြ နားေထာင္ခ်င္လုိ႔လည္း ကၽြန္ေတာ့္ကုိ အခ်ိန္ကုန္ခံ၊ ေငြကုန္ခံ၊ လင္မယားေတြ စကားမ်ားၾကၿပီး ကၽြန္ေတာ့္ကုိ Vote ေပးခဲ့ရတာေလ။ တစ္ခါလာလည္း ၿပိဳင္ပြဲ တုန္းက သီခ်င္းေတြပဲဆုိရင္ ျငီးေငြ႔လာမယ္ လုိ႔ထင္တယ္၊ ကၽြန္ေတာ္ကုိယ္တုိင္ကလည္း အသစ္ အသစ္ေတြ လုပ္ျပခ်င္တယ္” လုိ႔ ေျပာပါတယ္။
အဆုိေတာ္ သားငယ္ကုိေတာ့ Myanmar idol Season 2 ကေန ပရိသတ္အားေပးမႈအမ်ားႀကီးရရွိခဲ့တဲ့ အႏုပညာရွင္ တစ္ေယာက္ျဖစ္ပါတယ္။
Photo : ပိုးမီ FB
from@duwun
(Unicode)

ဒီနေ့မှာထွက်ရှိလာတဲ့ သားငယ်ရဲ့ “လမ်းကလေး”

သီချင်းကြည့်ရန်နှင့် သီချင်းအား ဒေါင်းလော့ဆွဲရန် အောက်ဆုံးသို့သွားပါ
MOON MYANMAR MEDIA ကနေ တစ်နိုင်ငံလုံးကို ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။
Myanmar Idol ပြိုင်ပွဲရဲ့ Winner တစ်ဦးဖြစ်တဲ့ သားငယ်ရဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေကတော့ ဒီနေ့(ဖေဖော်ဝါရီ ၂ရက်)မှာထွက်ရှိလို့ လာပြီဖြစ်ပါတယ်။
ပရိသတ်တွေကို အသစ်အသစ်တွေ ချပြချင်တဲ့ သားငယ်ရဲ့ ဆန္ဒကြောင့်အခွေကိုလည်း မြန်မြန်ထွက်စေချင်ခဲ့တဲ့ သားငယ်ရဲ့ စိတ်ဆန္ဒလည်း ပြည့်ဝသွားခဲ့ပါပြီ။
သားငယ်ရဲ့ လမ်းကလေးဆိုတဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေကိုတော့ Moon Myanmar Media ကနေ တစ်နိုင်ငံလုံးကို ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။
အရမ်းကြိုက်တဲ့ တေးရေးဆရာတွေက ရေးပေးထားတဲ့ သီချင်းတွေလည်း ပါဝင်ပြီး ပရိသတ်အကြိုက်နဲ့ သားငယ်အကြိုက် ထပ်တူကျရင်တော့ ထူးခြားသွားနိုင်တယ်လို့ ဆိုပါတယ်။
အရမ်းကြိုက်တဲ့ တေးရေးဆရာတွေက ရေးပေးထားတဲ့ သီချင်းတွေလည်း ပါဝင်ပြီး ပရိသတ်အကြိုက်နဲ့ သားငယ်အကြိုက် ထပ်တူကျရင်တော့ ထူးခြားသွားနိုင်တယ်လို့ ဆိုပါတယ်။
” သီချင်းကတော့ ကျွန်တော်ရေးတာမပါဘူး ကျွန်တော်သိပ်မရေးတတ်ဘူး။ သီချင်းတွေကလည်း တီးထား၊ ဆိုထားတာ ၁၄ ပုဒ်လောက်ရှိတယ်။ အဲ့ဒီထဲကနေပြန်ရွေးရမယ်ဆိုတော့ တေးရေးအနေ နဲ့ ကိုအောင်ကိုမြင့်၊ ကိုလင်းလင်း၊ ကိုညီမင်းခိုင် တို့ ကျွန်တော်အရမ်းကြိုက်ရတဲ့သူတွေပဲ လေ၊ ပြီးတော့ ကိုသာဒီးလူတို့လည်းပါမယ်ပေါ့။ ထူးခြားတာ မထူးခြားတာကတော့ နားထောင်တဲ့သူတွေရဲ့ နားထဲမှာ ချိုချိုဝင်မလား ကန့်လန့် ဝင်မလား အကဲဖြတ်ပါလိမ့်မယ်။ သူတို့ကြိုက်တာ ကျွန်တော်ကြိုက်တာ ထပ်တူကျရင်တော့ သူတို့နားထဲမှာ ထူးခြား သွားနိုင်တာပေါ့” လို့ သားငယ်ကပြောပါတယ်။
ပထမဆုံးတစ်ကိုယ်တော်အခွေအတွက် ပရိသတ်တွေရဲ့ ဝေဖန်မှုကိုလည်း နားထောင်ချင်သလို ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တာ မျိုးတွေရှိတယ်လို့ ဆိုပါတယ်။
” ပရိသတ်ရဲ့ Feedback ကိုလည်း နားထောင်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း Feedback ပြန်ပေးပါတယ်။ ပရိသတ်တွေကလည်း အသစ်ကို တော်တော် နားထောင်ချင်နေပြီ ဒါဟာသဘာဝပဲ အသစ်တွေ နားထောင်ချင်လို့လည်း ကျွန်တော့်ကို အချိန်ကုန်ခံ၊ ငွေကုန်ခံ၊ လင်မယားတွေ စကားများကြပြီး ကျွန်တော့်ကို Vote ပေးခဲ့ရတာလေ။ တစ်ခါလာလည်း ပြိုင်ပွဲ တုန်းက သီချင်းတွေပဲဆိုရင် ငြီးငွေ့လာမယ် လို့ထင်တယ်၊ ကျွန်တော်ကိုယ်တိုင်ကလည်း အသစ် အသစ်တွေ လုပ်ပြချင်တယ်” လို့ ပြောပါတယ်။
အဆိုတော် သားငယ်ကိုတော့ Myanmar idol Season 2 ကနေ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။
Photo : ပိုးမီ FB
from@duwun

Download Here

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide