Blogger Widgets ဓားကိုင်၍ ပြစ်မှုကျူးးလွန်သူအား ရဲတပ်ဖွဲ့ ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များက သွားရောက်တားမြစ်စဉ် ပြန်လည် ရန်ပြုသဖြင့် pump Action သေနတ်ဖြင့် ပတ်ခတ်ဖမ်းဆီး - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

ဓားကိုင်၍ ပြစ်မှုကျူးးလွန်သူအား ရဲတပ်ဖွဲ့ ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များက သွားရောက်တားမြစ်စဉ် ပြန်လည် ရန်ပြုသဖြင့် pump Action သေနတ်ဖြင့် ပတ်ခတ်ဖမ်းဆီး




My  Page  from  share


ရန်ကုန်- ဇန်နဝါရီ ၂၈

ဇန်နဝါရီ ၂၈ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် တွင် ကွမ်းခြံကုန်းမြို့နယ်၊
ကန်လျားရှည်ကျေးရွာအုပ်စု  ကန်လျား ရှည်ကျေးရွာနေ ဦးဖိုးချိနေအိမ်တွင်
လွန်ခဲ့သည့် ၂ ရက်ခန့်က အလည်လိုက်လာသူ ငရဲ(ခ)ရန်ကွိုင်း(၃၀)နှစ်
မန်းဘူးကျေးရွာ နမ့်ခမ်းမြို့နယ် ရှမ်းပြည်နယ်(မြောက်ပိုင်း) နေသူ
ဦးဖိုးချို နှင့်ဇနီးဖြစ်သူ ဒေါ်ခင်သိန်းတို့ စကားပြောနေစဉ် ငရဲ(ခ)ရန်ကွိုင်း မှ
ဒေါ်ခင်သိန်းအား တုတ်ဖြင့်ရိုက်၍ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ
ရရှိခဲ့ပြီး ဒေါ်ခင်သိန်း၏ တူမဖြစ်သူ မလဲ့လဲ့ဝင်းအား ထပ်မံ၍ ဓားမဖြင့်ခုတ်
သဖြင့် မလဲ့လဲ့ဝင်းတွင် ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာ အုတ်နီခဲဖြင့်
ထု၍ ငယ်ထိပ်ပေါက်ပြဲဒဏ်ရာတို့ ရရှိထားကြောင်းနှင့် ကျေးရွာရှိ တာဝန်ရှိ
သူများက ၎င်းအားထိန်းသိမ်း ရန်သွားရောက်စဉ် ပြန်လည်ရန်ပြုနေကြောင်း
သတင်ပေးအကြောင်း ကြားလာသဖြင့် ၈နာရီခွဲအချိန်တွင် ကွမ်းခြံကုန်း 
မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့လနှင့်အတူ
သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်

ရဲတပ်ဖွဲ့ ဝင်များနှင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ တို့ သွားရောက်ဖမ်းဆီးစဉ်
ငရဲ(ခ)ရန်ကွိုင်း မှာ နေအိမ် အပေါ်ထပ်တွင်  ဓားကိုင်၍ ပုန်းအောင်းနေ
သဖြင့် နေအိမ်အောက်သို့ ဓားချ အဖမ်းခံရန် အကြိမ်ကြိမ် ပြောခဲ့ရာ
အောက်သို့  ဆင်းလာခြင်းမရှိ၍ ရဲတပ်ဖွဲ့များက pump Action သေနတ်ဖြင့်
ခြောက်လှန့်ပစ်ခတ်သော်လည်း  နေအိမ် အောက်သို့ ဆင်း၍ ဖမ်းဆီးခံခြင်း
မရှိသဖြင့် ရဲတပ်ဖွဲ့ ဝင်များက နေအိမ်အပေါ်သို့တက်ပြီး ဖမ်းဆီးစဉ်
ဓားဖြင့် အသက်အန္တရာယ် ထိခိုက်လောက်အောင် ဝင်ရောက် ခုတ်ရန်ပြု
သဖြင့် ရဲတပ်ဖွဲ့ ဝင်များက pump Action သေနတ် ဖြင့် ပတ်ခတ်ဖမ်းဆီးရာ 
ငရဲ(ခ)ရန်ကွိုင်းတွင် နဖူးဝဲ /ယာလည်ပင်း  ဝဲနံစောင်း ပွန်းပဲ့ ဝဲလက်ဖျံ
ဝဲပေါင် ဝဲဒူး ခြေထောက် လက် ပခုံးတို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့်
လက်ခုတ်ကုန်းပြည်သူ့ဆေးရုံကြီးသို့ ရဲတပ်ဖွဲဝင်များက ပို့ဆောင်ကာ
ဆေးကုသမှုခံယူလျှက် ရှိကြောင်း ယင်းကဲ့သို့ ရဲတပ်ဖွဲ ဝင်များနှင့် တာဝန်ရှိ
သူများကို သေစေရန်ကြံရွယ်ချက်ဖြင့် ပြန်လည်ခုခံ ရန်ပြု သူ ငရဲ(ခ)ရန်ကွိုင်း
အား ဥပဒေအရဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်

(Unicode) yangon police

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide