Blogger Widgets ORD ရဲ့ မောင်းသူမဲ့ စမ်းသပ်ကား ယာဉ်တိုက်မှုဖြစ်၊ နှစ်ဦးဆေးရုံတင်ရ - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

ORD ရဲ့ မောင်းသူမဲ့ စမ်းသပ်ကား ယာဉ်တိုက်မှုဖြစ်၊ နှစ်ဦးဆေးရုံတင်ရ


Ford က ကျောထောက်နောက်ခံပြုထားတဲ့ startup ကုမ္ပဏီ Argo ရဲ့ မောင်းသူမဲ့ စမ်းသပ်ကားတစ်စီးဟာ ယာဉ်တိုက်မှုတစ်ခုမှာ ပါဝင်ခဲ့ပြီး နှစ်ဦးကို ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီကားဟာ ပြုပြင်မွမ်းမံထားတဲ့ Ford Fusion ဖြစ်ပြီး Pittsburgh မြို့ Allegheny ကောင်တီအရှေ့ဘက်မှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာပါ။ ဒီ မောင်းသူမဲ့ စမ်းသပ်ကားကို မီးနီဖြတ်လာတဲ့ ဘောက်စ်ကားတစ်စီးက ကားနောက်တံခါးဘက်ကနေ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် ကားပေါ်မှာပါတဲ့ လူလေးဦးထဲက နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် ဆေးရုံတင်ခဲ့ရပြီး ဗုဒ္ဓဟူးနေ့ ဆင်းရုံက မဆင်းခင်အထိ အခြေအနေ တည်ငြိမ်ကောင်းမွန်တယ်လို့ Pittsburgh မြို့မှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“Argo AI စမ်းသပ်ကားတစ်စီးက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီအတွက် အချက်အလက်အားလုံးကို ရယူစုဆောင်းနေပါတယ်။ ဒီယာဉ်တိုက်မှုမှာ ပါဝင်တဲ့သူအားလုံး အန္တရာယ်ကင်းဖို့အတွက် အရင်ဆုံး ဆောင်ရွက်နေပါတယ်” လို့ Ford ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်မှာ Argo ကားကို self-driving mode နဲ့မောင်းနှင်နေခြင်း ရှိ၊ မရှိနဲ့ ဘောက်စ်ကားမောင်းနှင်သူကို အရေးယူခြင်း ရှိ၊ မရှိ မသိရသေးပါဘူး။ Ford အနေနဲ့လည်း စမ်းသပ်မောင်းနှင်မှု ရပ်ဆိုင်းထားခြင်း ရှိ၊ မရှိ ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီရဲ့အဖွဲ့ Las Vegas မှာကျင်းပတဲ့ CES မှာ Dominos နဲ့ပူးပေါင်းဖန်တိးထားတဲ့ မောင်းသူမဲ့ ပီဇာပေးပို့ယာဉ်တစ်စီး အပါအဝင် မောင်းသူမဲ့နည်းပညာကို ပါဝင်ပြသခဲ့ပါတယ်။

Ford ဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက Pittsburgh အခြေစိုက် startup ကုမ္ပဏီ Argo AI မှာ ဒေါ်လာ တစ်ဘီလျံရင်းနှီးမြှုပ်နှံခဲ့ပြီး ကုမ္ပဏီရဲ့ မောင်းသူမဲ့ကားများအတွက် မောင်းသူမဲ့နည်းပညာဖန်တီးဖို့ စီစဉ်ခဲ့ပါတယ်။

ဒီယာဉ်တိုက်မှုဟာ Argo AI ရုံးချုပ်နဲ့ တစ်မိုင်အကွာအဝေးမှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: TheGuardian

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide