Blogger Widgets Messenger မှာ ပို့ထားတဲ့ စာများကို အလိုအလျောက် ပျောက်အောင် လုပ်နည်း - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

Messenger မှာ ပို့ထားတဲ့ စာများကို အလိုအလျောက် ပျောက်အောင် လုပ်နည်း

Messenger မှာ ပို့ထားတဲ့ စာများကို အလိုအလျောက် ပျောက်အောင် လုပ်နည်း


မင်္ဂလာပါ။ Messengerမှာ စာပို့တဲ့အခါ ပို့ထားတဲ့စာတွေ အလိုအလျောက်ပျောက်သွားအောင် လုပ်နည်း မျှဝေပေးချင်ပါတယ်။
ဒီနည်းလမ်းကို သုံးခြင်းအားဖြင့် ပို့လိုက်တဲ့စာကို အချိန်ကန့်သတ်ပြီး ပို့လို့ရပြီး အချိန်ပြည့်တဲ့အခါ အလိုအလျောက်ပျောက်သွားအောင် လုပ်ပေးနိုင်ပါတယ်။
တခြားသူကို မသိသင့်တဲ့စာ/ အရေးကြီးတဲ့စာကို ပို့တဲ့အခါ ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။
ဘယ်လိုလုပ်ရမလဲဆိုတာ အောက်မှာပုံနှင့် နည်းလမ်းကို ကြည့်လိုက်ပါ။
အဆင့် (1)- အပေါ်က (i) ပုံစံလေးကို နိုပ်ပါ။ (စာအနီရောင်နှင့် ပြထားသည်)
အဆင့် (2)- Go to Secret Conversation ထဲကို ၀င်လိုက်ပါ။
အဆင့် (3)- ဒီလိုပေါ်လာရင် OK နိုပ်ပါ။
အဆင့် (4)- ဒါဆိုရင် သီးသန့်မက်ဆေ့ ဘောက်စ်တစ်ခုပေါ်လာမှာဖြစ်ပြီး၊  အားလုံး အနက်ရောင်နဲ့ ပြပါလိမ့်မယ်။ ပြီးရင် နာရီပုံလေးကို နိုပ်ပါ။
အဆင့် (5)- ပို့လိုက်တဲ့စာဟာ အချိန် ဘယ်လောက်ကြာအောင် ပေါ်စေချင်လဲ ဆိုတာ ရွေးချယ်လိုက်ပါ။ (ပို့လိုက်တဲ့စာက 5Seconds ကနေ တစ်ရက် အထိပေါ်အောင် ရွေးချယ်နိုင်ပါတယ်။) ဟိုဖက်က ဖတ်ပြီးမြန်မြန်ပျောက်သွားစေချင်တယ်ဆိုရင် တစ်မိနစ်၊ စက္ကန့်ခြောက်ဆယ်လောက်ဆိုရင် ကောင်းပါတယ်။
အဆင့် (6)- စာပို့ကြည့်လိုက်ပါ။
အဆင့် (7)- သင်ပို့လိုက်တဲ့မက်ဆေ့မှာ အချိန်ရေတွက်နေတာလေး တွေ့ရမှာဖြစ်ပြီး၊ အချိန်ပြည့်တာနဲ့ အလိုလိုပျက်သွား၊ပျောက်သွားမှာပါ။
အဆင့် (8)- ဒါဆိုရင် ပို့လိုက်တဲ့စာက အချိန်ပြည့်တဲ့အခါ အလိုအလျောက် ပျောက်သွားပါလိမ့်မယ်။
ယခု နည်းလမ်းကို အသုံးပြုခြင်းက Messenger ကနေ သင်ပြောချင်အရာတွေကို နှစ်ကိုယ်ကြား သီိးသန့်ပြောနိုင်ပြီး၊ လုံခြုံမှုက လုံးဝစိတ်ချရပါတယ်။
သတိပြုရမယ့်အချက်။ ။ ဒီနည်းလမ်းကို သင့် Messengerမှာ အသုံးပြုလို့မရရင် Messenger ဆော့ဝဲလ် နောက်ဆုံး ဗားရှင်းကို ထည့်ထားပါ။
OK… အဆင်ပြေကြပါစေနော်။
အပန်းမကြီးဘူးဆိုရင် သူငယ်ချင်းတွေလည်းသိအောင် Share လုပ်ပြီး ကူညီပေးကြပါနော်..
ခရက်ဒစ် -Boykhai (နည်းပညာချစ်သူ)

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide