Blogger Widgets အမြန်လမ်းမကြီး၌ Express ယာဉ်တစ်စီး မီးလောင် - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

အမြန်လမ်းမကြီး၌ Express ယာဉ်တစ်စီး မီးလောင်

အမြန်လမ်းမကြီး၌ Express ယာဉ်တစ်စီး မီးလောင်



နေပြည်တော် ဇန်န၀ါရီ ၂၃

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ပေပင်လေးအမြန်လမ်းပိုင်း မိုင်တိုင် အမှတ် ၂၇၆/၀ အနီး နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း မင်းနိုင် မောင်းနှင်လာသော စည်းစိမ်ရှင် Express ယာဉ်မှာ ယနေ့မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က အင်ဂျင်ခန်းမှ ၀ါယာရှော့ ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့သည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ (၃)ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိသော်လည်း ယာဉ်တစ်စီးလုံးမီးလောင်ခဲ့၍ ခန့်မှန်းတန်ဖိုး သိန်း (၁၅၀) ခန့် ဆုံးရှုံးသွားကြောင်းသိရသည်။ သို့ပါ၍ ယာဉ်မောင်းအား သက်ဆိုင်ရာက အမှုဖွင့် ထားကြောင်း သိရသည်။

ညီညီသန်း(နေပြည်တော်)
ဓာတ်ပုံ - (အမြန်လမ်းရဲတပ်ဖွဲ့)

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide