Blogger Widgets မူဆယ်မြို့ မှာ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား(၁၂)ဦး ဖမ်းဆီးရမိ - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

မူဆယ်မြို့ မှာ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား(၁၂)ဦး ဖမ်းဆီးရမိ

မူဆယ်မြို့ မှာ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား(၁၂)ဦး ဖမ်းဆီးရမိ



နေပြည်တော်၊ ဇန်နဝါရီ ၂၃

ဇန်န၀ါရီလ ၂၂ ရက်နေ့  ည ၆ နာရီ ၃၀ မိနစ်အချိန်ခန့် က ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ မန့် ဝိန်းရပ်၊ ပန်လုံ(၅)လမ်း၊ လူကုန်ကူးခံရသူများ စောင့်ရှောက်မှု ဂေဟာအနီးမှာ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား(၁၂)ဦး ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ြ်ပန်ချက်အရ သိရပါသည်။

မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် မူဆယ်မြို့၊ မန့်ဝိန်းရပ်၊ ပန်လုံ(၅)လမ်း၊ လူကုန်ကူးခံရသူများစောင့်ရှောက်မှုဂေဟာအနီးအရောက် ကျန်ဆူးပြည်နယ်၊ တုန်းထိုက်မြို့နေ တရုတ်နိုင်ငံသား လူတုန်တုန့်(၂၅)နှစ်ပါ(၁၂)ဦးအား တွေ့ရှိသဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူပူးပေါင်း၍ စစ်ဆေးခဲ့ရာမှာ ဖမ်းဆီးမိခြင်း ဖြစ်သည်။

 ၎င်းတို့(၁၂)ဦးသည် မူဆယ်မြို့နယ်၊ ပန်ခမ်းကျေးရွာ စက်လှေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် လူတုန်တုန့် ပါ(၁၂)ဦးတို့အား မူဆယ်မြို့မ ရဲစခန်း(ပ)၂၅/၂၀၁၈၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရပါသည်။

သစ်ထူးလွင်

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide