Blogger Widgets အြန္လိုင္းေပၚတြင္ နာမည္ႀကီးေနသည့္ ေဗဒင္ဆရာ ေအာင္ခ်စ္ပိုႏွင့္ ေမးျမန္းျခင္း (႐ုပ္/သံ) - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

အြန္လိုင္းေပၚတြင္ နာမည္ႀကီးေနသည့္ ေဗဒင္ဆရာ ေအာင္ခ်စ္ပိုႏွင့္ ေမးျမန္းျခင္း (႐ုပ္/သံ)

အြန္လိုင္းေပၚတြင္ နာမည္ႀကီးေနသည့္ ေဗဒင္ဆရာ ေအာင္ခ်စ္ပိုႏွင့္ ေမးျမန္းျခင္း (႐ုပ္/သံ)


႐ုပ္/သံကို ေအာက္ဆံုးတြင္ၾကည့္႐ႈပါရန္
ဧရာဝတီ၊ ဇန္နဝါရီ ၃၁၊ ၂၀၁၈
တကၠသိုလ္ ေက်ာင္းသူ အမ်ဳိးသမီးငယ္ တခ်ဳိ႕ဟာ စမ္းေခ်ာင္းၿမိဳ႕နယ္ ကိုးထပ္ႀကီးဘုရားက ေဗဒင္ဆရာ ေအာင္ခ်စ္ပို ထံမွာ ေဗဒင္သြားေရာက္ ေမးျမန္းရာမွာ ေဗဒင္ဆရာက ကာယိေျႏၵပ်က္ ေစတဲ့ ထိပါးမႈမ်ဳိးေတြရွိခဲ့တယ္ဆိုၿပီး မၾကာခင္ရက္ပိုင္းက လူမႈဆက္သြယ္ေရးကြန္ရက္ Facebook စာမ်က္ႏွာေပၚမွာ ဝန္ခံေရးသားမႈေတြ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။
ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ကာယကံရွင္ အမ်ဳိးသမီးေတြ ကိုယ္တိုင္က ေဗဒင္ဆရာ ေအာင္ခ်စ္ပိုကို စမ္းေခ်ာင္းၿမိဳ႕နယ္ ရဲစခန္းမွာ မိန္းမတဦး၏ ကာယိေျနၵပ်က္စီးေစရန္ အႀကံျဖင့္ လက္ေရာက္မႈ ပုဒ္မ -၃၅၄ ျဖင့္ အမႈဖြင့္လိုက္ၿပီ ျဖစ္ေၾကာင္း သိရပါတယ္။
ဒီသတင္းေတြ ပ်ံ႕ႏွံ႔လာၿပီး ရက္ပိုင္းအတြင္းမွာဘဲ ေဗဒင္ဆရာ ေအာင္ခ်စ္ပိုရဲ႕ ေဟာခန္းပိတ္ထားတာကို ေတြ႔ရသလို သူပင္တိုင္ ေဟာေနတဲ့ ႐ုပ္သံ အစီအစဥ္တခုမွာလည္း ေဟာေျပာမႈ ရပ္လိုက္ရတယ္လို႔ သိရပါတယ္။
ဒါေၾကာင့္ ျဖစ္စဥ္အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ကာယကံရွင္ျဖစ္တဲ့ ေဗဒင္ဆရာ ေအာင္ခ်စ္ပိုကို ဧရာဝတီက သီးသန္႔ သြားေရာက္ေတြ႔ဆံုၿပီး ေမးျမန္းထားပါတယ္။
႐ိုက္ကူး - စိုးထြန္းသိန္း
ဧရာ၀တီ

ကိုးထပ္ႀကီးက ေဗဒင္ဆရာ၏ ကာယိေျႏၵထိပါးျခင္းကို ခံခဲ့ရသည္ဆိုသည့္ အမ်ိဳးသမီးငယ္မ်ား၏ ၀န္ခံခ်က္မ်ား (႐ုပ္/သံ) ၾကည့္ရန္ႏွိပ္ပါ

(Unicode)

အွန်လိုင်းပေါ်တွင် နာမည်ကြီးနေသည့် ဗေဒင်ဆရာ အောင်ချစ်ပိုနှင့် မေးမြန်းခြင်း (ရုပ်/သံ)

ရုပ်/သံကို အောက်ဆုံးတွင်ကြည့်ရှုပါရန်
ဧရာဝတီ၊ ဇန်နဝါရီ ၃၁၊ ၂၀၁၈
တက္ကသိုလ် ကျောင်းသူ အမျိုးသမီးငယ် တချို့ဟာ စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားက ဗေဒင်ဆရာ အောင်ချစ်ပို ထံမှာ ဗေဒင်သွားရောက် မေးမြန်းရာမှာ ဗေဒင်ဆရာက ကာယိနြေ္ဒပျက် စေတဲ့ ထိပါးမှုမျိုးတွေရှိခဲ့တယ်ဆိုပြီး မကြာခင်ရက်ပိုင်းက လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာပေါ်မှာ ဝန်ခံရေးသားမှုတွေ ပျံ့နှံ့ခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကာယကံရှင် အမျိုးသမီးတွေ ကိုယ်တိုင်က ဗေဒင်ဆရာ အောင်ချစ်ပိုကို စမ်းချောင်းမြို့နယ် ရဲစခန်းမှာ မိန်းမတဦး၏ ကာယိနြေ္ဒပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှု ပုဒ်မ -၃၅၄ ဖြင့် အမှုဖွင့်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
ဒီသတင်းတွေ ပျံ့နှံ့လာပြီး ရက်ပိုင်းအတွင်းမှာဘဲ ဗေဒင်ဆရာ အောင်ချစ်ပိုရဲ့ ဟောခန်းပိတ်ထားတာကို တွေ့ရသလို သူပင်တိုင် ဟောနေတဲ့ ရုပ်သံ အစီအစဉ်တခုမှာလည်း ဟောပြောမှု ရပ်လိုက်ရတယ်လို့ သိရပါတယ်။
ဒါကြောင့် ဖြစ်စဉ်အခြေအနေတွေနဲ့ ပတ်သက်ပြီး ကာယကံရှင်ဖြစ်တဲ့ ဗေဒင်ဆရာ အောင်ချစ်ပိုကို ဧရာဝတီက သီးသန့် သွားရောက်တွေ့ဆုံပြီး မေးမြန်းထားပါတယ်။
ရိုက်ကူး - စိုးထွန်းသိန်း
ဧရာဝတီ

ကိုးထပ်ကြီးက ဗေဒင်ဆရာ၏ ကာယိနြေ္ဒထိပါးခြင်းကို ခံခဲ့ရသည်ဆိုသည့် အမျိုးသမီးငယ်များ၏ ဝန်ခံချက်များ (ရုပ်/သံ) ကြည့်ရန်နှိပ်ပါ


Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide