Blogger Widgets ရိုဘော့စက်ရုပ်က အရက်ဖျော်စပ်ပေးသည့် ထူးထူးခြားခြား အံ့ဖွယ်ဘား (ရုပ်သံ) - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

ရိုဘော့စက်ရုပ်က အရက်ဖျော်စပ်ပေးသည့် ထူးထူးခြားခြား အံ့ဖွယ်ဘား (ရုပ်သံ)

ရိုဘော့စက်ရုပ်က အရက်ဖျော်စပ်ပေးသည့် ထူးထူးခြားခြား အံ့ဖွယ်ဘား (ရုပ်သံ)



ရိုဘော့စက်ရုပ်တရုပ်က ဖျော်စပ်ပေးတဲ့ ကော့တေးတခွက်ကို သင်တို့ မြည်းစမ်းဖူးပါသလား။
ဒါဆိုရင်တော့ အမေရိကန်နိုင်ငံ၊ လတ်စ်ဗီးဂက်စ်မြို့မှ The Tipsy Robot ဘား (Bar) မှာ ဒီအတွေ့အကြုံကို စမ်းသပ်ရယူနိုင်မှာပါ။
များပြားလှစွာသော ရွေးချယ်စရာတွေထဲက သောက်စရာ ယမကာတခုခုကို သင်တို့ ရွေးချယ်လိုက်တာနဲ့ ရိုဘော့စက်ရုပ်တစုံက ဒါကို ဖျော်စပ်ပေးသွားပါလိမ့်မယ်။
ဒီဘားမှာတော့ သောက်ဖို့ ရွေးချယ်စရာ ပုလင်းအမျိုးအမယ် ၁၂၀ လောက်ရှိနေပြီး ဘာတွေကို အလိုရှိတယ်ဆိုတာ မျက်နှာပြင်ကို ထိတွေ့မှာယူနိုင်မယ့် Touchscreen Menu ကတဆင့် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
ရိုဘော့စက်ရုပ် ၂ ရုပ်ဟာ အော်ဒါမှာယူပြီးတာနဲ့ အချိန်တနာရီအတွင်းမှာ ဒါကို ဖျော်စပ်ပေးနိုင်စွမ်းရှိတယ်လို့ ဘီဘီစီသတင်းက ဆိုပါတယ်။
ဒါက လူတွေ အင်အားစိုက်ထုတ်မှု မရှိစေဘဲ ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ ခံစားနိုင်စေမယ့် အထိအတွေ့သစ်တခု ဖြစ်လာစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
DVB

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide