Blogger Widgets ရခိုင်လူမျိုး သုံးဦးက ဘင်္ဂါလီလူမျိုး သုံးဦးကို အခကြေးငွေ ယူ၍ သယ်ဆောင်လာ၍ဖမ်းဆီး - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

ရခိုင်လူမျိုး သုံးဦးက ဘင်္ဂါလီလူမျိုး သုံးဦးကို အခကြေးငွေ ယူ၍ သယ်ဆောင်လာ၍ဖမ်းဆီး

ရခိုင်လူမျိုး သုံးဦးက ဘင်္ဂါလီလူမျိုး သုံးဦးကို အခကြေးငွေ ယူ၍ သယ်ဆောင်လာ၍ဖမ်းဆီး

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ပဲပဒုံပူးပေါင်း စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၄ ရက် နံနက် ၂ နာရီခွဲခန့်တွင် အမ်းမြို့မှ မင်းဘူးမြို့ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်သုံးစီးအား ရပ်တန့်စစ်ဆေးရာ ရခိုင်လူမျိုးများ ဖြစ်သည့် သန်းဌေး(ဘ) ဦးလှဖြူစံ၊ လှဝင်း(ဘ)ဦးစိန်လှသာနှင့် သန်းအေးမောင်(ဘ)ဦးကျော်စိုးလွင် တို့က ဘင်္ဂါလီလူမျိုးများ ဖြစ်သည့် နူရူလာမာရ်(ဘ) အဒူမာကျော်ချစ်၊ အဘူမာဟာမောက်(ဘ)အဘူကာရှိန်းနှင့် ဝါးရက်စ်(ဘ)ဘာဆယ်တို့အား တင်ဆောင်လာကြောင်း တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။
၎င်းတို့အား စစ်ဆေးမေးမြန်းချက်အရ ရခိုင်လူမျိုးသုံးဦးက ဘင်္ဂါလီလူမျိုး သုံးဦးအား ကျောက်တော်မြို့နယ်မှ ရန်ကုန်မြို့အထိ တစ်ဦးလျှင် ငွေကျပ် ၁၇ သိန်းနှုန်းဖြင့် အခကြေးငွေယူ၍ သယ်ဆောင်လာကြောင်း သိရှိ ရသည်။
အဆိုပါ ဖမ်းဆီးရမိသူများနှင့် ဆိုင်ကယ်များအား အမ်းမြို့မရဲစခန်းတွင် တရားဥပဒေ အရ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
#Pyi Myanmar
Hlaing Min Zaw ၏ ဓာတ်ပုံ

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide