Blogger Widgets ၿမိတ္ၿမိဳ႕နယ္တြင္ ပုလဲမင္းစစ္ဆင္ေရးျဖင့္ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

ၿမိတ္ၿမိဳ႕နယ္တြင္ ပုလဲမင္းစစ္ဆင္ေရးျဖင့္ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ


ၿမိတ္ၿမိဳ႕နယ္တြင္ ပုလဲမင္းစစ္ဆင္ေရးျဖင့္ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ

ေနျပည္ေတာ္၊ ဇန္နဝါရီ ၂၆
ဇန္နဝါရီလ ၂၄ ရက္ေန႔ ၁၈၃၀ အခ်ိန္ ပုလဲမင္းစစ္ဆင္ေရးအရ မူးယစ္တပ္ဖြဲ႕စု(၃၅)ၿမိတ္မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ၿမိတ္ၿမိဳ႕နယ္၊ ၿမိတ္-ထားဝယ္ ကားလမ္း၊ ဘဲမဒီေက်းရြာ အနီးတြင္ မ်ိဳးသူ ထံမွစိတ္ႂကြ႐ူးသြပ္ေဆးျပား ၆၃၆ ျပား၊ဘိန္းစာမွုန္႔ ၃၅ ဂရမ္ ၊လက္ကိုင္ဖုန္း တစ္လုံးႏွင့္ ေငြက်ပ္ ၂ ဒသမ ၈၅ သိန္းတို႔ကိုသိမ္းဆည္းရမိခဲ့ၿပီး ကြင္းဆက္အရ ဇန္နဝါရီလ ၂၅ ရက္ေန႔ ၀၅၃၀ အခ်ိန္ ၿမိတ္ၿမိဳ႕၊ ကၽြဲကူးရတနာရပ္ကြက္ေန ေအာင္ကိုျမတ္(ခ)သားသား အား ၿမိတ္ၿမိဳ႕၊ ဝန္ထမ္းရပ္ကြက္၊ ၿမိတ္-ကၽြဲကူးကားလမ္း၌ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္အတူေတြ႕ရွိရွာေဖြရာ ဒူးကာၾကား အံဝွက္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၄၀၀၀ ျပား၊ ၀၆၁၅ အခ်ိန္ ၎၏ေနအိမ္မွ စိတ္ႂကြ႐ူးသြပ္ ေဆးျပား ၁၆၄၇ ျပား၊ ဘိန္းစာမွုန္႔ ၁၅၀ ဂရမ္ ႏွင့္ လက္ကိုင္ဖုန္းတစ္လုံးတို႔ကိုလည္းေကာင္း၊ ဆက္လက္၍ ၀၆၄၅ အခ်ိန္ ေအာင္ကိုလတ္ ေနထိုင္သည့္ ကၽြဲကူးရတနာရပ္ကြက္ ေနအိမ္မွ စိတ္ႂကြ ႐ူးသြပ္ေဆးျပား ၂၀၄ ျပား ၊ ဘိန္းစာမွုန္႔ ၁၀၀ ဂရမ္၊ ေငြက်ပ္ ၄ ဒသမ ၃၉ သိန္း ႏွင့္ လက္ကိုင္ဖုန္း တစ္လုံးတို႔ကိုလည္းေကာင္း၊ ကြင္းဆက္အရ ၀၇၃၀ အခ်ိန္တြင္ ၿမိတ္ၿမိဳ႕၊ စႏၵဝတ္ေက်းရြာ၌ ေနထိုင္သူ ေစာတနာေစး(ခ)ေစာမူဂူး၏ေနအိမ္ကိုရွာေဖြရာ ေနအိမ္မွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၄ ျပားႏွင့္ လက္ကိုင္ဖုန္း တစ္လုံးတို႔ကိုလည္းေကာင္း သိမ္းဆည္းရမိခဲ့သျဖင့္ မ်ိဳးသူ(၃၀)ႏွစ္၊ ေအာင္ကိုျမတ္ (ခ)သားသား(၃၆)ႏွစ္၊ ေစာတနာေစး(ခ)ေစာမူဂူး(၃၈)ႏွစ္ႏွင့္ ေအာင္ကိုလတ္(၂၉)ႏွစ္တို႔အား မူးယစ္ေဆးဝါးႏွင့္စိတ္ကို ေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သတင္း ရရွိသည္။

မြိတ်မြို့နယ်တွင် ပုလဲမင်းစစ်ဆင်ရေးဖြင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇန်နဝါရီ ၂၆
ဇန်နဝါရီလ ၂၄ ရက်နေ့ ၁၈၃၀ အချိန် ပုလဲမင်းစစ်ဆင်ရေးအရ မူးယစ်တပ်ဖွဲ့စု(၃၅)မြိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့နယ်၊ မြိတ်-ထားဝယ် ကားလမ်း၊ ဘဲမဒီကျေးရွာ အနီးတွင် မျိုးသူ ထံမှစိတ်ကြွရူးသွပ်ဆေးပြား ၆၃၆ ပြား၊ဘိန်းစာမှုန့် ၃၅ ဂရမ် ၊လက်ကိုင်ဖုန်း တစ်လုံးနှင့် ငွေကျပ် ၂ ဒသမ ၈၅ သိန်းတို့ကိုသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဇန်နဝါရီလ ၂၅ ရက်နေ့ ၀၅၃၀ အချိန် မြိတ်မြို့၊ ကျွဲကူးရတနာရပ်ကွက်နေ အောင်ကိုမြတ်(ခ)သားသား အား မြိတ်မြို့၊ ဝန်ထမ်းရပ်ကွက်၊ မြိတ်-ကျွဲကူးကားလမ်း၌ မော်တော်ဆိုင်ကယ်နှင့်အတူတွေ့ရှိရှာဖွေရာ ဒူးကာကြား အံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ပြား၊ ၀၆၁၅ အချိန် ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၁၆၄၇ ပြား၊ ဘိန်းစာမှုန့် ၁၅၀ ဂရမ် နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ ဆက်လက်၍ ၀၆၄၅ အချိန် အောင်ကိုလတ် နေထိုင်သည့် ကျွဲကူးရတနာရပ်ကွက် နေအိမ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၄ ပြား ၊ ဘိန်းစာမှုန့် ၁၀၀ ဂရမ်၊ ငွေကျပ် ၄ ဒသမ ၃၉ သိန်း နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း၊ ကွင်းဆက်အရ ၀၇၃၀ အချိန်တွင် မြိတ်မြို့၊ စန္ဒဝတ်ကျေးရွာ၌ နေထိုင်သူ စောတနာစေး(ခ)စောမူဂူး၏နေအိမ်ကိုရှာဖွေရာ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် မျိုးသူ(၃၀)နှစ်၊ အောင်ကိုမြတ် (ခ)သားသား(၃၆)နှစ်၊ စောတနာစေး(ခ)စောမူဂူး(၃၈)နှစ်နှင့် အောင်ကိုလတ်(၂၉)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည္ Facebook

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide