Tuesday, January 23, 2018

လှိုင်သာယာမြို့နယ်တွင် မီးလောင်မှုဖြစ်

လှိုင်သာယာမြို့နယ်တွင် မီးလောင်မှုဖြစ်


ဇန်န၀ါရီလ ၂၃ ရက်နေ့ နံနက် ၁၁း၄၅ အချိန်တွင် လှိုင်သာယာမြို့နယ်၊
(၆)ရပ်ကွက်၊ စက်မှုဇုန် ၄ ၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေးတွင် မီးလောင်
မှုဖြစ်ပွားကြောင်းကို ဂတ်(စ်)ပိုက်လိုင်းယိုစိမ့်မှုကြောင့်ဟု Yangonpolice
Facebook Page တွင် ကနဦး ဖော်ပြခဲ့ပါသည်။

မီးလောင်မှုနှင့်ပတ်သက်၍ အသေးစိတ်စစ်ဆေးဆောင်ရွက်ချက်များ
အရ ကနဦးဖော်ပြခဲ့သည့် ဖြစ်စဉ်မဟုတ်ဘဲ အဆိုပါနေရာရှိ အလျား
၂၅၀ပေ၊ အနံ ၈၀ပေရှိ မြေကွက်အတွင်း ဆောက်လုပ်ထားသည့် ဦးစိုဝင်း
(လေဖြန်းရောဂါ ခံစားနေရသူ)နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ်
ထင်းမီးဖြင့်ရေနွေးအိုးတည်ပြီး အိပ်ပျော်သွားစဉ် အနီးပတ်ဝန်ကျင်
နေရာသို့ မီးကူးစက်စတင်လောင်ကျွမ်းရာမှတစ်ဆင့် အလျား ၁၅ပေ၊
အနံ ၈ပေရှိ ကျူးကျော်နေအိမ် (၈၃)လုံးတို့အား မီးကူးစက်လောင်ကျွမ်း
ခဲ့ခြင်းဖြစ်ကြောင်းနှင့် မီးလောင်ရာနေရာသို့ မီးသတ်ဦးစီးဌာနမှ မီးသတ်
ယာဉ်(၂၄)စီး၊ အထောက်အကူပြုယာဉ် (၄)စီး၊ အုပ်ချုပ်မှုယာဉ် (၄)စီးတို့ဖြင့်
မီးငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁၂း၁၅ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊
အိမ်ရှင်ဖြစ်သူ ဦးစိုးဝင်းမှာ မီးလောင်သေဆုံးသွားခဲ့ကြောင်းနှင့်
မမြင့်မြင့်စန်း၏ ၀ဲ/ယာလက်ဖျံနှင့်လက်မောင်းတို့တွင် မီးလောင်ဒဏ်ရာ
အနည်းငယ်ရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ မီးပေါ့ဆစွာသုံစွဲသူ ဦးစိုးဝင်း(သေဆုံး)အား လှိုင်သာယာမြို့မ
ရဲစခန်း(ပ)၃၀၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်ဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိသည်။

CD Yangonpolice
Image may contain: one or more people and outdoor
Image may contain: one or more people and outdoor

No comments:

Post a Comment