Blogger Widgets ဗလင်စီယာအသင်းကို ပြောင်းရွှေ့တော့မယ့် အာဆင်နယ်ကွင်းလယ်လူ ကိုကွီလင် - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

ဗလင်စီယာအသင်းကို ပြောင်းရွှေ့တော့မယ့် အာဆင်နယ်ကွင်းလယ်လူ ကိုကွီလင်


ဗလင်စီယာအသင်းကတော့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား ကိုကွီလင်ကို ပေါင် ၁၂ သန်း ဝန်းကျင်နဲ့ ခေါ်ယူသွားတော့မှာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်တည်းက ဂန်းနားတို့ဆီကို လူငယ်ကစားသမားအနေနဲ့ ပူးပေါင်းလာခဲ့တဲ့ ကစားသမားကတော့ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၁၀၅ ပွဲကစားပေးခဲ့ပြီး ၂၀၁၇ ဇန်နဝါရီလ တုန်းက စာချုပ်သက်တမ်းတိုးခဲ့သူလည်းဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကတော့ ချယ်လ်ဆီးအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ Carabao Cup ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲအပြီးမှာ ဒီကစားသမားရဲ့ အပြောင်းအရွှေ့ဟာတကယ်ဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

ကိုကွီလင်အနေနဲ့ ကျွန်တော်တို့နဲ့ ကစားရတာ သူ့အတွက် အခွင့်အရေးသိပ်မရနေသလိုဖြစ်နေတာကြောင့် အခုလိုပဲ ထွက်ခွာခွင့်ပြုလိုက်တာဖြစ်တယ်လို့ အာစင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။

 Bruce

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide