Blogger Widgets လယ်သမားရဲ့ မိုက်မဲမူ - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

လယ်သမားရဲ့ မိုက်မဲမူ

              လယ်သမားရဲ့ မိုက်မဲမူ

စ်ခါက မြေခွေး တစ်ကောင်ဟာ လယ်သမား တစ်ယောက်ရဲ့ ကြက်ခြံထဲက ကြက်တွေကို အမြဲ လိုလို  ၀င်ဆွဲလေ့ ရှိတယ်။ အဲဒီလို လုပ်နေတဲ့ အတွက် လယ်သမားဟာ မြေခွေးကို အင်မတန်မှ မုန်းတီး စက် ဆုတ်ခဲ့ပါသတဲ့။

 မြေခွေးကို အမိ ဖမ်းမိရင်တော့ ကောင်းကောင်း လက်စားချေဖို့အတွက် တေးမှတ်ထားတယ်။ တစ်နေ့တော့ လယ်သမားဟာ မြေခွေးကို ထောင်ချောက်ဆင်ပြီး အမိ ဖမ်းလိုက်နိုင်တယ်။ 

အဲဒီ အခါမှာတော့ သူဟာ ကြိုးတစ်ချောင်းကို ဆီအိုးထဲမှာ ရွှဲနစ်နေအောင်စိမ်လိုက်တယ်၊ ပြီးတဲ့အခါ မြေခွေးအမြီးမှာ ပူးချည်ပြီး မီးရှို့လိုက်တော့တယ်။ မီးလောင်နေတဲ့မြေခွေးဟာ လယ်သမားရဲ့ ရိတ်သိမ်းလု ဆဲဆဲ ဂျုံခင်းထဲကို ဖြတ်ပြေးခဲတယ်။ 

အဲဒီအခါမှာတော့ လယ်သမား တစ်ရာသီလုံး ကြိုးစား စိုက်ပျိုးလာခဲ့ရတဲ့ ဂျုံခင်း တစ်ခုလုံး မီးလောင် သွားခဲ့ရတယ်။
အီစွတ်ပုံပြင်
သင်္ခန်းစာ ~~ လက်စားခြေခြင်းသည် နှစ်ဖက်လုံးကို ပူလောင်မှု သာပေးသည်။ 
မိမိတို့ကို အကြိမ်ကြိမ် ဒုက္ခပေးနေသူများကို မဖြစ်မနေ အပြစ်ဒဏ်ပေး လက်စားခြေခြင်းပြုလုပ်မည်
ဆိုပါက ပညာ ဦးဆောင်သောနည်းလမ်းဖြင့်သာဆောင်ရွက်သင့်သည်။
Credit>>> အကိုသန်း ( Than Htaik Oo )
S

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide