Blogger Widgets အိုဘားမားရဲ့သမီးကြီး မလီယာအိုဘားမားနဲ့ သူ့ရဲ့ချစ်သူပုံထွက်ပေါ် - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

အိုဘားမားရဲ့သမီးကြီး မလီယာအိုဘားမားနဲ့ သူ့ရဲ့ချစ်သူပုံထွက်ပေါ်

အိုဘားမားရဲ့သမီးကြီး မလီယာအိုဘားမားနဲ့ သူ့ရဲ့ချစ်သူပုံထွက်ပေါ်


အမေရိကန်သမ္မတဟောင်း အိုဘားမားရဲ့ သမီးကြီး မလီယာအိုဘားမားနဲ့ သူ့ရဲ့ချစ်သူ ဗြိတိန်နိုင်ငံသား ရိုရီဖာကွာဆန်တို့ဟာ နယူးယော့ခ်မြို့မှာ ချိန်းတွေ့ခဲ့ကြတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
မလီယာက ဒေါ့မာတင်လည်ရှည်ဖိနပ်နဲ့ အနက်ရောင် ဂျက်ကက်အင်္ကျီတထည်ကို တွဲဖက်ဝတ်ဆင်ထားခဲ့ကာ ရိုရီကတော့ စီးကရက်သောက်နေပြီး အတူစကားပြောနေခဲ့ကြတာကို ဇန်နဝါရီ ၂၀ ရက် နေ့လယ်ပိုင်းမှာ တွေ့ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဟားဗတ်တက္ကသိုလ်မှာ တက်နေကြတဲ့ သူတို့စုံတွဲကို နိုဝင်ဘာလတုန်းက ကျင်းပတဲ့ ဟားဗတ်-ယေးလ် ဘောလုံးပွဲမှာ အနမ်းပေးနေကြတာကိုလည်း တွေ့ခဲ့ရတယ်လို့ သတင်းက ဆိုပါတယ်။
ရိုရီဟာ တနှစ်ကို ကျူရှင်နဲ့ အစားအသောက်ကြေး ပေါင် ၃ သောင်း ၂ ထောင် ပေးရတဲ့ အင်္ဂလန်နိုင်ငံ ဝါဝစ်က်ရှီးယားကောင်တီ၊ နာမည်ကြီး ရက်ဂ်ဘီကျောင်းတကျောင်းမှ ကျောင်းကိုယ်စားပြု အထက်တန်းကျောင်းသားတဦးဖြစ်ကာ အသက် ၁၉ နှစ်အရွယ် မလီယာကတော့ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ အိုင်ဗီလိဂ်တက္ကသိုလ်ကို စတက်ခဲ့တာပါ။
ရိုရီက သူ့ကျောင်းမှာ နာမည်ကြီးတယောက်ဖြစ်ပြီး ၂၀၁၅-၁၆ ခုနှစ်အတွက် ကျောင်းသားခေါင်းဆောင်အဖြစ် အမည်ပေးခံခဲ့ရပြီး ဂေါ့ဖ်နဲ့ ရက်ဂ်ဘီကစားနည်း နှစ်မျိုးလုံးကို ကျောင်းကိုယ်စားပြုပြီး ကစားခဲ့သူ ဖြစ်ပါတယ်။
မလီယာကတော့ သူမရဲ့ ဆယ်ကျော်သက်ဘဝကို ကမ္ဘာကြီးတခုလုံးရဲ့ မျက်စိဒေါက်ထောက် ကြည့်ရှုခံရမှုတွေအောက်ကနေ ကြီးပြင်းနေထိုင်လာရတာဖြစ်ပြီး အခုချိန်မှာတော့ သူမက အိမ်ဖြူတော်ကနေ ပြောင်းရွှေ့ကာ ဟားဗတ်တက္ကသိုလ်က သူမရဲ့ ကိုယ်ပိုင်အခန်းထဲမှာ ရောက်နေပါပြီ။
အခုအချိန်မှာ သူမဟာ လျှို့ဝှက်ထောက်လှမ်းရေးတွေရဲ့ ဝန်းရံစောင့်ကြည့်ခြင်း မခံရတော့တဲ့အတွက် အသက် ၁၉ နှစ်အရွယ် မိန်းကလေး သူမဘာသာ ဘယ်လို စီမံခန့်ခွဲနေလဲဆိုတာကို လူတွေကတော့ စပ်စုနေကြတုန်းပါ။
ဆယ်ကျော်သက် မလီယာကတော့ အားကစားပွဲတွေမှာ ကောင်လေးတွေနဲ့ အနမ်းပေး၊ ဆေးလိပ်သောက်ကျင့်ရှိတဲ့ ဘေးကကျောင်းသူတွေလို အချိန်တိုင်း ပုံမှန်ဖြစ်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
DVB

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide