Blogger Widgets တနိင်းတွင်ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတွင် တပ်မတော်ဘက်က ရုရှားတပ် ပါဝင်နိုင်ဟု ကေအိုင်အေ ခန့်မှန်း - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

တနိင်းတွင်ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတွင် တပ်မတော်ဘက်က ရုရှားတပ် ပါဝင်နိုင်ဟု ကေအိုင်အေ ခန့်မှန်း

တနိင်းတွင်ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတွင် တပ်မတော်ဘက်က ရုရှားတပ် ပါဝင်နိုင်ဟု ကေအိုင်အေ ခန့်မှန်း



ဇန်နဝါရီ ၂၇

ယမန်နေ့က တနိုင်းတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် တပ်မတော်ဘက်မှ ရုရှားတပ်၏ အကူအညီများ ပါဝင်နိုင်သည်ဟု ကေအိုင်အေက ခန့်မှန်းပြောသည်။

"အရမ်းမြန်တယ်။ ဗုံးဘယ်နှကြိမ် ချတယ်ဆိုတာတောင် မပြောနိုင်တော့ဘူး။ သူတို့က ၃ ကြိမ် ပတ်ပြီး ပစ်ချတာ။ သူတို့မင်္သကာတဲ့ နေရာတွေကို လေယာဉ်ပေါ်ကနေ ပစ်ပြီး ဗုံးတွေချတာ။ ဒီတစ်ခေါက်လာပစ်တာက တပ်မတော်ကပဲ မဖြစ်နိုင်ဘူး။ ရုရှားတွေ ပါသလားတောင် မသိဘူး။ အရမ်းကျွမ်းတယ်။ အရင်တစ်ခေါက်လာပစ်တာထက် ပိုမြန်တယ်” ဟု ရှေ့တန်းမှ ကေအိုင်အေ အရာရှိတစ်ဦးက ပြောသည်။


အဆိုပါ ဗုံးကျဲပစ်ခတ်မှုသည် ကေအိုင်အေ တပ်မဟာ ၂ ၊ တပ်ရင်း ၁၄ နယ်မြေရှိ မှော်ကျေးရွာတွင် ဖြစ်ပွားသွားခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုကြောင့် မှော်ကျေးရွာသို့ လာရောက်အလုပ်လုပ်ကိုင်နေသော ပြည်သူများ သေဆုံး/ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

"ပထမက နမ္မတီးဘက်ကနေ လာတယ်။ နောက်တော့ လီဒိုလမ်းအတိုင်း တနိုင်းဘက် မြစ်အတိုင်း လာတာ။တိုက်လေယာဉ်မှာ တပ်ထားတဲ့ အေဂန်းနဲ့ ပစ်ပြီးတော့ ဗုံးတွေ ကျဲတာ။ လေယဉ်နဲ့ပစ်လို့ ပြည်သူတွေ သေဆုံး ဒဏ်ရာရကုန်တာ" ဟု ကေအိုင်အေမှ အရာရှိတစ်ဦးက ပြောသည်။

ထိုပစ်ခတ်တိုက်ခိုက်မှုကြောင့် ပယင်းမှော်ကျေးရွာသို့ လာရောက် အလုပ်လုပ်ကိုင်သည့် ဦးထွန်းထွန်းနိုင် (၂၇ နှစ်) ၊ ဒေါ်ဆိုင်းရာ (၃၁ နှစ်) တို့ သေဆုံးသွားပြီး မတိန့်ဇေ၊ ဦးမင်းဟဏ်းထွန်း၊ ဒေါ်တိန့်နမ်၊ မဂျာနူးအောင်နှင့် ကိုကျော်အောင်တို့မှာ ဒဏ်ရာများ ရရှိသွားသည်ဟု သိရသည်။

ထို့ပြင် ဝါရာဇွပ်ကျေးရွာတွင် နေထိုင်သည့် ဦးဖော်တုန် ဘရန်တောင်မှာ လက်နက်ကြီး ကျခြင်းကြောင့် ချောက်မှ လွင့်စင်သွားကြောင်း ၊ ၎င်းအား ယနေ့နံနက်မှ ပြန်လည်ရှာဖွေတွေ့ရှိသဖြင့် ဆေးရုံသို့ ပို့ထားကြောင်း သိရသည်။

အဆိုပါ တပ်မတော်၏ ဗုံးကျဲပစ်ခတ်ခြင်းကြောင့် မှော်ကျေးရွာရှိ လူနေအိမ် ၄ လုံး ပျက်စီးသွားကြောင်း သိရသည်။

ထိုသို့ လေယာဉ်များဖြင့် ဗုံးကျဲပစ်ခတ်ခြင်းများ ပြုလုပ်အပြီးတွင် တပ်မတော်က ၎င်းတို့၏ မိုင်းခွန်စခန်းမှ ယပင်းမှော်ရှိ ဆီးဖြူကုန်းနေရာသို့ လက်နက်ကြီးဖြစ်သည့် ၁၀၅ မမ ဖြင့် အကြိမ်ကြိမ် ထပ်မံ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကေအိုင်အေနယ်မြေရှိ ဆီးဖြူကုန်း မှော်ဒေသ၌ ပြည်သူ ၁၀၀၀ ကျော် နေထိုင်လျက်ရှိကြောင်း သိရသည်။

တပ်မတော်က တနိုင်းမြို့နယ် အနီးတစ်ဝိုက်တွင် ရှိသည့် ရွှေမှော်၊ ပယင်းမှော်များတွင် နယ်မြေရှင်းလင်းရေး ပြုလုပ်မည် ဖြစ်သည့်အတွက် လာရောက်အလုပ်လုပ်ကိုင်နေကြသူများအား ၂၀၁၇ ခုနှစ် ဇွန်လ ၁၅ ရက် နောက်ဆုံးထား၍ ထိုဒေသမှ ထွက်ခွာသွားရန် ရဟတ်ယာဉ်ဖြင့် အကြောင်းကြားစာများ ပေးပို့ခဲ့သည်။

လဖိုင်လု၊ ဆန်လတ်
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide