Blogger Widgets ရင်သားတင်းစေသည့် ယောဂကျင့်စဉ်များ - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

ရင်သားတင်းစေသည့် ယောဂကျင့်စဉ်များ


ရင်သားတင်းစေသည့် ယောဂကျင့်စဉ်များ

Friday, January 12, 2018 12:30(+0630) (လွန်ခဲ့သော 22 နာရီ ခန့်က)


Warrior Pose
-ခြေကိုချဲထားပြီး ခြေတစ်ချောင်းနှင့် တစ်ချောင်း မျဉ်းပြိုင်ပုံထားပါ။
- ဘယ်ခြေကို (၉၀.) ကွေးထား၍ ညာခြေကို အတွင်းဖက်၌ ထားပါ။
- ဘယ်ဒူးကွေးလိုက်သည်နှင့် အသက်ရှူသွင်းပါ။
- ညာခြေကိုဆန့်ပြီး လက်မောင်း (၂) ဖက်ကို ဆန့်တန်းထားပါ။
- ဦးခေါင်းကို ဘယ်သို့လှည့်၍ လက်ကောက်ဝတ်ကို ကြည့်ပါ။
- (၇) ကြိမ်မှ (၁၀) ကြိမ် ပြုလုပ်ပါ။ ဘက်ပြောင်းပါ။

Triangle Pose
- ခြေ (၂) ဖက်ကို ချဲထားပါ။ ဘယ်ခြေကို (၉၀)ဒီဂရီ၊ ညာခြေကို (၁၅) ဒီဂရီ ချဲထားပါ။
- ဘယ်ဖက်ခြေချင်းဝတ်ကို ဘယ် လက်ချောင်းဖြင့် ထိပါ။ ညာလက်ကို အပေါ်သို့ ဖြောင့်မတ်စွာ ထောင်ထား ပါ။ လက်မောင်းများသည်လည်း ဖြောင့်နေရမည်။
- ဒူးနှင့် ကျောရိုးကိုလည်း မတ်မတ် ထားပါ။ မျက်နှာကို အပေါ်သို့မော့၍ လက်ချောင်းများကိုကြည့်နေပါ။
- ပြီးလျှင် အခြားတစ်ဖက်သို့ ဘက် ပြောင်း၍ ပြုလုပ်ပါ။

Cobra Pose
- မှောက်လျက်အနေအထားတွင် အသက်ပြင်းပြင်းရှူသွင်းပါ။ ကိုယ် အပေါ်ပိုင်းကို ဖြည်းဖြည်းချင်းမçတင် ပါ။ ကိုယ်အောက်ပိုင်းက ကြမ်းနှင့် ထိနေမည်။
- လက်မောင်များနှင့် ခြေများက ခန္ဓာကိုယ်ကို ထိန်းထားချိန်တွင် ဦးခေါင်းက အပေါ်ကိုကြည့်ပါ။
- ဖြည်းဖြည်းချင်း အသက်ရှူထုတ်ပြီး မူလအနေအထားတွင်ပြန်နေပါ။
- ဤလေ့ကျင့်စဉ်ကို အကြိမ်ရေ ကြိုးစားပြီးတိုး၍ပြုလုပ်ပါ။
Bow Pose
- မှောက်လျက်အနေအထားတွင် အသက်ရှူသွင်းပါ။ ဒူးကို အပေါ်ဖက် သို့ ကွေးတင်ပါ။ မိမိဦးခေါင်း အနောက်ဘက်ကို ကွေးတင်ပါ။
- ခြေချင်းဝတ်များကို လက်နှင့် ကိုင် ၍ အသက်ရှူသွင်းပါ။ ခြေနှင့် လက်မောင်းများကို ဤအနေအထား ၌ အပေါ်ဖက်သို့ မိမိတတ်နိုင်သ လောက် ဆွဲတင်ပါ။
- မိမိ၏ တင်နှင့် ရင်ကို ကြမ်းပြင် မှနေ၍ အပေါ်ဖက်သို့ မçတင်ပါ။ ထိုအချိန်တွင် balance က ၀မ်းဗိုက် ပေါ်တွင် ရှိနေရမည်။
- (၃၀) စက္ကန့်ထား၍ ဖြည်းဖြည်း ချင်းလျော့ပါ။

TKD
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide