Blogger Widgets အမေရိကန်ဒေါ်လာ တန်ဖိုး ထပ်မံကျဆင်း - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

အမေရိကန်ဒေါ်လာ တန်ဖိုး ထပ်မံကျဆင်း

အမေရိကန်ဒေါ်လာ တန်ဖိုး ထပ်မံကျဆင်း



ဒီကနေ့ ကြာသပတေးနေ့ ကမ္ဘာ့ငွေကြေးဈေးကွက်မှာ အားယုတ်နေတဲ့ အမေရိကန်ဒေါ်လာဟာ တန်ဖိုး ထပ်ပြီးကျဆင်းသွားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက သမ္မတထရမ့်ရဲ့ အစိုးရဘဏ္ဍာရေးဝန်ကြီးက ဒေါ်လာတန်ဖိုးကျရင် ကုန်သွယ်မှုပိုင်းမှာ အမေရိကအတွက် ပိုကောင်းလာမယ်ဆိုတာမျိုးပြောခဲ့ပြီးတဲ့နောက် အခုလို ကျဆင်းခဲ့တာဖြစ်ပါတယ်။

အမေရိကန်ငွေနဲ့ ကုန်သွယ်မှုလုပ်တဲ့အခါ အခွင့်အလမ်းတွေ ပိုရလာမှာကြောင့် အမေရိကန်ငွေတန်ဖိုးကျတာဟာ ကောင်းပါတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင် မနူချင်က ကမ္ဘာ့ထိပ်သီးနိုင်ငံရေးသမားတွေနဲ့ စီးပွားရေးသမားတွေတွေ့ဆုံတဲ့ ဒါးဗိုးစ်မြို့ အစည်းအဝေးမှာ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့သီတင်းပတ်ကလည်း အမေရိကန်အစိုးရဟာ တရုတ်နဲ့ တောင်ကိုးရီးယားက တင်သွင်းနေတဲ့ ဆိုလာပြားတွေနဲ့ အဝတ်လျှော်စက်အကြီးစားတွေကို အခွန်တိုးပြီးကောက်လိုက်တဲ့အတွက် တရုတ်နဲ့ ကိုးရီးယားတို့က ဒေါသထွက်နေခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide