Blogger Widgets ေဘာလံုးသမားေတြကို အတြင္းခံ ဝတ္ေမာ္ဒယ္ရိႈးနဲ႔ဧည့္ခံတဲ့ ဗီယက္ဂ်က္ေလေၾကာင္း ေဝဖန္ခံရ - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

ေဘာလံုးသမားေတြကို အတြင္းခံ ဝတ္ေမာ္ဒယ္ရိႈးနဲ႔ဧည့္ခံတဲ့ ဗီယက္ဂ်က္ေလေၾကာင္း ေဝဖန္ခံရ

ေဘာလံုးသမားေတြကို အတြင္းခံ ဝတ္ေမာ္ဒယ္ရိႈးနဲ႔ဧည့္ခံတဲ့ ဗီယက္ဂ်က္ေလေၾကာင္း ေဝဖန္ခံရ


ဗီယက္နမ္ရဲ႕ စရိတ္က်ဥ္းေလေၾကာင္းလိုင္း ဗီယက္ဂ်က္ဟာ ႏိုင္ငံ့ ၂၃ ႏွစ္ေအာက္ လက္ေရြးစင္ ေဘာလံုးအသင္းရဲ႕အိမ္အျပန္ခရီးမွာ ေလယာဥ္ေပၚမွာ မလံုမလဲဝတ္ဆင္ထားတဲ့ ေမာ္ဒယ္ေတြနဲ႔ ဧည့္ခံခဲ့ပါတယ္။
လူမႈမီဒီယာေတြေပၚမွာ သည္လုပ္ရပ္ကို “အေပါစား” ဆန္တဲ့စတန္႔ထြင္မႈလို႔ ေဝဖန္ေျပာဆုိခဲ့ၾကတဲ့ေနာက္ ေလေၾကာင္းလိုင္း က ျပန္လည္ေတာင္းပန္ခဲ့ရပါတယ္။ ဗီယက္နမ္ေလေၾကာင္းအာဏာပိုင္အဖြဲ႔ကေတာ့ ဒီလုပ္ရပ္အတြက္ ဒဏ္ရိုက္ အျပစ္ေပးခဲ့ပါတယ္။
စေနေန႔က အာရွေဘာလံုးအဖြဲ႕ခ်ဳပ္ (AFC) အသက္ ၂၃ နွစ္ေအာက္ခ်န္ပီယံတံခြန္စိုက္ျပိဳင္ပြဲမွာ ျပိဳင္ဘက္ ဥဇဘက္ကစၥတန္ကုိ မရႈမလွရံႈးနိမ့္ခဲ့ရျပီးေနာက္ တရုတ္ႏိုင္ငံကေန အိမ္ျပန္လာတဲ့ေဘာလံုးသမားေတြနဲ႔အတူ ေလယာဥ္စီးဖို႔ အတြင္းခံသာဝတ္ထားတဲ့ ေမာ္ဒယ္ေတြကို ပို႔ခဲ့တဲ့အတြက္ ဗီယက္ဂ်က္ဟာ ေဝဖန္ရႈတ္ခ်မႈေတြ ျပင္းျပင္းထန္ထန္ ခံခဲ့ရပါတယ္။
ဗီယက္ဂ်က္ဟာ ေလယာဥ္ေပၚမွာ အတုိအျပတ္ဝတ္ဆင္တဲ့ ေလယာဥ္မယ္ေတြနဲ႔ဧည့္ခံမႈနဲ႔ လူသိမ်ားတဲ့ေလေၾကာင္းလိုင္း ျဖစ္ပါတယ္။
သည္ကြန္ျမဴနစ္ႏိုင္ငံက လူမႈမီဒီယာေတြေပၚမွာေတာ့ သည္ဓါတ္ပံုေတြနဲ႔ပတ္သက္ျပီး ေဒါသထြက္ေပါက္ကြဲ ခဲ့ၾကပါတယ္။
သည္တံခြန္စုိက္ျပိဳင္ပြဲအျပီး ေဘာလံုးအသင္းအတြက္ စင္းလံုးငွားဝန္ေဆာင္မႈေပးခဲ့တဲ့ ဗီယက္ဂ်က္ရဲ႕ သီးသန္႔ေလယာဥ္ခရီးစဥ္ေပၚက ေဘာ္ၾကယ္ေတြ၊ ငွက္ေမြးေတြဆင္ျမန္းထားတဲ့ ေမာ္ဒယ္ေတြရဲ႕ ေမာ္ဒယ္ရိႈး ေလွ်ာက္ေနပံုေတြကို တျခားသူေတြက အြန္လိုင္းေပၚတင္ခဲ့ၾကပါတယ္။
သည္ ယူ-၂၃ ေဘာလံုးျပိဳင္ပြဲဟာ ေဘာလံုးပြဲကုိ ရူးသြပ္တဲ့ ဗီယက္နမ္ေတြကုိ အၾကီးအက်ယ္ဆြဲေဆာင္ခဲ့ျပီး ကစားသမားေတြကုိ ႏိုင္ငံ့သူရဲေကာင္းေတြအျဖစ္ ခ်ီးေျမွာက္ခဲ့ပါတယ္။
ဒါေပမဲ့ သည္ေလေၾကာင္းရဲ႕ေမာ္ဒယ္ေတြနဲ႔ပတ္သက္ျပီး ဗီယက္နမ္အင္တာနက္အသံုးျပဳသူေတြကေတာ့ အထင္မၾကီးၾကပါဘူး။
“ဗီယက္ဂ်က္ရဲ႕ လုပ္ေဆာင္မႈဟာ သည္အသင္း၊ ေဘာလံုးပရိသတ္ေတြနဲ႔ သူရဲ႕ခရီးသည္ေတြကုိပါ အရမ္းရုိင္းစုိင္း၊ အေပါစားဆန္ျပီး ေစာ္ကားတဲ့အျပဳအမူျဖစ္တယ္” လို႔ ေဖ့စ္ဘုတ္ခ္အသံုးျပဳသူ ငုယန္မုိင္လင္းက ပုိ႔စ္တစ္ခုမွာ ေရးသားထား ျပီး တနလၤာေန႔ ေန႔လည္မွာ လုိက္ခ္လုပ္သူ ၁,၇၀၀ နဲ႔ မွ်ေဝသူ ၁၀၀ ေက်ာ္ရွိခဲ့ပါတယ္။
သည္ေလေၾကာင္းလိုင္းဟာ ဘီကီနီထက္မပုိတဲ့ အတိုအျပတ္ဝတ္စံုဝတ္ ေလယာဥ္မယ္ေတြကို သူ႔ရဲ႕ ဖြင့္ပြဲခရီးစဥ္ တခ်ိဳ႕မွာအသံုးျပဳခဲ့လို႔ သတင္းေခါင္းၾကီးပိုင္းေတြမွာ ေနရာယူႏိုင္ခဲ့ေပမဲ့ အြန္လုိင္းအသံုးျပဳသူအေတာ္မ်ားမ်ားကေတာ့ အတြင္းခံသာသာဝတ္ထားတဲ့ ေမာ္ဒယ္ေတြကုိ သည္လိုလူငယ္ေတြဆီ ပို႔တာဟာ မသင့္ေလ်ာ္တဲ့အျပဳအမူျဖစ္တယ္လုိ႔ ေျပာၾကပါတယ္။
“ဒါ အရမ္းကုိ ရြံ႕ရွာဖို႔ေကာင္းတယ္၊ သည္ကိစၥအတြက္ ကြ်န္ေတာ္ ဗီယက္ဂ်က္ကုိ သပိတ္ေမွာက္လုိက္ျပီး” လုိ႔ ရံုးဝန္ထမ္းတစ္ဦးျဖစ္တဲ့ လီငုယန္ က ေအအက္ပ္ဖီကုိ တနလၤာေန႔က ေျပာခဲ့ပါတယ္။
ကစားသမားေတြက တနဂၤေႏြေန႔က သူတုိ႔ျပန္ေရာက္လာျပီးေနာက္ ထူးခြ်န္တဲ့ေဘာလံုးသမားေတြအေနနဲ႔ ဂုဏ္ျပဳျခင္းခံရပါတယ္။
သည္အဖြဲ႕ကုိ ခဏတာၾကည့္ရဖို႔အတြက္ ဟႏိြဳင္းရဲ႕လမ္းေတြမွာ အလံေဝွ႕ယမ္းေနတဲ့ လူအုပ္ၾကီးေတြနဲ႔ ျပည့္ေနခဲ့ပါတယ္။
တနဂၤေႏြေန႔က စတန္႔ထြင္ခဲ့မႈကုိ ဗီယက္ဂ်က္က ျပန္ေတာင္းပန္ခဲ့ျပီး ဒါ “ကေရာ္ကမယ္လုပ္ရပ္” တစ္ခုျဖစ္ျပီး အေရာင္းျမွင့္တင္တဲ့ဗ်ဴဟာမဟုတ္ပါဘူးလုိ႔ ေျပာခဲ့ပါတယ္။
“သက္ဆိုင္တဲ့ဝန္ထမ္း” ေတြကိုလည္း အေရးယူျပီးျပီလုိ႔ ေျပာခဲ့ပါတယ္။
(Unicode)

ဘောလုံးသမားတွေကို အတွင်းခံ ဝတ်မော်ဒယ်ရှိုးနဲ့ဧည့်ခံတဲ့ ဗီယက်ဂျက်လေကြောင်း ဝေဖန်ခံရ

ဗီယက်နမ်ရဲ့ စရိတ်ကျဉ်းလေကြောင်းလိုင်း ဗီယက်ဂျက်ဟာ နိုင်ငံ့ ၂၃ နှစ်အောက် လက်ရွေးစင် ဘောလုံးအသင်းရဲ့အိမ်အပြန်ခရီးမှာ လေယာဉ်ပေါ်မှာ မလုံမလဲဝတ်ဆင်ထားတဲ့ မော်ဒယ်တွေနဲ့ ဧည့်ခံခဲ့ပါတယ်။
လူမှုမီဒီယာတွေပေါ်မှာ သည်လုပ်ရပ်ကို “အပေါစား” ဆန်တဲ့စတန့်ထွင်မှုလို့ ဝေဖန်ပြောဆိုခဲ့ကြတဲ့နောက် လေကြောင်းလိုင်း က ပြန်လည်တောင်းပန်ခဲ့ရပါတယ်။ ဗီယက်နမ်လေကြောင်းအာဏာပိုင်အဖွဲ့ကတော့ ဒီလုပ်ရပ်အတွက် ဒဏ်ရိုက် အပြစ်ပေးခဲ့ပါတယ်။
စနေနေ့က အာရှဘောလုံးအဖွဲ့ချုပ် (AFC) အသက် ၂၃ နှစ်အောက်ချန်ပီယံတံခွန်စိုက်ပြိုင်ပွဲမှာ ပြိုင်ဘက် ဥဇဘက်ကစ္စတန်ကို မရှုမလှရှုံးနိမ့်ခဲ့ရပြီးနောက် တရုတ်နိုင်ငံကနေ အိမ်ပြန်လာတဲ့ဘောလုံးသမားတွေနဲ့အတူ လေယာဉ်စီးဖို့ အတွင်းခံသာဝတ်ထားတဲ့ မော်ဒယ်တွေကို ပို့ခဲ့တဲ့အတွက် ဗီယက်ဂျက်ဟာ ဝေဖန်ရှုတ်ချမှုတွေ ပြင်းပြင်းထန်ထန် ခံခဲ့ရပါတယ်။
ဗီယက်ဂျက်ဟာ လေယာဉ်ပေါ်မှာ အတိုအပြတ်ဝတ်ဆင်တဲ့ လေယာဉ်မယ်တွေနဲ့ဧည့်ခံမှုနဲ့ လူသိများတဲ့လေကြောင်းလိုင်း ဖြစ်ပါတယ်။
သည်ကွန်မြူနစ်နိုင်ငံက လူမှုမီဒီယာတွေပေါ်မှာတော့ သည်ဓါတ်ပုံတွေနဲ့ပတ်သက်ပြီး ဒေါသထွက်ပေါက်ကွဲ ခဲ့ကြပါတယ်။
သည်တံခွန်စိုက်ပြိုင်ပွဲအပြီး ဘောလုံးအသင်းအတွက် စင်းလုံးငှားဝန်ဆောင်မှုပေးခဲ့တဲ့ ဗီယက်ဂျက်ရဲ့ သီးသန့်လေယာဉ်ခရီးစဉ်ပေါ်က ဘော်ကြယ်တွေ၊ ငှက်မွေးတွေဆင်မြန်းထားတဲ့ မော်ဒယ်တွေရဲ့ မော်ဒယ်ရှိုး လျှောက်နေပုံတွေကို တခြားသူတွေက အွန်လိုင်းပေါ်တင်ခဲ့ကြပါတယ်။
သည် ယူ-၂၃ ဘောလုံးပြိုင်ပွဲဟာ ဘောလုံးပွဲကို ရူးသွပ်တဲ့ ဗီယက်နမ်တွေကို အကြီးအကျယ်ဆွဲဆောင်ခဲ့ပြီး ကစားသမားတွေကို နိုင်ငံ့သူရဲကောင်းတွေအဖြစ် ချီးမြှောက်ခဲ့ပါတယ်။
ဒါပေမဲ့ သည်လေကြောင်းရဲ့မော်ဒယ်တွေနဲ့ပတ်သက်ပြီး ဗီယက်နမ်အင်တာနက်အသုံးပြုသူတွေကတော့ အထင်မကြီးကြပါဘူး။
“ဗီယက်ဂျက်ရဲ့ လုပ်ဆောင်မှုဟာ သည်အသင်း၊ ဘောလုံးပရိသတ်တွေနဲ့ သူရဲ့ခရီးသည်တွေကိုပါ အရမ်းရိုင်းစိုင်း၊ အပေါစားဆန်ပြီး စော်ကားတဲ့အပြုအမူဖြစ်တယ်” လို့ ဖေ့စ်ဘုတ်ခ်အသုံးပြုသူ ငုယန်မိုင်လင်းက ပို့စ်တစ်ခုမှာ ရေးသားထား ပြီး တနင်္လာနေ့ နေ့လည်မှာ လိုက်ခ်လုပ်သူ ၁,၇၀၀ နဲ့ မျှဝေသူ ၁၀၀ ကျော်ရှိခဲ့ပါတယ်။
သည်လေကြောင်းလိုင်းဟာ ဘီကီနီထက်မပိုတဲ့ အတိုအပြတ်ဝတ်စုံဝတ် လေယာဉ်မယ်တွေကို သူ့ရဲ့ ဖွင့်ပွဲခရီးစဉ် တချို့မှာအသုံးပြုခဲ့လို့ သတင်းခေါင်းကြီးပိုင်းတွေမှာ နေရာယူနိုင်ခဲ့ပေမဲ့ အွန်လိုင်းအသုံးပြုသူအတော်များများကတော့ အတွင်းခံသာသာဝတ်ထားတဲ့ မော်ဒယ်တွေကို သည်လိုလူငယ်တွေဆီ ပို့တာဟာ မသင့်လျော်တဲ့အပြုအမူဖြစ်တယ်လို့ ပြောကြပါတယ်။
“ဒါ အရမ်းကို ရွံ့ရှာဖို့ကောင်းတယ်၊ သည်ကိစ္စအတွက် ကျွန်တော် ဗီယက်ဂျက်ကို သပိတ်မှောက်လိုက်ပြီး” လို့ ရုံးဝန်ထမ်းတစ်ဦးဖြစ်တဲ့ လီငုယန် က အေအက်ပ်ဖီကို တနင်္လာနေ့က ပြောခဲ့ပါတယ်။
ကစားသမားတွေက တနင်္ဂနွေနေ့က သူတို့ပြန်ရောက်လာပြီးနောက် ထူးချွန်တဲ့ဘောလုံးသမားတွေအနေနဲ့ ဂုဏ်ပြုခြင်းခံရပါတယ်။
သည်အဖွဲ့ကို ခဏတာကြည့်ရဖို့အတွက် ဟနွိုင်းရဲ့လမ်းတွေမှာ အလံဝှေ့ယမ်းနေတဲ့ လူအုပ်ကြီးတွေနဲ့ ပြည့်နေခဲ့ပါတယ်။
တနင်္ဂနွေနေ့က စတန့်ထွင်ခဲ့မှုကို ဗီယက်ဂျက်က ပြန်တောင်းပန်ခဲ့ပြီး ဒါ “ကရော်ကမယ်လုပ်ရပ်” တစ်ခုဖြစ်ပြီး အရောင်းမြှင့်တင်တဲ့ဗျူဟာမဟုတ်ပါဘူးလို့ ပြောခဲ့ပါတယ်။
“သက်ဆိုင်တဲ့ဝန်ထမ်း” တွေကိုလည်း အရေးယူပြီးပြီလို့ ပြောခဲ့ပါတယ်။
မေသက် [Ref: AFP. Jan 29, 2018]
 Kumudra

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide