Blogger Widgets - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

မြောက်ဦးမှာ ဖမ်းဆီးခံ လူနာ ထွက်ပြေးလို့ ရဲတွေကို ဖမ်း


ဖမ်းဆီးခံ လူနာ ထွက်ပြေးလို့ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီး။
ရခိုင်ပြည်နယ် မြောက်ဦးဖြစ်စဉ်မှာ ဆေးရုံ တက်ရောက်ကုသနေတဲ့ ဖမ်းဆီးခံ လူနာ ၄ ဦး ထဲက ၃ ဦး ထွက်ပြေး တိမ်းရှောင်သွားတာနဲ့ ပတ်သက်လို့ ဒုရဲအုပ်တဦးနဲ့ ရဲတပ်ဖွဲ့ဝင်တဦးတို့ကို ဖမ်းဆီးလိုက်တယ်လို့ ပြည်နယ်ရဲမှူး ဦးအောင်မြတ်မိုးက ပြောပါတယ်။

တာဝန်ပေါ့လျော့မှုနဲ့ ဒီရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးလိုက်တာ ဖြစ်ပြီး ဖမ်းဆီးထားတဲ့ ကျန် လူနာ ၉ ဦးကိုလည်း မကြာခင် တရားရုံး တင်သွားမယ်လို့ ဆိုပါတယ်။
 မြောက်ဦး ပဋိပက္ခ ဖြစ်ပွားရာ ခရိုင် အုပ်ချုပ်ရေးမှူး ရုံး
ဇန်နဝါရီ ၁၆ ရက်နေ့က မြောက်ဦးမြို့မှာ ကျင်းပတဲ့ ရခိုင်ဘုရင့် နိုင်ငံတော် ကျဆုံးနေ့ အထိမ်းအမှတ် အခမ်းအနားကို သက်ဆိုင်ရာက တားမြစ်ခဲ့တာကြောင့် လူအုပ်ကြီးက ဝိုင်းဝန်း ဆန္ဒပြရာကနေ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ဒီလို ပစ်ခတ်မှုကြောင့် လူ ၇ ဦး သေဆုံးခဲ့ပြီး လူ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာ ရတဲ့သူတွေကို ဆေးရုံပေါ် တင်ပို့ခဲ့ပြီး ဒီအထဲက တချို့ကို ဖမ်းဆီး ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide