Blogger Widgets ဖွန်​​ကြောင်​ခြင်းတွင်​သိပြုစရာများ အဟီး - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

ဖွန်​​ကြောင်​ခြင်းတွင်​သိပြုစရာများ အဟီး



မီးစိမ်းတိုင်း cb ကကြောင်ချင်သူတွေသတိသာထား  🙂 🙂 🙂
_______________________

" Hi .... ! မမ "

" Hi .... !
မောင်​မောင်​​လေး "

အလဲ့ ....ထူးပုံကိုက
နန်းဆန်​ထှာ ​နော်​ ...။😁😜

" မမ .....
ဘုန်းကြီိး​ကျောင်းက
ပြန်​လာပြီလား... ? "

" ပြန်​လာပြီကွဲ့ ...
သီလ၊ သမာဓိ ၊ ပညာ ဆိုတဲ့
သိက္ခာကြီးသုံးရပ်​ကို
အညမည ရှိလေအောင်
ထိမ်းရတာ​ပေါ့ကွယ်​ ..."

အလဲ့ ... ဟာဟ
တတ်​​နေလိုက်​တာ ...။

" မမ... !
အခုရော ဘာတွေလုပ်
စားpp လား "

" ​အေးကွယ်​..... !
တစ်နေကုန်အောင်
ခန္ဓာဝန်ကို ထမ်းရမှာမို့
အူမတောင့်​မှ
သီလ​စောင့်​နိုင်တာ မလား
အာဟာရပြည့်​ဝမှ...
ဒေါသဆိုတဲ့
အကုသိုလ်​​တွေ မ၀င်​မှာ.. ?
ဒေါသနည်း​တော့ 
လောဘ ​မောဟဘက်
မကူးနိုင်​​တော့ဘူး​ပေါ့ကွယ်​ ...
မောင်​​မောင်​ ​လေး ရဲ့
ဒါကြောင့်...
ဝမ်းမီးတောက် ငြိမ်းစေဖို့
သင့်တင့်လျောက်ပတ်သော
အဟာရလေးတော့
ဖြည့်တင်းပြီးခဲ့ပါပြီ
မောင်လေးငယ်ရယ် "

အ...ဟ... !
မယ်​သီလရှင်
မ​သေခင်​က
ဝင်စားလာလား မသိ
တတ်​​နေလိုက်​တာ ...။

" ​အော...ဒါနဲ့ ...
မမက သီလရှင်​​တော့
မဟုတ်​ပါဘူး​နော်​"

" ​အေးကွယ်​ ...
သီလရှင်​မဟုတ်​ပါဘူး ... 
ထင်စရာများ
ပေါက်နေလို့လား... ?
မောင်​​လေး ရဲ့။ "

ဟဲဟဲ ​....
တော်​​သေးတာ​ပေါ့ ။

" ​အော် ... !
မမ မှာ ရည်းစားရှိလား ဟင်​ "

" ဟယ်တော့ ... !
ဘာတွေလာပြောနေတာလဲ ဟယ်
မရှိပါဘူး ...ဘာလို့လဲ ...​ ?
မောင်​​မောင်​​လေး ရဲ့ "

အလို....မိုက်​ပီ​လေ.....

" ဒါနဲ့...!
အချစ်​ဆိုတာကို
ဘလို အဓိပ္ပါယ်​ ဖွင့်​လည်းဟင်
သိချင်လို့ မမ ရယ်
ပြောပြပါလားနော်လို့.. "

" ​သြော် ... !
အချစ်​ဆိုတာ ...
ပူ​လောင်​တဲ့ မီး​တောက်​ငယ်
တစ်​ခု​ပေါ့ကွယ်​။ 
တေ​ဇောဓာတ်​အား​ကောင်းတယ်​။
ပထ၀ီဓာတ်​​တော့
သိပ်​မကဲဘူး​ပေါ့ ။
ပူ​လောင်​ခြင်းဆိုတဲ့ 
ဝေဒနာဟာ 
ဒေါသ​စေတသိက်​ကို
တမုဟုတ်​ခြင်း
ဖြစ်​ထွန်း​စေတယ်​ကွဲ့။
အ၀ိဇ္ဇာတရား
များစွာထဲမှာ​တော့ 
အစေးပိုင်​ဆုံး နဲ့
အ​စေးကပ်​ဆုံး
သင်္ခါရအ​ကြောင်း
တရားတစ်​ခုလို့ပဲ 
ပြောပါရ​စေ ...။"

အယ်​.... !
ဆန်း​တော့ဆန်း​နေပြီ။ 
နောက်​တယ်​ဆိုတာ
တော်​ယုံပဲ​ကောင်းတာကို ....
တရားပဲ​ဟောနေ တယ်​။

" အဟမ်း...မမ မှာ
ချစ်​သူမရှိဘူးလားဟင်.... ? "

" မရှိပါဘူးကွယ်​ ... 
ဝေဒနာ ပစ္စယာ တဏှာ​လေ ...
ခုချိန်ခါမှာ
ဘယ်​လိုအကုသိုလ်​မှ
မပြန့်​ပွား မကူးယူချင်​လို့​ပေါ့ "

ယေး....
သေချာပြီဟ
ဒါ​ရေလာ​မြောင်း​ပေး
စကားပဲဖြစ်​မယ်​။
အဓိက က
ချစ်​သူမရှိတာပဲ ​မိုက်​​နေပြီ။
တရား...သ​ဘောလည်း
ကျွမ်းကျင်​​တော့ ...
ချစ်​စရာ​ကောင်းမယ့်​ပုံ ​လေး... ​ယေး😉😍

" မမ က ....
အခု ဘယ်​မှာလဲ ဟင်​.... ?
တဆိတ်​သိခွင့်​ရချင်​လို့ ​ပြောပါ​နော်​ ....
မောင်မောင်လေး...
စိတ်​၀င်​စားလို့ "

" မမက ....
အခု ရိပ်​သာမှာ​လေ ..."

" ဗျာ .... !
အော်​ တရားရိပ်​သာမှာ
ဥပုဒ်​​နေ့မို့လို့
ခဏတရားလာထိုင်​တာ
မဟုတ်​လား "

" အို......
မဟုတ်​ပါဘူးကွဲ့
ခု..
မမ နေတာ
ဘိုးဘွားရိပ်​သာက ​လေ ..."

" ဟိုက်...
သေလိုက်စမ်း ဟ ငင့်...ဂိ "

ဟာဗျာာာာာ ....
အဖွား... ရက်​စက်​တယ်​ဗျာ....
အဟီး.÷÷÷÷......😪😥😰

.
Credit-Original Writer

Share & Copy




Welcome{ ​HERE } ​GO

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide