၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီလ၊ ၁၈ ရက်နေ့
  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (၆၁၀)မဂ္ဂါဝပ် LNG  လျှပ်စစ် ဓာတ် အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်းသို့  ကွင်းဆင်း  ကြည့်ရှုစစ်ဆေး 
 ********************************************
   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည်  ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်၊  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန  ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ဖေဖော် ၀ါရီလ(၁၈)ရက် နံနက်ပိုင်းတွင် ကျွန်းစုမြို့ နယ်တွင်  အကောင်အထည်ဖော်မည့် (၆၁၀)မဂ္ဂါဝပ် LNG လျှပ်စစ်ဓာတ်အားပေး
 စက်ရုံ တည်ဆောက်ရေးစီမံကိန်းသို့ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
  အကောင်အထည်ဖော်မည့် (၆၁၀)မဂ္ဂါဝပ် ဓါတ်အားပေးစက်ရုံစီမံကိန်းကို  မြိတ်အများပိုင်ကော်ပိုရေး ရှင်းလီမိတက်နှင့် ကိုးရီးယားသမ္မတနိုင်ငံမှ  KMPI Consortium ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းအကောင်  အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊  ကျွန်းစုမြို့နယ်၊ ကပကျေးရွာ အုပ်စု၊ လင်မလိုကြီးရွာအနီးတွင်  ဆောင်ရွက်သွားမည်ဖြစ်သည်။ စီမံကိန်းရှင်းလင်းဆောင်တွင် မြိတ်အများ  ပိုင်ကော်ပိုရေးရှင်း လီမိတက်ဥက္ကဌ ဦးလှသန်း က ဓါတ်အားပေးစက်ရုံ
 စီမံကိန်း နှင့်ပတ်သက်၍ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများကိုရှင်းလင်းတင်ပြသည်။
 ယင်းနောက် Siemens  ကုမ္ပဏီလီမိတက်မှ Mr.Jae က CCPP Power Plant  ဓာတ်အားပေးစက်ရုံနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ခင်မောင်ညွန့်  ထရေးဒင်းကုမ္ပဏီလီမိတက် အထွေထွေမန်နေဂျာ ဦးမောင်ဌေး က  ဓာတ်အားခွဲရုံများနှင့် မဟာဓာတ်အားလိုင်းဆွဲရေးလုပ်ငန်းများကို  ရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက  လိုအပ်သည်များ လမ်းညွှန်မှာ
 ကြားခဲ့ပြီး သိလိုသည်များကို မေးမြန်းရာ စီမံကိန်းတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စု ၀န်ကြီးနှင့်အဖွဲ့သည် ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာရှိ ပြည်ဖြိုးထွန်းအင် တာနေရှင်နယ်ကုမ္ပဏီလီမိတက်ခေတ်မီရေငန်ပုစွန် မွေးမြူရေးစီမံကိန်းသို့ရောက်ရှိရာ စီမံကိန်းရှင်းလင်းဆောင်တွင် ပြည်ဖြိုးထွန်းအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးလှသန်း က ပြည်ထောင်စု ၀န်ကြီးနှင့်အဖွဲ့အား စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများနှင့် ရေငန်ပုစွန် မွေးမြူထုတ်လုပ်နေမှုအဆင့်ဆင့်အား ရှင်းလင်းတင်ပြခဲ့ပြီး ရေငန်ပုစွန်မွေးမြူထုတ်လုပ်နေမှုအား ပြည်ထောင်စု ၀န်ကြီးနှင့်အဖွဲ့မှ ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။
#cdIprd Myeik
လည်ပတ်ရန်{  ဒီမှာ  } သွားလိုက်ပါ
 
 


 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate

Post a Comment