သံုးၾကိမ္အထိ လက္ထပ္နိုင္သူကိုသာ ေရြးခ်ယ္ပါ

 အိမ္ေထာင္ေရး (၃)မ်ဳိးရွိတယ္။  ပထမအိမ္ေထာင္ေရး —- ကိုယ္ခ်စ္တဲ့လူနဲ႔ လက္ထပ္တာျဖစ္တယ္။  

 ဒုတိယအိမ္ေထာင္ေရး —- ကိုယ္ခ်စ္တဲ့လူရဲ႕အက်င့္နဲ႔ လက္ထပ္တာျဖစ္တယ္။  တတိယအိမ္ေထာင္ေရး—- ကိုယ္ခ်စ္တဲ့လူရဲ႕အက်င့္၊ သူ႔ရဲ႕ဘက္ဂေရာင္း (ေဆြမ်ဳိးသားျခင္း)နဲ႔ လက္ထပ္တာျဖစ္တယ္။  

 ပထမအမ်ဳိးအစားနဲ႔ လက္ထပ္တဲ့ဇနီးေမာင္ႏွံရဲ႕ အိမ္ေထာင္ေရးက တည္ၿမဲတဲ့အဆင့္မွာရွိတယ္။  ဒုတိယအမ်ဳိးအစားနဲ႔ လက္ထပ္တဲ့ဇနီးေမာင္ႏွံရဲ႕ အိမ္ေထာင္ေရးက ပိုတည္ၿမဲတဲ့အဆင့္မွာရွိတယ္။  

 တတိယအမ်ဳိးအစားနဲ႔ လက္ထပ္တဲ့ဇနီးေမာင္ႏွံရဲ႕ အိမ္ေထာင္ေရးက ကြာရွင္းတဲ့လမ္းမျမင္ခဲ့ဘူး။  ဒီေလာကႀကီးမွာ ဆံျဖဴသြားက်ဳိးတဲ့အထိ ခ်စ္ႏိုင္ၾကတဲ့လူေတြဟာ အေျခခံအားျဖင့္ ဘဝမွာ(၃)ႀကိမ္ လက္ထပ္ၾကရတယ္။  

 ပထမတစ္ႀကိမ္က စားေသာက္ဆိုင္မွာ၊ ဆိုင္ႀကီးကနားမွာ မိသားစု၊ သူငယ္ခ်င္းအေပါင္းအသင္းေတြရဲ႕ ဆုမြန္ေကာင္းေတြၾကားမွာ ကိုယ္ခ်စ္တဲ့သူနဲ႔ လက္ထပ္တာျဖစ္တယ္။  ဒုတိယအႀကိမ္က အိမ္မွာလက္ထပ္တာျဖစ္တယ္။  

 တစ္ဦးနဲ႔တစ္ဦး သဟဇတျဖစ္ေအာင္ တစ္ဘက္သားရဲ႕အက်င့္နဲ႔ လက္ထပ္တာျဖစ္တယ္။  တတိယအႀကိမ္က အမ်ဳိးေတြၾကားမွာ လက္ထပ္တာျဖစ္တယ္။  

 တစ္ဘက္သားရဲ႕ ေဆြမ်ဳိးသားခ်င္းေတြနဲ႔ သင့္ျမတ္ေအာင္ လက္ထပ္တာျဖစ္တယ္။  ဒုတိယအႀကိမ္နဲ႔ တတိယအႀကိမ္လက္ထပ္တာက ပထမအႀကိမ္နဲ႔ လံုးဝကဲြျပားတယ္။  

 အဲဒီလက္ထပ္ပဲြေတြမွာ ခမ္းနားတဲ့ မဂၤလာအေဆာင္အေယာင္ေတြ မပါသလို၊ သူငယ္ခ်င္းမိတ္ေဆြေတြရဲ႕ ဆုမြန္ေကာင္းေတြမပါခဲ့ဘူး။  အခမ္းအနားမွာ ႏွစ္ဦးသားရဲ႕နားလည္မႈပဲရွိခဲ့တယ္။  

 တကယ္လက္ထပ္တယ္ဆိုတာက ေနာက္ဆံုးႏွစ္ႀကိမ္နဲ႔ပိုဆိုင္ပါတယ္။  အခုေခတ္လူအမ်ားရဲ႕ အိမ္ေထာင္ေရးက လက္ထပ္ၿပီး ႏွစ္တိုတိုအတြင္းမွာ ကြာရွင္းၾကတယ္။  

 ကြာရွင္းၾကတဲ့အေၾကာင္းရင္းကို ဆန္းစစ္ၾကည့္ရင္ ကိုယ္လက္ထပ္ခဲ့တဲ့ ပထမအႀကိမ္ကို ဒုတိယအႀကိမ္ထိ အေရာက္မတြန္းပို႔ႏိုင္ခဲ့လို႔ျဖစ္တယ္။  အားလံုးသိၾကတဲ့အတိုင္း ေရေႏြးဆူဆူက ပိုးမႊားေတြကို သတ္ပစ္ႏိုင္သလို အခ်ိန္ျမင့္တဲ့အခ်စ္ဒီဂရီက ခ်စ္သူရဲ႕ အားနည္းခ်က္နဲ႔ မျပည့္စံုမႈကို မ်က္ကြယ္ျပဳႏိုင္တယ္။  

 ခ်စ္ေနတဲ့အခ်ိန္မွာ မျမင္ခဲ့မိတဲ့ အားနည္းခ်က္၊ မျပည့္စံုမႈေတြက လက္ထပ္ထိမ္းျမားျခင္းဆိုတဲ့ မပူ၊ မေအးတဲ့ ေရထဲေရာက္သြားတဲ့အခါ အဲဒီအားနည္းခ်က္နဲ႔ မျပည့္စံုမႈေတြက ပိုးမႊားေတြလို ျပန္ရွင္သန္လာတတ္တယ္။  ဒီလိုအခ်ိန္မ်ဳိးမွာ ဒုတိယအႀကိမ္လက္ထပ္ျခင္းကို ကိုယ္ေရြးခ်ယ္သင့္ပါတယ္။  [caption id="attachment_1175" align="aligncenter" width="1170"]

 Wedding. Water Wedding Portraits[/caption]  သူ႔အက်င့္နဲ႔လက္ထပ္မယ္၊ သူရဲ႕အားနည္းခ်က္နဲ႔ မျပည့္စံုျခင္းေတြကို နားလည္ခြင့္လႊတ္ေပးမယ္၊  ဒီလိုမွမဟုတ္ရင္ အိမ္ေထာင္ေရးက အျမစ္ပါးသြားတဲ့သစ္ပင္လို တျဖည္းျဖည္း က်ံဴ႕ဝင္ေျခာက္ေသြ႔သြားႏိုင္ပါတယ္။  

 အရမ္းခ်စ္ၿပီးယူထားၾကသူႏွစ္ဦးက ႏွစ္တိုတိုေလးအတြင္းမွာ ကြာရွင္းၾကတာဟာလည္း ဒုတိယအႀကိမ္ လက္ထပ္ျခင္းဆီ အေရာက္မသြားႏိုင္ခဲ့လို႔ျဖစ္တယ္။  ဒုတိယအႀကိမ္လက္ထပ္ျခင္းထဲ ဝင္ေရာက္ႏိုင္သူႏွစ္ဦးက “ကြာရွင္းမယ္”ဆိုတဲ့စကားကို အေျပာနည္းသြားတတ္တယ္။  

 သူတို႔ရဲ႕စိတ္ထဲမွာ တစ္ဘက္သားရဲ႕ အက်င့္စရိုက္နဲ႔မျပည့္စံုမႈေတြကို နားလည္လက္ခံထားလို႔ျဖစ္တယ္။  တစ္ခါတေလ တစ္ဘက္သားရဲ႕ ဒီလိုမျပည့္စံုမႈက ကိုယ့္ကိုဂရုစိုက္မႈအသြင္ ေျပာင္းေစခဲ့လို႔ျဖစ္တယ္။  

 ဒီလိုအခ်ိန္မ်ဳိးမွာ အိမ္ေထာင္ေရးက ခ်ဳိၿမိန္ေႏြးေထြးေနၿပီး အခ်င္းခ်င္း နားလည္ခြင့္လႊတ္ျခင္းေတြနဲ႔ ျပည့္ေနပါလိမ့္မယ္။  အိမ္ေထာင္ေရးေႏြးေထြးတာနဲ႔ အိမ္ေထာင္ေရးတည္ၿမဲၿပီလို႔ ယူဆလို႔မရႏိုင္ေသးဘူး။  

 အိမ္ေထာင္ေရးတည္ၿမဲဖို႔ တတိယအႀကိမ္လက္ထပ္ျခင္းကို အေရာက္တက္လွမ္းႏိုင္ရဦးမယ္။  အဲတာက တစ္ဘက္သားရဲ႕ ေဆြမ်ဳိးသားခ်င္းနဲ႔ လက္ထပ္တာပဲျဖစ္တယ္။  

 တစ္နည္းေျပာရရင္ သူ႔အေပၚထားတဲ့ ကိုယ္ရဲ႕ခ်စ္ျခင္းေမတၱာေတြ သူ႔မိဘ၊ သူ႔ေဆြမ်ဳိးသားခ်င္းဆီအေရာက္ ျဖန္႔က်က္ႏိုင္ဖို႔ျဖစ္တယ္။  ဒီလိုခ်စ္ျခင္းေမတၱာမ်ဳိးမွာ အိမ္ေထာင္ေရးအတြက္ အသိဉာဏ္ေတြကိုေပးတယ္။  

 ကိုယ့္ရဲ႕တစ္ျခမ္းကို ကုိယ္ပဲပိုင္ဆိုင္တာ မဟုတ္ပါဘူး။  သူ႔ကို သူ႔မိဘ၊ သူ႔ေဆြမ်ဳိးသားခ်င္းေတြလည္း ပိုင္ဆိုင္ပါတယ္။  

 ၿပီးေတာ့ သူ႔ကိုယ္သူ ပိုင္ဆိုင္ပါတယ္။  ဒီလိုအေျခအေနမ်ဳိးမွာ အိမ္ေထာင္ေရးကတည္ၿမဲၿပီး ခဲြခ်င္တယ္ဆိုရင္ေတာင္ မလြယ္တကူ မခဲြႏိုင္ေတာ့ပါဘူး။  

 ခ်စ္ျခင္းေလာကမွာ ေယာက္်ားအမ်ားစုက အိမ္ေထာင္ေရးဆိုတာ မိန္းမတစ္ေယာက္ကို လက္ထပ္ယူလိုက္တာပဲလို႔ ထင္မွတ္ၾကတယ္။  အဲဒီမိန္းကေလးရဲ႕လိုအင္နဲ႔ သူ႔ရဲ႕ေနာက္ခံဘက္ဂေရာင္းကို လ်စ္လ်ဴရွဴထားတတ္ၾကတယ္။  

 မိန္းကေလးအမ်ားစုကလည္း အိမ္ေထာင္ေရးဆိုတာ ေယာက္်ားတစ္ေယာက္ကို လက္ထပ္တာေလာက္ပဲသိခဲ့ၿပီး အဲဒီေယာက္်ားရဲ႕အက်င့္၊ စရိုက္နဲ႔ သူ႔ရဲ႕ေနာက္ခံဘက္ဂေရာင္း ေဆြမ်ဳိးသားခ်င္းေတြနဲ႔လည္း လက္ထပ္ရမယ္ဆိုတာကို မသိနားမလည္ခဲ့ဘူး။  ဒီလိုမသိနားမလည္ျခင္းေၾကာင့္ အခုေခတ္မွာ အိမ္ေထာင္ၿပိဳကဲြသူေတြ ပိုမ်ားလာတာကို ေတြ႔ၾကရတယ္။ ။ ။ ။ ။  

 Liu Yanmin (刘燕敏)  (Unicode) 
သုံးကြိမ်အထိ လက်ထပ်နိုင်သူကိုသာ ရွေးချယ်ပါ

 အိမ်ထောင်ရေး (၃)မျိုးရှိတယ်။  ပထမအိမ်ထောင်ရေး —- ကိုယ်ချစ်တဲ့လူနဲ့ လက်ထပ်တာဖြစ်တယ်။  [caption id="attachment_1162" align="aligncenter" width="2000"]

 Bride & Groom[/caption]  ဒုတိယအိမ်ထောင်ရေး —- ကိုယ်ချစ်တဲ့လူရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။  တတိယအိမ်ထောင်ရေး—- ကိုယ်ချစ်တဲ့လူရဲ့အကျင့်၊ သူ့ရဲ့ဘက်ဂရောင်း (ဆွေမျိုးသားခြင်း)နဲ့ လက်ထပ်တာဖြစ်တယ်။  

 ပထမအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက တည်မြဲတဲ့အဆင့်မှာရှိတယ်။  ဒုတိယအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ပိုတည်မြဲတဲ့အဆင့်မှာရှိတယ်။  

 တတိယအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ကွာရှင်းတဲ့လမ်းမမြင်ခဲ့ဘူး။  ဒီလောကကြီးမှာ ဆံဖြူသွားကျိုးတဲ့အထိ ချစ်နိုင်ကြတဲ့လူတွေဟာ အခြေခံအားဖြင့် ဘဝမှာ(၃)ကြိမ် လက်ထပ်ကြရတယ်။  

 ပထမတစ်ကြိမ်က စားသောက်ဆိုင်မှာ၊ ဆိုင်ကြီးကနားမှာ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ ဆုမွန်ကောင်းတွေကြားမှာ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်တာဖြစ်တယ်။  ဒုတိယအကြိမ်က အိမ်မှာလက်ထပ်တာဖြစ်တယ်။  

 တစ်ဦးနဲ့တစ်ဦး သဟဇတဖြစ်အောင် တစ်ဘက်သားရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။  တတိယအကြိမ်က အမျိုးတွေကြားမှာ လက်ထပ်တာဖြစ်တယ်။  

 တစ်ဘက်သားရဲ့ ဆွေမျိုးသားချင်းတွေနဲ့ သင့်မြတ်အောင် လက်ထပ်တာဖြစ်တယ်။  ဒုတိယအကြိမ်နဲ့ တတိယအကြိမ်လက်ထပ်တာက ပထမအကြိမ်နဲ့ လုံးဝကွဲပြားတယ်။  

 အဲဒီလက်ထပ်ပွဲတွေမှာ ခမ်းနားတဲ့ မင်္ဂလာအဆောင်အယောင်တွေ မပါသလို၊ သူငယ်ချင်းမိတ်ဆွေတွေရဲ့ ဆုမွန်ကောင်းတွေမပါခဲ့ဘူး။  အခမ်းအနားမှာ နှစ်ဦးသားရဲ့နားလည်မှုပဲရှိခဲ့တယ်။  

 တကယ်လက်ထပ်တယ်ဆိုတာက နောက်ဆုံးနှစ်ကြိမ်နဲ့ပိုဆိုင်ပါတယ်။  အခုခေတ်လူအများရဲ့ အိမ်ထောင်ရေးက လက်ထပ်ပြီး နှစ်တိုတိုအတွင်းမှာ ကွာရှင်းကြတယ်။  

 ကွာရှင်းကြတဲ့အကြောင်းရင်းကို ဆန်းစစ်ကြည့်ရင် ကိုယ်လက်ထပ်ခဲ့တဲ့ ပထမအကြိမ်ကို ဒုတိယအကြိမ်ထိ အရောက်မတွန်းပို့နိုင်ခဲ့လို့ဖြစ်တယ်။  အားလုံးသိကြတဲ့အတိုင်း ရေနွေးဆူဆူက ပိုးမွှားတွေကို သတ်ပစ်နိုင်သလို အချိန်မြင့်တဲ့အချစ်ဒီဂရီက ချစ်သူရဲ့ အားနည်းချက်နဲ့ မပြည့်စုံမှုကို မျက်ကွယ်ပြုနိုင်တယ်။  

 ချစ်နေတဲ့အချိန်မှာ မမြင်ခဲ့မိတဲ့ အားနည်းချက်၊ မပြည့်စုံမှုတွေက လက်ထပ်ထိမ်းမြားခြင်းဆိုတဲ့ မပူ၊ မအေးတဲ့ ရေထဲရောက်သွားတဲ့အခါ အဲဒီအားနည်းချက်နဲ့ မပြည့်စုံမှုတွေက ပိုးမွှားတွေလို ပြန်ရှင်သန်လာတတ်တယ်။  ဒီလိုအချိန်မျိုးမှာ ဒုတိယအကြိမ်လက်ထပ်ခြင်းကို ကိုယ်ရွေးချယ်သင့်ပါတယ်။  

 သူ့အကျင့်နဲ့လက်ထပ်မယ်၊ သူရဲ့အားနည်းချက်နဲ့ မပြည့်စုံခြင်းတွေကို နားလည်ခွင့်လွှတ်ပေးမယ်၊  ဒီလိုမှမဟုတ်ရင် အိမ်ထောင်ရေးက အမြစ်ပါးသွားတဲ့သစ်ပင်လို တဖြည်းဖြည်း ကျူံ့ဝင်ခြောက်သွေ့သွားနိုင်ပါတယ်။  

 အရမ်းချစ်ပြီးယူထားကြသူနှစ်ဦးက နှစ်တိုတိုလေးအတွင်းမှာ ကွာရှင်းကြတာဟာလည်း ဒုတိယအကြိမ် လက်ထပ်ခြင်းဆီ အရောက်မသွားနိုင်ခဲ့လို့ဖြစ်တယ်။  ဒုတိယအကြိမ်လက်ထပ်ခြင်းထဲ ဝင်ရောက်နိုင်သူနှစ်ဦးက “ကွာရှင်းမယ်”ဆိုတဲ့စကားကို အပြောနည်းသွားတတ်တယ်။  

 သူတို့ရဲ့စိတ်ထဲမှာ တစ်ဘက်သားရဲ့ အကျင့်စရိုက်နဲ့မပြည့်စုံမှုတွေကို နားလည်လက်ခံထားလို့ဖြစ်တယ်။  တစ်ခါတလေ တစ်ဘက်သားရဲ့ ဒီလိုမပြည့်စုံမှုက ကိုယ့်ကိုဂရုစိုက်မှုအသွင် ပြောင်းစေခဲ့လို့ဖြစ်တယ်။  

 ဒီလိုအချိန်မျိုးမှာ အိမ်ထောင်ရေးက ချိုမြိန်နွေးထွေးနေပြီး အချင်းချင်း နားလည်ခွင့်လွှတ်ခြင်းတွေနဲ့ ပြည့်နေပါလိမ့်မယ်။  အိမ်ထောင်ရေးနွေးထွေးတာနဲ့ အိမ်ထောင်ရေးတည်မြဲပြီလို့ ယူဆလို့မရနိုင်သေးဘူး။  

 အိမ်ထောင်ရေးတည်မြဲဖို့ တတိယအကြိမ်လက်ထပ်ခြင်းကို အရောက်တက်လှမ်းနိုင်ရဦးမယ်။  အဲတာက တစ်ဘက်သားရဲ့ ဆွေမျိုးသားချင်းနဲ့ လက်ထပ်တာပဲဖြစ်တယ်။  

 တစ်နည်းပြောရရင် သူ့အပေါ်ထားတဲ့ ကိုယ်ရဲ့ချစ်ခြင်းမေတ္တာတွေ သူ့မိဘ၊ သူ့ဆွေမျိုးသားချင်းဆီအရောက် ဖြန့်ကျက်နိုင်ဖို့ဖြစ်တယ်။  ဒီလိုချစ်ခြင်းမေတ္တာမျိုးမှာ အိမ်ထောင်ရေးအတွက် အသိဉာဏ်တွေကိုပေးတယ်။  

 ကိုယ့်ရဲ့တစ်ခြမ်းကို ကိုယ်ပဲပိုင်ဆိုင်တာ မဟုတ်ပါဘူး။  သူ့ကို သူ့မိဘ၊ သူ့ဆွေမျိုးသားချင်းတွေလည်း ပိုင်ဆိုင်ပါတယ်။  

 ပြီးတော့ သူ့ကိုယ်သူ ပိုင်ဆိုင်ပါတယ်။  ဒီလိုအခြေအနေမျိုးမှာ အိမ်ထောင်ရေးကတည်မြဲပြီး ခွဲချင်တယ်ဆိုရင်တောင် မလွယ်တကူ မခွဲနိုင်တော့ပါဘူး။  

 ချစ်ခြင်းလောကမှာ ယောက်ျားအများစုက အိမ်ထောင်ရေးဆိုတာ မိန်းမတစ်ယောက်ကို လက်ထပ်ယူလိုက်တာပဲလို့ ထင်မှတ်ကြတယ်။  အဲဒီမိန်းကလေးရဲ့လိုအင်နဲ့ သူ့ရဲ့နောက်ခံဘက်ဂရောင်းကို လျစ်လျူရှူထားတတ်ကြတယ်။  

 မိန်းကလေးအများစုကလည်း အိမ်ထောင်ရေးဆိုတာ ယောက်ျားတစ်ယောက်ကို လက်ထပ်တာလောက်ပဲသိခဲ့ပြီး အဲဒီယောက်ျားရဲ့အကျင့်၊ စရိုက်နဲ့ သူ့ရဲ့နောက်ခံဘက်ဂရောင်း ဆွေမျိုးသားချင်းတွေနဲ့လည်း လက်ထပ်ရမယ်ဆိုတာကို မသိနားမလည်ခဲ့ဘူး။  ဒီလိုမသိနားမလည်ခြင်းကြောင့် အခုခေတ်မှာ အိမ်ထောင်ပြိုကွဲသူတွေ ပိုများလာတာကို တွေ့ကြရတယ်။ ။ ။ ။ ။  Liu Yanmin (刘燕敏)
                              SIMILAR ARTICLES
                          
 
Post a Comment