Monday, January 22, 2018
DVB
(Unicode)
ဝင်ငွေခွန်အများဆုံး ထမ်းဆောင်သည့် ထိပ်တန်းလုပ်ငန်းရှင် စာရင်းတွင် ဦးပိုင်ကုမ္ပဏီ ပါဝင်
Monday, January 22, 2018
၂၀၁၆-၁၇ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်တဲ့ လုပ်ငန်းရှင် ၅၀ စာရင်းကို ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ကြေညာရာမှာ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလည်း ပါဝင်လာပါတယ်။
ဝင်ငွေခွန်အများဆုံးဆောင်တဲ့ ကုမ္ပဏီတွေထဲမှာ ကမ္ဘောဇဘဏ်က ငွေကျပ်သန်း နှစ်သောင်းအထက် အများဆုံးဖြစ်ပြီး ကျပ်သန်း တသောင်းအောက် ဆောင်တဲ့ ကုမ္ပဏီတွေကတော့ ဒိုင်းမွန်းစတား၊ မြဝတီဘဏ်၊ ရွှေတောင်၊ မြန်မာ့စီးပွားရေးဦးပိုင်၊ ပီတီပါဝါထရိတ်ဒင်း၊ သီလဝါ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကုမ္ပဏီတို့ ဖြစ်ကြပါတယ်။
အလားတူ ၂၀၁၆-၁၇ စည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်တဲ့ လုပ်ငန်းရှင် ၅၀ စာရင်းကိုလည်း ထုတ်ပြန်ထားရာမှာ ဒဂုံအဖျော်ယမကာ ကုမ္ပဏီက ကျပ်သန်း နှစ်သောင်းအထက် အများဆုံး အခွန်ဆောင်တဲ့ကုမ္ပဏီ ဖြစ်ပါတယ်။
ကျပ်သန်း နှစ်သောင်းအောက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်တဲ့ လုပ်ငန်းရှင်တွေထဲမှာတော့ မြဝတီထရိတ်ဒင်း၊ ဒန်ကို၊ ပီတီပါဝါ၊ စီးတီးမတ် စတဲ့ ကုမ္ပဏီတွေ ပါဝင်ပါတယ်။
ဓာတ်ပုံ-ပြည်တွင်းအခွန်
DVB
Home » Local News » ဝင်ငွေခွန်အများဆုံး ထမ်းဆောင်သည့် ထိပ်တန်းလုပ်ငန်းရှင် စာရင်းတွင် ဦးပိုင်ကုမ္ပဏီ ပါဝင်
By Admin • February 02, 2018 • Local News • Comments : 0
Subscribe to:
Post Comments
                        (
                        Atom
                        )
                      
 
 


 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate

Post a Comment