ကျုံမငေးမြို့စခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ရဲအုပ်တစ်ဦး မိမိကိုယ်ကိုယ်သေနတ်ဖြင့်ပစ်၍ အဆုံးစီရင်
==============================================
 ဧရာဝတီတိုင်းဒေသကြီး ၀ါးခယ်မမြို့နယ် ကျုံမငေးမြို့တွင် စခန်းမှူးအဖြစ်  တာဝန်ထမ်းဆောင်နေသူ ရဲအုပ်တစ်ဦးသည် ဖေဖော်ဝါရီ ၄ ရက် နံနက် ၁၁  နာရီခန့်တွင် တာဝန်အရထုတ်ပေးထားသော ခြောက်လုံးပြူးသေနတ်ဖြင့်  မိမိကိုယ်ကိုယ်ပစ်၍ အဆုံးစီရင်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့တွင် ကျုံမငေးမြို့ ရဲစခန်းဝန်းအတွင်းရှိ လိုင်းခန်းအမှတ် (၁)တွင် နေထိုင်သူ ဒေါ်ညိုမာသင်းသည် နေအိမ်ရှေ့သို့ထွက်ကာ သံဃာများအား ဆွမ်းလောင်းနေစဉ် နေအိမ်အတွင်းမှ ၀ုန်းဆို သော အသံကြား၍ ပြန်ဝင်ကြည့်ရာ ၎င်း၏ အမျိုးသားဖြစ်သူ ကျုံမငေးမြို့ရဲစခန်းတွင် စခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ရဲအုပ်လှိုင်ဝင်းမှာ ဦးခေါင်းနောက်စေ့ ပေါက်ထွက်ဒဏ်ရာဖြင့် သေဆုံးလဲကျနေကြောင်း တွေ့ရှိရ၍ အနီးဝန်းကျင်ရှိ ရဲတပ်ဖွဲ့ဝင်များကို အကူညီတောင်းခံခဲ့ကြောင်း၊ လာရောက်ကူညီခဲ့သည့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရာတွင် အခင်းဖြစ်စဉ်နေရာအနီး သေဆုံးခဲ့သူ ရဲအုပ်လှိုင်ဝင်းအား တာဝန်အရ ထုတ်ပေးထားသည့် ခြောက်လုံးပြူး သေနတ်တစ်လက်၊ ကျည်ခွံတစ်ခုနှင့် အုတ်နံရံတွင် ကျည်မှန်ထားသည်ဟု ယူဆရသော အပေါက်ရာတစ်ခုကို တွေ့ရှိရကြောင်း၊ ရဲအုပ်လှိုင်ဝင်းအလောင်းအား ကျုံမငေးတိုက်နယ်ဆေးရုံတွင် ရင်ခွဲစစ်ဆေးရာ ပါးစပ်နှင့်လျှာတွင် ယမ်းအနံ့များ တွေ့ရှိရပြီး မိမိကိုယ်ကိုယ်သေနတ်ဖြင့် သတ်သေခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ၀ါးခယ်မမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျရဲအရာရှိတစ်ဦးက “ဟုတ်တယ်ခင်ဗျ။ ကိုယ့်ကိုယ်ကိုယ်သေနတ်နဲ့ပဲ သတ်သေခဲ့တာပါ။ သိရသလောက်က သူတာဝန်ထမ်းဆောင်နေချိန်မှာ အမှုကိစ္စတွေ ဆောင်ရွက်ဖြေရှင်းရာမှာ များပြားမှုတွေကြောင့် စိတ်ရှုပ်ထွေးပြီး စိတ်ဖိစီးမှုများပြားနေတယ်လို့ သိရတယ်ဗျ။ ကျန်တာတွေကတော့ ကျွန်တော်တို့လည်း မပြောတတ်ဘူး” ဟု ပြန်လည်ဖြေကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျုံမငေး မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁/ ၂၀၁၈ ဖြင့် အမှုဖွင့်လှစ်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
writer: မင်းသူဝင်းထွဋ်
==============
Eleven Media Group
http://news-eleven.com/news/36490
#ဖေအောင်

 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate

Post a Comment