Blogger Widgets ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အငှားယာဉ်မောင်းအား ဓားဖြင့်ထိုးသတ်သူကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အငှားယာဉ်မောင်းအား ဓားဖြင့်ထိုးသတ်သူကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အငှားယာဉ်မောင်းအား
ဓားဖြင့်ထိုးသတ်သူကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က
အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက် ၄ နာရီအချိန် ဒဂုံမြို့သစ်(အရှေ့ပိုင်း)
မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များသည် မပြားကျေးရွာအုပ်စု၊ လေးထောင့်
ကန်ကျေးရွာ၊ အမှတ်(၂)လမ်းမကြီးဘေးတွင် လူတစ်ဦး ဒဏ်ရာများနှင့်
လဲကျသေဆုံးနေကြောင်း သတင်းအရသွားရောက်စစ်ဆေးရာ
ယာဉ်အမှတ် 6E/----- နက်/အပြာရောင် Probox Succeed အမျိုးအစား
ယာဉ်အနီးတွင် အမျိုးသားတစ်ဦးမှာ ဓားဒဏ်ရာများဖြင့် လဲကျသေဆုံး
နေသည်ကို တွေ့ရှိရပြီး ယာဉ်ပေါ်ပါရှိသည့် ယာဉ်မောင်းလိုင်စင်မှ
ဦး---- ဓာတ်ပုံနှင့်သေဆုံး သူအား တိုက်ဆိုင် စစ်ဆေးခဲ့ရာ တူညီနေ
သည်ကိုတွေ့ရှိရသဖြင့် ယာဉ်မောင်းအား သတ်သွားသူကို
အရေးယူရန် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့မရဲစခန်း(ပ) ၁၆၂/၂၀၁၈ ၊
ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှု ကျူးလွန်သူကို
ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။

အမှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် အရှေ့ပိုင်းခရိုင်
ရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ ၀င်များနှင့် ဒဂုံမြို့သစ်
(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များတို့က အခင်းဖြစ်ရပ်အား
အသေးစိတ် စစ်ဆေးရာ သေဆုံးသူ အနီးတွင် သင်္ဃန်းကျွန်းမြို့နယ်နေ
သစ်လွင်(ခ)ကိုကိုဇော်(ခ)ရာစင်အမည်ပါ (၃)ခေါက် ချိုးမှတ်ပုံတင်အား
တွေ့ရှိရပြီး ဆက်လက်ရှာဖွေခဲ့ရာ အခင်းဖြစ်နေရာအနီး လေးထောင့်
ကန်ကျေးရွာ ၊ ကိုင်းတောအတွင်း ပုန်းအောင်းနေသည့် သစ်လွင်(ခ)
ကိုကိုဇော်(ခ)ရာစင်အား နံနက်(၈)နာရီအချိန်တွင် ဖမ်းဆီးရမိခဲ့သည်။

ပြစ်မှုကျူးလွန်သူ သစ်လွင်(ခ)ကိုကိုဇော်(ခ)ရာစင်အား စစ်ဆေးရာ
၎င်းသည် လွန်ခဲ့သော ၁ လခန့်ကစ၍ သေဆုံးသူ ဦး----
မောင်းနှင်သော ယာဉ်အား အမြဲတန်းငှားစီးရာမှ ခင်မင်ရင်းနှီးခဲ့ကြောင်း
ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက် ၃ နာရီအချိန် ယာဉ်အားငှားစီးပြီး
ယာဉ်ပေါ်တွင် ငွေကြေးကိစ္စဖြင့် စကားများကြရာမှ အခင်းဖြစ်နေရာ
အရောက်တွင် ၎င်းနှင့်အတူ ပါလာသည့် ဓားဖြင့် ဦး----အား
ထိုးခဲ့ပြီးနောက် အနီးရှိလယ်ကွင်းဘေး ကိုင်းတောထဲတွင်
ပုန်းအောင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် သက်သေခံဓား
အား သိမ်းဆည်းနိုင်ခဲ့ကာ ပြစ်မှုကျူးလွန်သူ သစ်လွင်(ခ)ကိုကိုဇော်
(ခ)ရာစင်အား ထိရောက်ပြစ်ဒဏ်ရရှိရေး ဥပဒေနှင့်အညီ ဆက်လက်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်​ကုန်​police.

စီးပွားရေး ကြော်ငြာလုပ်ငန်းစု ၏ ဓာတ်ပုံ
စီးပွားရေး ကြော်ငြာလုပ်ငန်းစု ၏ ဓာတ်ပုံ
စီးပွားရေး ကြော်ငြာလုပ်ငန်းစု ၏ ဓာတ်ပုံ


Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide