Blogger Widgets မူးယစ်ဆေးတွေကို တရုတ်က စာတိုက်ကတဆင့် ပို့နေ - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

မူးယစ်ဆေးတွေကို တရုတ်က စာတိုက်ကတဆင့် ပို့နေ

မူးယစ်ဆေးတွေကို တရုတ်က စာတိုက်ကတဆင့် ပို့နေ



မူးယစ်မိန်းမောစေတဲ့ ဖန်တာနေးလ်ဆေးတွေကို တရုတ်ပြည်ကနေ အမေရိကန်ပြည်ထောင်စုကို စာတိုက်တွေကတဆင့်ပို့နေပြီး၊ အဲဒါကိုဟန့်တားဖို့ ကြိုးစားနေတယ်လို့ အမေရိကန်လွှတ်တော် အစီရင်ခံစာကို ကိုးကားပြီး ရိုက်တာစ်သတင်းတပုဒ်မှာ ဖေါ်ပြလိုက်ပါတယ်။

အဲဒီဆေးဟာ ဟီးရိုးအင်းထက်ပိုပြင်းပြီး၊ နာကြင်လွန်းတဲ့ ဝေဒနာရှင်တွေသက်သာအောင် ဆေးကုသရေးမှာသုံးပေမယ့်၊ အခုနောက်ပိုင်းမှာ မူးယစ်ဆေးဝါးတမျိုးအဖြစ် သုံးလာကြတာလို့ သိရပါတယ်။ အမေရိကန်ပြည်ထောင်စုကနေ ဖန်တာနေးလ်ဝယ်တဲ့သူတွေဟာ တရုတ်ပြည်ကနေ အလွယ်တကူ မှာလို့ရတာကို အောက်လွှတ်တော် ပြည်တွင်းလုံခြုံရေးဆပ်ကော်မတီနဲ့ အစိုးရရေးရာ စုံစမ်းရေးဆပ်ကော်မတီတို့က တနှစ်ကြာစုံစမ်းတွေ့ရှိထားတာပါ။

တရုတ်ဆေးထုတ်လုပ်တဲ့ကုမ္ပဏီတွေက စာတိုက်တွေကနေ တဦးချင်းမှာတဲ့သူတွေကိုပို့နေတာလို့ ဆိုပါတယ်။ ဒါပေမဲ့ ဘယ်ကုမ္ပဏီတွေက ပို့နေလဲဆိုတာတော့ ထုတ်ဖေါ်ပြောဆိုတာ မရှိသေးပါဘူး။

Photo: AFP
RFA Burmese
https://www.facebook.com/rfaburmese

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide