
တရားလွှတ်တော်ရှေ့နေဦးဇော်ဝင်းက တရားရုံးပြောင်းလဲစစ်ဆေးဖို့ လျောက်ထားမှုကြောင့် မိတ္ထီလာမြို့နယ်တရားရုံးမှာ တတိယအကြိမ်ရုံးထုတ် စစ်ဆေးတာဖြစ်တယ်လို့ သိရပါတယ်။ မိတ္ထီလာကို သက်သေတွေ ခေါ်မယ်ဆိုရင် သက်သေတွေ တစ်ညအိပ်ရမှာဖြစ်တာကြောင့် ခရိုင်အတွင်းက မြို့တစ်မြို့ကို ထပ်မံပြီး ရုံးပြောင်းလျောက်မယ်လို့ ဦးဇော်ဝင်းရဲ့ပြောကြားချက်အရ သိရပါတယ်။
အဲဒီအမှုဟာ မတ္တရာမြို့နယ် တရားရုံးက အာမခံရုပ်သိမ်းတာကြောင့် တရားခွင်အတွင်း တရားသူကြီး ဒေါ်ဝင်းဝင်းထိန်ကို ဖိနပ်နဲ့ပြစ်ပေါက်တဲ့အထိ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဆေးစာအတုပြုလုပ်တယ်ဆိုပြီး ပုဒ်မ(၃)ခုနဲ့ တရားလွှတ်တော်ရှေ့နေဦးဇော်ဝင်းကို စွဲဆိုထားတဲ့အမှုတွေအတွက် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ(၄၂၀)နဲ့ မတ္တရာတရားရုံးက ပြီးခဲ့တဲ့ (၂၀၁၇)ဇွန်လ(၉)ရက်မှာ အလုပ်နဲ့ထောင်ဒဏ်(၁)နှစ်နဲ့(၆)လ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။
ဒါ့ပြင်ဖိနပ်နဲ့ပစ်ပေါက်လို့ ပုဒ်မ(၃)ခုနဲ့ စွဲဆိုထားတဲ့အမှုကို ရုံးပြောင်းလျောက်ရာမှာ အခုလို ပြောင်းရွေ့စစ်ဆေးတာဖြစ်ပါတယ်။ အခု တတိယအကြိမ် ရုံးထုတ်စစ်ဆေးရာမှာ ဦးဇော်ဝင်းဘက်က သက်သေတွေ လာရောက်တာ မရှိတာကြောင့် ဇန်နဝါရီ(၁၉)ရက်ကို ထပ်မံချိန်းဆိုထားတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဘိုဘို(မလှိုင်)ကပေးပို့တာပါ။
Central News Bureau
 
 


 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate

Post a Comment