Blogger Widgets ဆန္ဒပြကျောင်းသားတွေနဲ့ အစိုးရတာဝန်ရှိသူတွေ တွေ့ ဆုံနိုင်ရေး ဆောင်ရွက်နေတယ်လို့ ပါချုပ်ပြော - ALinnYaung .quickedit{display:none;}
_linkedin_data_partner_id = "173123";

ဆန္ဒပြကျောင်းသားတွေနဲ့ အစိုးရတာဝန်ရှိသူတွေ တွေ့ ဆုံနိုင်ရေး ဆောင်ရွက်နေတယ်လို့ ပါချုပ်ပြော

ဆန္ဒပြကျောင်းသားတွေနဲ့ အစိုးရတာဝန်ရှိသူတွေ တွေ့ ဆုံနိုင်ရေး ဆောင်ရွက်နေတယ်လို့ ပါချုပ်ပြော


ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့ ဗကသကျောင်းသားတွေ ရတနာပုံတက္ကသိုလ်ကျောင်းဝင်းမှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ က ဆန္ဒပြစဉ်
ရတနာပုံတက္ကသိုလ်အတွင်းမှာ ပညာရေးဘတ်ဂျက် တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ ဗကသ ကျောင်း သား ကျောင်းသူတွေနဲ့ အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံနိုင်အောင် ဆောင်ရွက်ပေးနေတယ်လို့ ပါမောက္ခ ချုပ် ဒေါက်တာမောင်မောင်နိုင် က ဒီနေ့ ပြောပါတယ်။

တာဝန်ရှိသူတွေက တစ်ရက် နှစ်ရက်နဲ့ မလာနိုင်သေးဘူးလို့ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက် တာမောင်မောင်နိုင် က ပြောပါတယ်။

ဒါ့အပြင် ကျောင်းဝင်းအတွင်းမှာ ဆန္ဒထုတ်ဖော်မှုတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် သတိပေး တာတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခုလ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့တွေမှာ  မန္တလေးမြို့ ၊ ရတနာပုံတက္ကသိုလ်၊ ပြည်ထောင်စုခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ ပညာရေးနှီးနှောဖလှယ်ပွဲပြီး နောက်ရက်က စတင်ကာ ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့အတွက် ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။

ကျောင်းသားသမဂ္ဂအဖွဲ့ပေါင်း ၂၁ ဖွဲ့က ကျောင်းသား ၁၀၀ ခန့် ဆန္ဒပြနေတာဟာ အနှောင့်အယှက်ဖြစ်တယ်ဆိုပြီး ရတနာပုံတက္ကသိုလ် ကျောင်းသားတချို့က ပါမောက္ခချုပ်ထံ တိုင်ကြားထားတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

Share this:

Post a Comment

 
Copyright © ALinnYaung. Designed by YPL | Distributed By Myanmar Blogger Guide